လိုအပ်သည်များနှင့် မသိတာများအား ဆက်လက်သင်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ..............
Thursday, December 28, 2017
Zaw Rayin;Computer သုံးစွဲသူတိုင်း မိမိတို့Computer မှာပါရှိတဲ့ CPU,RAM,Graphic RAM,HDD,CD DVD များ Windows 32bit 64bit များကို မိမိကိုယ်တိုင်ကြည့် တက်နိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ Computer အသစ်ဝယ်တဲ့အချိန်မှာလည်း ဆိုင်ကအရောင်းဝန်ထမ်းကို မေးစရာမလိုပဲ အခုကျွန်တော်ပြောပြတဲ့နည်းအတိုင်း အလွယ်တကူ ကြည့်ရူ့စစ်ဆေးနိုင်မှာပါပဲဖြစ်ပါတယ်။Computer အသုံးပြုသူတိုင်း သိထားသင့်ပါတယ်ခင်ဗျာ။ အောက်မှာ ပုံတွေနဲ့လည်းရှင်းပြထားပါတယ်။ ပထမဦးဆုံး OS Windows အကိုအရင်ကြည့်မယ်ဗျာ။ MyComputer(Win 7),ThisPC(Win 8,10) icon လေးပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပြီး ကြည့်ပါ။ ဒါမှမဟုတ် Win Key နဲ့ Pause Break key ကိုနှိပ်ပြီးကြည့်ပါ။ အဲ့ထဲမှာ အသုံးပြုထားတဲ့ Windows , CPU , RAM , Windows 32bit 64bit တို့ကိုကြည့်ပါ။ Processor နေရာမှာ Intel Core i7-7500U ဆိုရင် i7 7th Generation ပဲဖြစ်ပါတယ်။ i7 အနောက်မှာရှိတဲ့နံပါတ်က Generation ကို ကိုယ်စားပြုတာပါ 6 နဲ့စရင် 6Generation,5 နဲ့စရင် 5Gen,4နဲ့စရင်4Gen အစရှိသဖြင့်ခွဲခြားလို့ရပါတယ်။နောက်တစ်ခုက Graphic အမျိုးအစားကိုကြည့်ပါမယ်။ Desktop ရဲ့လွတ်တဲ့နေရာတစ်ခုကို Right Click နှိပ်လိုက်ရင် Intel Graphic ပါတဲ့စက်က Intel လို့ပေါ်ပါမယ်၊ Nvidia ဒါမှမဟုတ် AMD ဆိုပြီးပါပါတယ်။ ပါဝင်တဲ့ Graphic ကိုနှိပ်ပြီးဝင်ကြည့်ပါ။ Nvidia Control Panel ထဲရောက်ရင် ဘယ်ဘက်အောက်ဒေါင့်နာမှာ System Information ကိုနှိပ်လိုက်ပါ။ထပ်ပေါ်လာတဲ့ box ထဲက Dedicated Video Memory ကိုကြည့်ပါ 2048MB DDR 3 ဆိုရင် Graphic RAM က 2GB DDR 3 အမျိုးအစားဖြစ်ပါတယ်။ (2048MB=2GB) MB နဲ့ပဲပြပါတယ်။ နောက်တစ်ခုက AMD Graphic ကိုကြည့်ပါမယ် Desktopပေါ်မှာ Right Click AMD Radeon Setting ကိုနှိပ်ပါ။ပေါ်လာတဲ့ AMD Control Panel ထဲကညာဘက်အပေါ်နားက System ကိုနှိပ်ပါ၊ Hardware ကိုထပ်နှိပ်ပါ ပေါ်လာတဲ့အထဲက Memory Size ကိုကြည့်ပါ (4096 MB) လို့တွေ့ရင် 4GBပါ 1024MB=1GB, 2048MB=2GB ပါ အမျိုးမျိုးပါရှိနိုင်ပါတယ်။ နောက်တစ်နည်းနဲ့လည်းကြည့်လို့ရပါသေးတယ်။ Win Key + r ကိုနှိပ်ပါ msinfo32 လို့ရိုက်ပါ။ ဘယ်ဘက်က Component ကိုနှိပ်ပါ Display ကိုထပ်နှိပ်ပါ ညာဘက်မှာ ပါဝင်တဲ့ Graphic အမျိုးအစားများပေါ်လာပါ့မယ်။ ဥပမာ Intel နဲ့ Nvidia နှစ်ခုပါရင် Onboard Graphic Intel နဲ့ နောက်ထပ် Nvidia Graphic ဆိုပြီး Graphic နှစ်ခုပါပါတယ်။ Intel တစ်ခုထဲလည်းပါနိုင်သလို Nvidia ,AMDတစ်ခုတည်းလည်းပါနိုင်ပါတယ်။ Win Key + r ကိုနှိပ်ပြီးdxdiagလို့ရိုက်ပြီးလည်းကြည့်လို့ရပါတယ်။နောက်တစ်ခုအနေဲ့ Win key+r ကိုနှိပ်ပါ diskmgmt.msc လို့ရိုက်ပါ။ ဘယ်ဘက်အောက်နားမှာ Disk 0 (465 GB) လို့ပါရင် 500GBပါ။ 500GB က Computer ရဲ့ Storage ပါ Data သိမ်းတဲ့အပိုင်းပါ။နောက်ဆုံးတစ်ခုအနေဲ့ Win key+r ကိုနှိပ်ပါ devmgmt.msc လို့ရိုက်ပါ Computerပါတဲ့ Device တွေကိုကြည့်လို့ရပါတယ် wifi,Bluetooth,Lan တို့ကိုလည်း Network Adapters ဆိုတဲ့နာမည်အောက်မှာကြည့်လို့ရပါတယ်။အောက်မှာပုံတွေနဲ့တကွရှင်းပြထားပါတယ်။အဆင်မပြေတာရှိရင်မေးမြန်းလို့ရပါတယ်ခင်ဗျာ။
Zaw Rayin;Window 7 မှာ Start ကို နှိပ် Control Panel ပျောက်နေပါက
******************************************
– အရင်ဆုံး Taskbar အပေါ် Right Click နှိပ်ပါ။
– Properties ကို နှိပ်ပါ။
– Taskbar and Start Menu Properties စာမျက်နှာလေး ကျပါမယ် အဲဒီမှာ Start Menu ကို နှိပ်ပါ။
– Start Menu ထဲက Customize ကို နှိပ်ပါ
– Control Panel ကို ရှာပါ။ Control Panel တွေပါက Control Panel အောက်က Display as a link ကို အစက်ချပေးပါ။
– အဆင်ပြေပါစေ။ အောက်မှာ ပုံနဲ့ ပြထားပါတယ်။
****************************************
အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။
****************************************
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
Subscribe to:
Posts (Atom)