Sunday, October 5, 2025

ကိလေသာရဲ့ နိယာမ

ကဗျာတွေလည်း မရေးချင်တော့သလို
ဒဿနတွေလည်း မရေးချင်တော့ဘူး.........
ဘာဖြစ်လို့ဆိုတော့
အချိန်ရဲ့ စေပါးမှုကိုလိုက်ပြီး 
မင်းလေးကို ငါရဲ့ဘယ်ဖက်လက်မောင်းပေါ်မှာ 
အိပ်စက်ခွင့်ပြုချင်တယ်
မင်းအိပ်နေတာလေးကိုကြည့်ရင်
ဆံစလေးကိုဖယ်ပြီး နဖူးလေးကို 
နမ်းရှိုက်ရင်းပေါ့...........
                                  Zaw Gyi

Wednesday, September 24, 2025

ထွေရာလေးပါး တွေးမိခြင်း

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ 

ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက
စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး
မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။

ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?
ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့်
စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။

စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..
ဆရာတို့ ဘယ်လိုဖြေကြမလဲ..?

အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ
ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)
ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်
အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။

စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။
ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက 
ဆက်လက် ကျင့်သုံးခဲ့ပြီး
သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ
အသုံးချခဲ့ကြပါတယ်။

(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။
ရှေးအခါက နေ့ နှင့် ည အချိန်များကို
နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး
တွက်ခဲ့ကြတာဖြစ်ပါတယ်။

နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။
နနောရီိရဲ့ အရိပ်ကိုကြည့်ပြီး
နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ
မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။
ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး
၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။

စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။

စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်
၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို Prime Minute ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။

အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။
Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ Second minute လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။
အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)

ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..
၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင်
ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။

 နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ
တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်။

#TLA 
#CreditOriginalUploader

Friday, September 12, 2025

ဖောက်ပြန်ရတာ အရမ်းကောင်းတယ်

ဖောက်ပြန်ရတာအရမ်းကောင်းတယ် တယောက်ရှိနေရဲ့နဲ့နောက်တယောက်နဲ့ မသိအောင်ငြိရတာ ၂ယောက်လုံးဆီကအချစ်ခံနေရတဲ့ ခံစားချက် ၂ယောက်လုံးက ကိုယ့်ကိုလက်မလွှတ်နိုင်တဲ့ခံစားချက် ၊ လိ၊င်ဆက်ဆံရင်တောင် မတူညီတဲ့အပြုစုသာယာမှုနဲ့ တိုးတိုးတိတ်တိတ်အပြေးလွှားလေး date ရတာ ဆယ်ကျော်သက် အိမ်ကမသိအောင်ရည်းစားထားရသလိုခံစားမှုမျိုး တယောက်ဆီကမရနိုင်တာတွေ တယောက်ဆီကရနေမယ် အဲ့တော့ မကောင်းပဲနေမလား ကောင်းတာပေါ့အရမ်း ဒါမို့လည်း ယောကျ်ား မိန်းမ မရွေး ဖောက်၊ပြန် နေကြတာ

ဒါပေမဲ့ဘာလို့လူတိုင်းမလုပ်ကြတာလဲ ? အဖြေကအမြဲရှင်းတယ် လူတွေကမတူကြလို့လေ ၊ငယ်စဉ်ကလေးဘဝမှာ ကလေးဦးနှောက်ဆိုတာ ရေမြှုပ်လိုပဲ မြင်သမျှ သိသမျှ ကြားသမျှ စုပ်ယူနေတာ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင် အနေထား၊ဆုံးမသွန်သင်ခံခဲ့ရပုံ၊ဖြတ်သန်းခဲ့ရတဲ့မိသားစုပုံစံ၊တွေးခေါ်သင်ယူ အတုယူလက်ခံနိုင်တဲ့ဉာဏ်ရည်၊တွေက ငယ်စဉ်သူစုပ်ယူထားတဲ့အတိုင်း အရိုးစွဲသွားမှာပဲ

ဥပမာပြောရရင် နေ့စဉ် အဆဲ၊မပါရင်မပြီး ထမင်းစားရေသောက် ဆဲ၊ဆိုနေတဲ့မိသားစုမှာကြီးပြင်လာတဲ့လူတယောက်က တကယ် ယဉ်ကျေးပျူငှါသိမ်မွေ့တဲ့သူတွေရဲ့နေမှုထိုင်မှုကသူတို့နဲ့ဘယ်လိုမှ fix ဖြစ်မှာမဟုတ်ဘူး ပြုပြင်ပြောင်းလဲနေထိုင်လဲ အတင်းဖျစ်ညှစ်အားထုတ်ထားရသလိုဖြစ်ပြီးသက်တောင့်သက်သာဖြစ်နေမှာမဟုတ်ဘူး ဘာလို့ဆိုသူတို့ရဲ့ပင်ကိုယ်ကအဲ့လိုမဟုတ်နေတဲ့အတွက် အချိန်တန်ရင်ရုပ်လုံးကြွလာ ဘွားကနဲပေါ်လာတတ်တာပဲ

ဒါကြောင့်လေ လူတယောက်ကို သူအရင်က အဲ့လိုမဟုတ်ပါဘူး သူဘာလို့နောက်တယောက်လိုဖြစ်သွားရတာလဲဆိုပြီး မအံ့ဩနဲ့ အဲ့တာကမှသူတို့ရဲ့တိမ်မြုပ်နေတဲ့ပုံစံအစစ်ပဲ အဲ့တာကို ကိုယ်ကမသိခဲ့ရယုံတင်

လူတယောက်ကဗီဇအရစိတ်လှုပ်ရှားရတာကိုခုံမင်ပြီး ၂/၃ယောက်လောက်နဲ့ဘဝကိုရှုပ်ထွေးနေချင်သူတွေကတယောက်ထဲနဲ့ ဘဝကိုဘယ်လိုတည်ဆောက် ဖြတ်သန်းမယ်ဆိုတဲ့ အတွေး သူတို့မှာပင်ကိုယ် ကို ကမရှိတာ ယောကျာ်းကောင်းဆိုတာ ဘယ်လိုဆိုတဲ့ ဝိသေသ တွေထဲမှာ ယောကျာ်းကောင်း အိမ်ထောင်ဦးစီးကောင်းပါ ဆိုတဲ့ လူလေးစား ခံချင်တဲ့ စိတ်ကြောင့် စိတ်ဓာတ်အမှန်ကိုဖုံးဖိထားရတာ ၊

ဒါကိုအစထဲကသူဘယ်လိုလူဆိုတာရိပ်မိပါရဲ့ရှေ့ဆက်ဖို့ဆုံးဖြတ်ရင်အကျိုးဆက်ကိုပါတခါထဲထည့်စဉ်းစားထားရမှာ ကိုယ် handle လုပ်နိုင်လားပေါ့

သူဒီလိုရှိပါလား မသိခဲ့လို့နောက်ကျမှသိရတယ်ဆိုရင် ဒါဟာဘယ်လိုမှ fix လုပ်လို့မရဘူးဆိုတာကိုလက်ခံပြီး လွှတ်ချ ကိုယ့်ဘဝကိုဆက်လျှောက်ရမယ်၊တခါတလေမှာ အမှန်ကို အမှန်တိုင်းလက်ခံလိုက်တာဟာ ထိခိုက်မှုအနည်းဆုံးပဲ

ကျား ဟာ ကျား၊ ခြင်္သေ့ ဟာ ခြင်္သေ့ပဲ ဘယ်လိုပဲ ယဉ်ပါးအောင်ထား မေတ္တာလွှမ်းခြုံပေးပါစေ၊သူ့ဗီဇကိုက အရိုင်းဆန်တဲ့ သတ္တဝါပဲ၊အရိုင်းစိတ်ဝင်လာရင်အချိန်မရွေးကိုယ့်ကို ဝါး၊မြို၊မှာပဲ

အဲ့တော့ မေတ္တာနဲ့ပြုပြင်မယ်တို့ အချစ်တွေကအရောင်ပြန်မှာပါတို့ ကလေးရရင်ပြောင်းလဲမှာပါတို့ ငါဒီလောက်ကောင်းနေပါရဲ့၊တို့ နဲ့ မျှော်လင့်ချက်တွေမထားနဲ့ အချစ်တွေ မေတ္တာတွေ သစ္စာတွေက ကိုယ်ကမစစ်မှန်လို့မဟုတ်ပဲ အဲ့ဒီဟာတွေကိုနားမလည်တဲ့အရိုင်း၊ကောင်တွေကိုကိုယ်ကသွားပေးမိနေတာ

လူတိုင်းကပုထုစဉ်မို့ စိတ်တိမ်းညွှတ်တာ ရိုးအီတာ ဒါတွေကကြုံရမှာပဲ ဒါကိုမိမိအသိစိတ်နဲ့ထိန်းညှိရမှာ တိရိစ္ဆာန်တွေဆိုရင်တော့ ကြုံသလိုနေ ကြုံသလိုလုပ်မှာပဲလေ ၊ ငယ်စဉ်ကောင်းကောင်းပျိုးထောင်ခံရပြီး နာမည်နဲ့ ဂုဏ်သိက္ခာဟာအရေးအကြီးဆုံးဆိုတဲ့ခံယူချက်ရှိတဲ့သူတွေအတွက်က ဖောက် ပြန် မှာ ပူစရာမလိုပါဘူး၊သူများအပိုင်ဆိုလည်း အနေထိုင်ကအစဆင်ခြင်တာမျိုးပါ

ဒါမို့ ဖောက်လွဲဖောက်ပြန်က လူတိုင်းလုပ်လို့ရတဲ့အရာဆိုပေမဲ့ လူတိုင်းမလုပ်ကြပါဘူး နောက်ကြောင်းကော ရှေ့ကြောင်းရောရှင်း ဆိုဆုံးမမှု မှန်မှန်ကန်ကန်နဲ့ကြီးပြင်းခဲ့ရပြီး နာမည်တလုံး ဂုဏ်သိက္ခာတစ်ခုတန်ဖိုးထားသူများကတော့ ဒီပို့စ်ကိုရဲရဲဝင့်ဝင့် share ရဲပါတယ် ၊ သိက္ခာဆိုတာ ဘာကိုပြောတာလဲ ပေါင်ကြားထဲကလားဆိုတဲ့ အ၊တန်း၊စားတွေကတော့ ပို့စ်လေးတခုတောင် share ရဲတဲ့သတ္တိမရှိလောက်ဘူး ကိုယ်ဘယ်လိုအစား ဆိုတာ ကိုယ်တိုင်သိနေတော့လေ ။

Review By Noe
Dont copy

စာတို

ကိုယ်စိုက်ပျိုးတဲ့ ပန်းလေးတစ်ပွင့်ကို ကိုယ်တစ်ယောက်ထဲပဲ နမ်းရှိုက်ချင်တယ်၊ မည်သို့သော တစ်ခြားတစ်ယောက်ရဲ့ လက်ထဲကို ခူးဆွတ်ပြီးလည်း မပေးနိုင်သလို နမ်းရှိုက်ခွင့်လည်း မပေးနိုင်ဘူး၊ နောက်ဆုံးပြောရရင် ဘုရားပန်းအိုတောင် ပေးမထိုးချင်ဘူး(ကာမအတ္တလို့ပဲ ပြောပြော၊ တဏှာအတ္တလို့ပဲ ပြောပြော)...... သူမကြောင့် မျက်ရည်ကျစေတာလည်း ကိုယ်ပဲဖြစ်ချင်သလို ကိုယ့်ကြောင့် ပြုံးရွှင်တာလည်း သူမပဲ ဖြစ်စေချင်တယ်...... အတိတ်ဆိုတဲ့အရာကို ထားသင့်သလောက် မေ့ထားပြီး ယူသင့်တာကိုတော့ လက်ကမ်းယူဆဲပဲ၊ ပစ္စုပ္ပန်မှာရော အနာဂါတ်မှာပါ မင်းနဲ့အတူတူ ဖြတ်သန်းချင်တယ်.......... အချစ်ဆိုတာကို နားလည်ပြီး ပေါက်ဖွားခွင့်ပေးလိုက်တဲ့ အချိန်ကစ ခုအချိန်ထိ ချစ်နေဆဲပဲ........... တစ်ရက်တစ်လလောက် စကားပြောခွင့် မရခဲ့ရင်၊ တစ်က္ကန့် တစ်မိနစ်လောက် တွေ့ခွင့်မရှိခဲ့ရင် လင်းဠ အစာမစားရလို့ မှိုင်တွေနေသလို ဖြစ်နေတာ........ ဆိုးတူကောင်းဖက်ကို အတူတူဖြတ်သန်းဖို့အတွက် နီးစပ်ခွင့်လေးတော့ ရချင်ပြီကွာ........ ဟို....တစ်ယောက် နိဗ္ဗာန်ဆိုတာက နတ်ပြည်ရောက်မှ တွေ့ရတာ မဟုတ်ဘူး..... မင်း မျက်နှာကို ထိုင်ကြည့်နေရတာကလည်း လောကနိဗ္ဗာန်ပဲလေ.......

ကြေကွဲခြင်း

လာကွာ ညီလေး........
လောကမှာ အချိန်တွေကလည်း မမြဲဘူး
ခန္ဓာကလည်း မမြဲဘူး
ပတ်ဝန်းကျင်လည်း မမြဲဘူး
အချစ်တွေကလည်း မမြဲဘူး
အရာအားလုံးက မမြဲသော
နိယာမတွေကြီးပဲ......
ဘာတစ်ခုမှ မမြဲမယ့်အတူတူ 
အအေးဒဏ်ကို ခံတုပြီ
သစ္စာရှိတဲ့ ယမကာကိုပဲ
မှီဝဲရအောင်ကွာ.........
နက္ခမကြည့်နဲ့
ကြယ်တာရာမကြည့်နဲ့၊ ဗေဒင်မကြည့်နဲ့
သူမ ပြောသလို့ အချိန်ကိုပဲကြည့်
အချိန်က ကုစားသွားလိမ့်မယ်..........😭😭😭😭😭
လာကွာ ညီလေး....
အချိန်က မကုစားခင်
အရင်ဆုံး အအေးဒဏ်ကို
ခံတုလို့ ယမကာလေးနဲ့
ဆရက်မင်းစည်းစိမ်ယူပြီး
မှီဝဲကြသေးတာပေါ့ကွာ...........
ပတ်ဝန်းကျင်ကို ထိခိုက်မှာတော့ မပူနဲ့
အရာရာအားလုံးက မမြဲတော့
ငါတို့ရီမောသံတွေကလည်း
လေထဲမှာ ပျောက်ကွယ်သွားမှာ...........
                                       D Lu Gyi

ပုရိသနဲ့အချစ်

#လူတစ်ယောက်ကိုမေ့ဖို့ ဘယ်လောက်ကြာတတ် လဲလို့ မေးမယ်ဆိုရင်တော့ ကိုယ်ဘယ်လောက် ထိ ချစ်ခဲ့မိတယ်ဆိုတဲ့ အရာနဲ့ ဆိုင်တယ် ။ ပြီး တော့ သူ့အတွက် ဘယ်လောက်ထိပေးဆပ်ခဲ့သလဲနဲ့လည်း ဆိုင်တယ် အနာတရတွေနဲ့လဲဆိုင်တယ် ပြီးတော့ ဘယ်လောက်မျှော်လင့်ခဲ့မိသလဲဆိုတဲ့ ကိုယ့်စိတ်နဲ့ လဲ ဆိုင်တယ် ။

အချိန်တန်ရင်တော့ နေသားကျသွားမှာပါဆို တဲ့ စကားတွေ အများကြီးကြားဖူးပေမယ့် တကယ့် လက်တွေ့မှာကျတော့ အဲ့လောက် မလွယ်ဘူး လေ 
သူ့ကို မချစ်တော့ဘူးလို့ ပြောလိုက်ဖို့ လွယ်ပေမ ယ့် သူ့ကို မေ့သွားပြီဆိုပြီး ဝန်ခံလိုက်ဖို့ကျ သိပ်ကို ခက်ခဲတယ် ။ တကယ်လဲ မေ့မှ မမေ့နိုင်ခဲ့ပဲလေ ။ လူတော်တော်များများကို မေးခွန်းတစ်ခု မေးကြည့်သူနဲ့ ဝေးသွားတာ ဘယ်လောက်ကြာပြီလဲလို့...

ရက်တွေ လတွေ နှစ်တွေကအစ အတိအကျကို မှတ်မိနေတတ်ကြတယ် ။ တကူးတကမှတ်ထား တာမျိုး မဟုတ်ဘူးနော် တကယ်ချစ်ခဲ့တဲ့သူက
သူ့အလိုလို မှတ်မိနေကျတာ 

နှစ်တွေကြာသွားရုံနဲ့ သက်သာသွားတာမဟုတ် ပဲ တချို့ဒဏ်ရာတွေ ဝိုင်လိုပဲ နှစ်ချို့သွားမှ ပြင်းပြင်းရှရှနဲ့ကို ယစ်မူးစေတာမျိုးပါ ။ အခု လောလောဆယ်တော့ သူ့ကိုမေ့ဖို့ နည်းလမ်းပေါင်း စုံသုံးနေပါတယ် တစ်နေ့ကျရင်တော့ မေ့မှာပေါ့ ။

" စာလေးကိုအဆုံးထိဖတ်လို့ ကျေးဇူအထူးတင်ပါတယ် အားလုံးပဲ ချစ်တဲ့သူနဲ့စုံဆည်းနိုင်ကျပါစေ........