ရင်ထဲက ``နွယ်´´နီနတ်ပန်းလေး
*** ပန်းတစ်ပွင့်အား ရင်ဘတ်ထဲမှ
အမှတ်မထင်စိုက်ပျိုးရာဝယ် အရောင်အဆင်းလှလွန်းခဲ့ကာ
*** ရင်တွင်ထာဝရစိုက်ပျိုးမည်ဟု လောကအလယ်
ငါတစ်ယောက်တည်း ကြုံးဝါးခဲ့သည်
*** ပန်းကလေးရှင်သန် စိတ်ရည်မှန်း၍
တစ်ပတ်တစ်ခါ အမြဲကြည့်ရှု့ စိုက်ပျိုးခဲ့သည်
*** ကံကြမ္မာက မျက်နှာပြောင်တိုက်
မုန်တိုင်းကထန် ရာသီအချိန်းအပြောင်းကြောင့်
ရင်တွင်စိုက်ပျိုး ပန်းတစ်ပွင့်အား
ကာလကြာမြင့် ပစ်ထားရသည်
*** ယခုအချိန်ဝယ်
စိတ်၏စေရာ လိုက်ပါမှုကြောင့်
ဤပန်းလေးအား နမ်းရှု့ချင်ပါသော်လည်း
အခွင့်မသာပြီမို့ တစ်ယောက်တည်း
ကြေကွဲရပြီကွယ်။
*** ဤပန်းလေးအား ကမ္ဘာရှားမှရှားတဲ့
ပန်းလေးအဖြစ်တင်စား လိုက်သည်။
*** သြော်…ရင်ထဲက တန်ဖိုးကြီးစွာနဲ့
ပွင့်တဲ့ပန်း နွယ်နီနတ်ပန်းလေးပါလား
ဤပန်းလေးအားနမ်းရှု့ချင်လည်း အခွင့်မသာပြီမို့ ကြေကွဲရပြီကွယ်။
Zaw Rayin