Friday, November 21, 2014

စိတိဝင်​စားစရာပဲ

ထူးချွန်လူငယ် တစ်သောင်းကျော်ကို Huawei က မွေးထုတ်ပေးနိုင်မည် ဟုဆို

By : internet_journal , Posted: Friday, 21 November 2014

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် Huawei Technology (yangon) တို့ ပူးပေါင်း၍ ထူးချွန် လူငယ်များကို မွေးထုတ်ပေးသွားမည်ဖြစ်ပြီး ထူးချွန်လူငယ်ပေါင်း တစ်သောင်းကျော်ကို လာမည့် ၃ နှစ်
တာကာလအတွင်း မွေးထုတ်ပေးနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

e Government လုပ်ငန်းစဉ် အကောက်အကူ ဖြစ်စေရေးကို ရည်ရွယ်၍ အိုင်စီတီထူးချွန် လူငယ်များကို မွေးထုတ်ပေးခြင်းဖြစ်သည်ဟု Huawei ကုမ္ပဏီ အရှေ့တောင်အာရှဒေသမှဥက္ကဋ္ဌဖြစ်သူ Mr. Yang Shu ကပြောသည်။ အစီအစဉ်အရ ကဏ္ဍသုံးခု ရေးဆွဲထားပြီး အခြေခံပညာရေး နယ်ပယ်အဆင့်၊ လူမှုရေးနယ်ပယ် ကျွမ်းကျင်အဆင့်နှင့် နိုင်ငံတော် အိုင်စီတီ အရင်းအမြစ်အဆင့်ဟူ၍ သုံးမျိုး ပါဝင်ကြောင်းသိရသည်။

Huawei ကုမ္ပဏီသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များနှင့် ပူးပေါင်း၍ သင်တန်းများ ဖွင့်လှစ်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။ အိုင်စီတီဆက်သွယ်ရေး သင်တန်း၊ အိုင်စီတီ စမ်းသပ်ခန်း၊ Training Center နှင့် အိုင်စီတီ ထူးချွန် လူငယ်ပညာသင်ဆု အစီအစဉ်များကို ပြုလုပ်ဆောင်ရွက်သွားမည်ဟု Huawei ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

Huawei ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ဒေသခံကုမ္ပဏီအနေဖြင့် ဝင်ရောက်လာခဲ့ ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ဆက်သွယ်ရေး အော်ပရေတာများနှင့် ပူးပေါင်းကာ ကွန်ရက် တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်