Friday, October 10, 2014

ရှေ့သို့လှမ်းချီ မြန်​မာပြည်

ရှေ့သို့ လှမ်းချီ မြန်မာပြည်……မြန်မာ့ MPT………….
နိုင်ငံတော်သမ္မတကြီးရဲ့ စေတနဲ့ ပြည်သူတွေအတွက် တန်ဖိုးနည်းတယ်လီဖုန်းတွေကို တစ်လုံးလျှင် ကျပ် ၁၅၀၀ိ/ကျပ်နဲ့ ရောင်းချပေးလိုက်ပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ လက်ထဲကို ကျပ် ၁၅၀၀ိ/ကျပ်နဲ့ အမှန်တကယ်ရောက်တာလည်း ရှိသလို ကျပ် ၁၅၀၀၀ိ/ပေးပြီးမှ ကိုင်သုံးရတာလည်း ရှိပါတယ်။ ပထမကတော့ ၂၀၀၀၀၀ိ/ကျပ်တန် MPT တွေကို ၁၅၀၀ိ/ကျပ်ထိ အများပြည်သူများအား ကိုင်ဆောင်ပြီး ဆက်သွယ်ရလွယ်ကူအောင်အတွက် ဈေးနှုန်းများကို အဆမတန်လျော့ချပြီး ဖုန်းဆိုင်တွေမှာ ရောင်းချပေးခဲ့ပါတယ်၊ အူရီဒူး၊ တယ်လီနော၊ ခု MPT ကို ကျပ် ၁၅၀၀ိ/ကျပ်နဲ့ ရောင်းချပေးနေပါပြီး
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ အူရီဒူးနဲ့ MPT Sim Card တွေကို ကျပ် ၁၅၀၀ိ/ကျပ်နဲ့ ရောင်းချရန်အတွက် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂိုလ်လိကဖုန်းဆိုင်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ခွဲတန်းစနစ်နဲ့ ချပေးခဲ့ပါတယ်။ အစကတော့ တစ်လုံးကို၁၅၀၀ိ/ကျပ်ပါပဲ၊ အူရီဒူးကတော့ လူတိုင်းမသုံးပါဘူး၊ ကုလားက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးဆိုပြီး အသုံးနည်းပါတယ်။ တယ်လီနောကတော့ ဆက်သွယ်ရေးဧရိယာတိုင်း မရှိတာကြောင့် မုံရွာမြို့မှာ အသုံးမပြုကြသေးပါဘူး၊ MPTကတော့ လူတိုင်းနီးပါး အသုံးပြုချင်ကြပါတယ်။ 
ခုလည်း ရှေ့သို့လှမ်းချီ မြန်မာပြည်ဆိုပြီး ကျပ် ၁၅၀၀ိ/နဲ့ MPT Sim Card တွေကို တန်းဖိုနည်းစွာဖြင့် ပြန်လည်ရောင်းချပေးနေပါတယ်။ ဒါကို မုံရွာမြို့ရဲ့ ဒုတိယ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းလို့ ပြောလို့ရတဲ့ ဟောင်ကောင် ဖုန်းအရောင်းဆိုင်က ၁၅၀၀ိ/ကျပ်တန် ရှေ့သို့လှမ်းချီ မြန်မာပြည် MPT Sim Card တစ်ခုရိုးရိုးကို ၂၃၀၀၀ိ/ကျပ်ဖြင့်လည်းကောင်း၊ နံပါတ်လှ နံပါတ် ရှေ့နောက်ပူးတွေကို ၂၅၀၀၀ိ/ကျပ်ဖြင့်လည်းကောင်း အသီးသီးရောင်းချပေးနေပါတယ်လို့ ဆိုင်ဝန်ထမ်းအသိုင်းအ၀ိုင်း တစ်ခုကနေ အတည်ပြုပြောဆိုထားပါတယ်။
အဲဒီလိုပဲ Sim Card တွေကို ရောင်းချနေမယ်ဆိုရင် လူတန်းစေ့ ကိုင်နိုင်အုံးမလားဗျာ။။။။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းသန်းကတော့ ခု တန်ဖိုးနည်း Sim Card တွေကို ငွေဖြည့်ကဒ်များနှင့် တွဲရောင်းခြင်း၊ တန်ဖိုးမြှင့်ရောင်းခြင်း၊ ဟန်းဆက်များနှင့် တွဲပြီးရောင်းခြင်းမျိုးကို ထပ်မဖြစ်စေရန်အတွက် ကုမဏီတွေကို သတိပေး ပြောဆိုထားပြီးဖြစ်ကြောင်း၊ ဆက်လက်ရောင်းချပါက ကုမဏီနဲ့ ဆိုင်ကို ထာဝရပိတ်သိမ်းသွားမယ်လို့  ပထမအကြိမ် ပြည့်သူ့လွှတ်တော် ၁၀ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့မြောက်တွင် ပြောကြားခဲ့ပါသည်။
ဒါဆိုရင် မုံရွာမြို့ရဲ့ ဒုတိယ ဆက်သွယ်ရေးလုပ်ငန်း(သို့) ဟောင်ကောင် ဖုန်းအရောင်းဆိုင်က ဘာကြောင့် အဲဒိလို လုပ်ရတာလဲ………….