Tuesday, November 19, 2019


သူလျှိုတို့ ၏ ခြိမ်းခြောက်ခံနေရသော စိုးရိမ်ဖွယ်ရာ မြန်မာ့အနာဂတ် ======================= သံရုံးတိုင်းသည် သံရေးတမန်ရေး ဖြင့် နိုင်ငံ၏ပထမဦးဆုံးသော ရှေ့တန်း ခံတပ်ဟု တင်စားကြပါသော်လည်း နောက်ကွယ်တွင်ထောက်လှမ်းရေးကိစ္စ ရပ်များကို အဓိကထားဆောင်ရွက်နေ ကြခြင်းအပေါ် လူတိုင်းနီးပါးမျှသိပြီး ဖြစ်၏။ ငွေကြေးသုံးစွဲနိုင်သော သံရုံး များတွင်ဝန်ထမ်းပို၍ များပြားစွာခန့် ထားကြလေ့ရှိကြပြီး ထောက်လှမ်းရေး အလုပ်ကိုပို၍ လုပ်ကိုင်နိုင်ကြသည်။ ဟိုး သက်ဦးဆံပိုင်ခေတ်ကတည်းက မစ်ရှင်များ၊ကုန်သည်များတွင် ထောက် လှမ်းရေးတို့ရောထွေးပါလာတတ်ပြီး မင်းနေပြည်တော်အတွင်းပေါက်ရောက် အောင်ပင် ဝင်ရောက်နိုင်ခဲ့ကြသည်။ ခေတ်သစ်တွင်မှာမှြူွုဥ များ၊ ပညာ ရှင်များဟူ၍အမည် အမျိုးမျိုးဖြင့် ဝင် ရောက်လာခဲ့ကြပြီး ဒေသတွင်း တိုင်း ရင်းသားများထဲ စိမ့်ဝင်ကာ ကွန်ရက်ဖွဲ့ စည်းခဲ့ကြ၏။ပို၍အစွမ်းထက်၊ လုပ်ပိုင် ခွင့်ကြီးကြသောEHM – Economic Hit Man (စီးပွားပျက်သူလျှို)များမှာ မျက်နှာဖုံးကောင်း၊သရုပ်ဆောင်ကောင်း ကြ၍ ထောက်လှမ်းရေးအချင်းချင်းပင် သိရန် ခက်ခဲကြပါ၏။ နှစ်ရှည်လများမွေးမြူကြသည် လူမှုရေးသိက္ခာ၊ နိုင်ငံရေးသိက္ခာ ဘေးဖယ်ထားပြီးကိုယ်ကျိုးစီးပွားအပေါ် သာအခြေခံကြသော အလိုရမ္မက်ကြီး သည့်ပါဝါနိုင်ငံများမှာ အလားအလာ ကောင်းသူများ၊ ဆန့်ကျင်ဘက်အဖွဲ့ အစည်းများကိုမွေးမြူကြသည်။ အစိုးရ အဖွဲ့တွင်းသို့လည်း အဘက်ဘက်မှ စိမ့် ဝင်ကြပြီးမွေးမြူထောက်လှမ်းကြသည်။ စိမ့်ဝင်လာသော ထောက်လှမ်းရေးများ ကို စောင့်ကြည့်ရန် တန်ပြန်ထောက် လှမ်းရေးအဖွဲ့များရှိကြပါသော်လည်း မည်သို့အရေခြုံကောင်းသည်ပေါ်မူတည် ၍ အားလုံးကိုတော့ မဖော်ထုတ်နိုင် ကြချေ။ ထောက်လှမ်းရေးဟုဆိုလျှင်''အလီ ကိုဟင်''ကို မြန်မာတို့ပြေးမြင်ကြမည် ဟုထင်သည်။ အီဂျစ်နိုင်ငံသား ဂျူး လူမျိုး မိဘနှစ်ပါးမှ ၁၉၂၄ ခုနှစ်တွင် မွေးဖွားခဲ့သော အလီကိုဟင်သည် အစ္စ ရေးလ်အတွက်သမိုင်းတွင်ရလဒ်ကောင်း တစ်ခုကို ဆောင်ကြဉ်းပေးနိုင်သည့် ထိပ်တန်းသူလျှိုတစ်ဦး ဖြစ်ခဲ့သည်။ ၁၉၇၄တွင် အလက်ဇန္ဒြားတက္ကသိုလ်၌ အီလက်ထရွန်နစ်အင်ဂျင်နီယာဘာသာ သင်ယူတတ်မြောက်ခဲ့ပြီး အစ္စရေးလ် နိုင်ငံဟုပေါ်ပေါက်လာသောအချိန်တွင် အစ္စရေးလ်သို့ပြောင်းရွှေ့သွားခဲ့သည်။ ၁၉၅၁တွင် အီဂျစ်၌ ဗိုလ်ချုပ်ကြီး အန်နဝါဆာဒတ် စစ်အာဏာသိမ်းချိန်၌ ဂျူးလူမျိုး အမြောက်အမြားကိုဖမ်းဆီးခဲ့ ရာ အလီကိုဟင်လည်း ပါဝင်ခဲ့သည်။ ထို့နောက် အစ္စရေးလ်တပ်မတော် စစ် ထောက်လှမ်းရေးဌာန မဟာဗျူဟာ လေ့လာသုံးသပ်ရေးတွင် တာဝန်ထမ်း ဆောင်ခဲ့ပြီး နာမည်ကျော်အစ္စရေးလ် ထောက်လှမ်းရေး မော့ဆက်သို့ဝင် ရောက်ခဲ့သည်။ အလီကိုဟင်ကိုအာဂျင်တီးနားဖွား ဆီးရီးယားလူမျိုးစီးပွားရေးသမားတစ်ဦး အဖြစ်အသွင်ပြောင်းပုံဖော်ခဲ့သည်။ ၁၉၆၂ တွင် ဆီးရီးယားသို့ ပြည်တော်ပြန်လာ သောလုပ်ငန်းရှင်သူဌေး ကာမေးလ် အာမင်အဖြစ် ဘဝပြောင်းသရုပ်ဆောင် လိုက်သည်။ဆီးရီးယားလူကုံထံအသိုင်း အဝိုင်းသို့ ထိုးဖောက်သွားခဲ့ပြီး ထိုမှ တစ်ဆင့် ဆီးရီးယားအစိုးရအတွင်း ထပ်မံထိုးဖောက်သွားနိုင်ခဲ့သည်။ အလီ ကိုဟင် သို့မဟုတ် ကာမေးလ်အာမင် သည်အစိုးရနှင့် စစ်ဘက်အကြီးအကဲ များ၏ ယုံကြည်အားထားရသူတစ်ဦး အဖြစ် ရောက်ရှိလာခဲ့ပြန်သည်။ အစ္စရေးလ်ကိုခြိမ်းခြောက်စိုးမိုးထား သော ဂိုလန်ကုန်းမြင့်ပေါ်မှ စစ်စခန်း များ၏နေရာနှင့်လက်နက်ကြီးများချထား ရာကိုလေ့လာခွင့်ရသည်အထိအလီကို ဟင်အပေါ်ဆီးရီးယားဘက်ကယုံကြည် ခဲ့ကြသည်။ အလီကိုဟင်နှင့်ရင်းနှီးသော အယ်လ်ဟာဖစ် ဆီးရီးယားဝန်ကြီးချုပ် ဖြစ်လာချိန်တွင် အလီကိုဟင်အား ကာ ကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် လျာ ထားသည်အထိ ယုံကြည်မှုရခဲ့၏။ သို့ သော်လည်းအလီကိုဟင်ကိုစောင့်ကြည့် နေသော ဆီးရီးယားထောက်လှမ်းရေး အကြီးအကဲဗိုလ်မှူးကြီး အာမက်ဆူဒါနီ ၏ကန့်ကွက်မှုဖြင့်ကာကွယ်ရေးဝန်ကြီး တော့ ဖြစ်မလာခဲ့ချေ။ အလီကိုဟင်၏သတင်းပေးမှုကြောင့် အစ္စရေးလ်တို့ အလွယ်တကူ စစ်နိုင် လိုက်၏။ အလီကိုဟင်လည်းပို၍စောင့် ကြည့်ခံရတော့သည်။ အလွန်အား ကောင်းသောအသံလှိုင်းအာရုံခံကိရိယာ များကိုဆိုဗီယက်ယူနီယံမှပေးပို့ထောက် လှမ်းခဲ့ရသည်။ နောက်ဆုံးအလီကိုဟင် မငြင်းနိုင်တော့။ ၁၉၆၅ တွင် အလီကို ဟင်ကြိုးပေးခံလိုက်ရသည်။ အလီကို ဟင် လွတ်မြောက်ရေးအတွက် မော့ ဆက်မှနည်းလမ်း အမျိုးမျိုးဖြင့် ကြိုး စားခဲ့ပါသော်လည်း မအောင်မြင်ခဲ့ ချေ။ သူ့ဇနီးကိုယ်တိုင် အလီကိုဟင် သည် မော့ဆက်ဖြစ်နေကြောင်း ကြိုး ပေးခံရတော့မှသိရသည်အထိ လျှို့ဝှက် သွားပါ၏။ ဆဒမ်ကိုသူလျှိုတို့ဝိုင်းထားသည် အီရတ်၏အာဏာရှင်ကြီးဆဒမ်ဟူစိန် ကိုစီအိုင်အေသူလျှိုတို့ဝိုင်းထားသည်ကို မည်သူမျှမရိပ်မိကြ၊ အထူးသက်တော် စောင့်များခြံရံ၍ တစ်နေ့တစ်နေရာ ပြောင်းအိပ်နေသော ဆဒမ်ကို အတော် သိမ်မွေ့စွာ ဖြုတ်ချခဲ့ရသည်။ ယူဖရေး တီး၊ တိုင်းဂရစ်မြစ်များကို အမေရိကန် တပ်များ ကျော်ဖြတ်လာပါက အရိုး တောင်လိုပုံသွားစေရမည်ဟု နေ့စဉ်နှင့် အမျြှေ<ွကးကြော်နေသော ပြန်ကြားရေး ဝန်ကြီးတဲရစ်အဇစ်သည် အမေရိကန် တပ်များမြစ်ကြီးကို ဖြတ်ကျော်ချိန်တွင် ပျောက်ချင်းမလှပျောက်ကွယ်သွား၏။ အီရတ်စစ်ဦးစီးချုပ်ကလည်း တိုက် လေယာဉ်များမပျံသန်းရန် အမိန့်ပေး လိုက်ပြီး ရုတ်တရက်ပျောက်ကွယ်သွား ခဲ့ပြန်သည်။ အီရတ်သည် စစ်ပွဲကြီး မဖြစ်လိုက်ရဘဲ အမေရိကန်တပ်များကို အရှုံးပေးလိုက်ရသဖြင့်ဆဒမ်လည်းထွက် ပြေးရတော့သည်။ ဆဒမ်၏အနီးကပ် ဝန်ကြီးတချို့၊ စစ်ဘက်အကြီးအကဲ တချို့မှာ ဃှုဗ မှ သိမ်းသွင်းခံထားကြရ သူများဖြစ်နေပြီးနောက်ဆုံးတွင်အားလုံး ကိုယ်ယောင်ဖျောက်သွားခဲ့ကြသည်။ ပနားမားက နိုရေးဂါး ပနားမားခေါင်းဆောင်နိုရေးဂါးသည် မူလကစီအိုင်အေသတင်းပေးမျှသာဖြစ် သည်။ တဖြည်းဖြည်းအစိုးရနှင့်နီးစပ် လာပြီး အစိုးရအဖွဲ့ထဲရောက်လာသည်။ နောက်ဆုံးတွင် ပနားမား၏ အထွတ် အထိပ်ခေါင်းဆောင်တစ်ဦးအထိရောက် ရှိသွားခဲ့၏။ ပနားမားခေါင်းဆောင် အဖြစ်ရောက်သွားသောအခါ ဃှုဗကြိုး ဆွဲသလောက် မကနိုင်တော့သဖြင့် နောက်ဆုံးအမေရိကန်စစ်ဘက် ရဟတ် ယာဉ်များက စစ်ဆင်ရေးတစ်ခုဖြင့် ဝင် ရောက်ဖမ်းဆီးသွားခြင်းကို ခံလိုက်ရ သည်။ မြန်မာ့နိုင်ငံရေးနှင့် သူလျှိုတို့အားပြိုင်ပွဲ သမ္မတကြီးဦးသိန်းစိန်၏ အကြံပေး တာဝန်ထမ်းဆောင်ချိန်တွင် လက်ကိုင် ဖုန်းကိုရဲရဲမသုံးရဲချေ။ အများသိဖုန်း နံပါတ်ကို သာမန်ပြောဆိုမှုများတွင်သာ အသုံးပြုရ၏။နေပြည်တော်တစ်ခုသော နေရာတွင် လွန်စွာအားကောင်းသော အသံဖမ်းစက်ကြီးရှိနေသည်ကို လူ တော်တော်များများသိကြသည်။ ထိုစဉ် က အစိုးရမဟုတ်သောအဖွဲ့အစည်းမှ ပိုင်ဆိုင်သည့် စက်ကြီးဖြစ်သည်။ အားလုံးကိုမဆိုလိုသော်လည်းပြည်ပ အထောက်အပံ့ INGO အများစုမှာ တောရွာ ဇနပုဒ်အထိကွန်ရက်ဖြန့်စည်း ရုံးထားပြီးဖြစ်သည်။၂ဝ၁၅ရွေးကောက် ပွဲအဖြေသည် ပြည်သူတို့၏ ဆန္ဒအမှန် တစ်ဝက်မျှပါသလို INGO များ၏ စည်းရုံးထားမှုကြောင့်လည်း တစ်ဝက် မကပါဝင်နေသည်ကို သုတေသနပြု သောအခါ ထင်ထင်ရှားရှားတွေ့လာရ သည်။ ၂ဝ၁၅ ရွေးကောက်ပွဲ ရလဒ် ထွက်ပြီး ဆိုးရော့စ်၏စကားအရ ပုံဖော် သလို အောင်မြင်သွား၍ သူ့ရည်ရွယ် ချက်ပြည့်ပါပြီဟူသည့်စကားကလည်း သက်သေခံထားခဲ့ပါပြီ။ တွင်(၂၈-၅-ဝ၈) ကရေးထားသောဆောင်းပါးတစ်စောင် အရ ကိုယ့်နိုင်ငံကို အတော်စိုးရိမ်လိုက် မိသည်။ ဟူ၍၊ ရှေ့ကမြန်မာနာမည် ဖြစ် သည်။ ဖြစ်ရမည်ဟု မဆိုလိုသော်လည်း မဖြစ်နိုင်ဘူးဟုလည်း မည်သူကမျှ အာမမခံ၊ ဖြစ်ပျက်စဉ်များအရ လည်း ကောင်း၊အပံ့အပိုးများအရလည်းကောင်း တွေးထင်ယူဆနိုင်ပြီးစိုးရိမ်စရာကောင်း သောအခြေအနေဖြစ်နေသည်ကတော့ အမှန်ပင်။ သက်ဆိုင်ရာတာဝန်ရှိသူများ ကတော့ ပို၍သိကြပါလိမ့်မည်။ မသိ စရာမရှိ၊ ထောက်လှမ်းရေး သတင်း ဖလှယ်နိုင်သည့်ခေတ်ဖြစ်နေသည်ကိုး။ စာရေးသူက လုပ်ငန်းရှင်လည်း တစ်ဖြစ်လဲ၊Think Tank အချို့တွင် လည်းပါဝင်ထားသူဖြစ်လေသောအခါ သာမန်ထက်တော့ ကွန်ရက်ပိုကျယ်ပြန့် ပြီး အချို့အရာများကိုသိခွင့်ရနေ၏။ အတော်နှံ့စပ်သော နိုင်ငံခြားသားတစ် ဦးက. . . ''မင်းတို့နိုင်ငံမှာ နိုင်ငံတကာက ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေ ပြီ သတိထား'' ဘယ်နိုင်ငံက ဘယ်နှဦးစသည်ဖြင့် ပင် ခန့်မှန်းအရေအတွက် ပြောပြခဲ့ လိုက်ပါသေးသည်။ ထို့ကြောင့်လည်း စာရေးသူဆောင်းပါးတချို့တွင် ''လမ်း ထွက်ရင် သူလျှိုတွေကို ခလုတ်တောင် တိုက်မိတဲ့အထိ များနေပြီ''ဟု သတိ ပေး ရေးလေ့ရှိခဲ့ရပါ၏။ ယခင်ထောက်လှမ်းရေးဟောင်းတစ် ဦးဟုယူဆရသော သူတစ်ဦးရေးသား မှုကို ဖတ်လိုက်ရပါ၏။ မိမိနှင့်သိကျွမ်း ဖူးသောလုပ်ငန်းရှင်တစ်ဦးမှာ ဃှုဗ ဖြစ် မှန်းသူရေးမှ သိရတော့သည်။ ဖော်ရွေ ၍ကတိလွယ်လွယ်ပေးတတ်ပြီး မကြာ ခဏအတက်အကျများသော လုပ်ငန်း ရှင်ဖြစ်သည်။ စာရေးသူထက် ၁၅ နှစ် ခန့်ကြီးမည်ဟု ထင်သည်။ ယခုတော့ ဆင်းရဲစွာဆုံးပါးသွားရှာခဲ့ပါပြီ။ထောက် ပြလိုသည်က ထောက်လှမ်းရေး၊သူလျှို တို့သည် နဖူးတွင်''သူလျှို''ပါစာတန်း ပေါ်နေကြသူများ မဟုတ်ပါ။ သတိ ထားလျှင်ပင် တော်ရုံမကျနိုင်ကြပါ။ တပ်မတော်ထောက်လှမ်းရေး အား ကောင်းသင့် ၂ဝ၁၆ အမေရိကန်သမ္မတရွေး ကောက်ပွဲတွင် ရုရှားမှFSB တစ်နည်း နည်းဖြင့်ပါဝင်ပတ်သက်မည်ဖြစ်သလို စစ်အေးလွန် ဆိုဗီယက်ယူနီယံကြီး ကျ ဆုံးခဲ့သည်မှာလည်း ထိုစဉ်ကKGB ထက် CIA က လက်ရည် သာခဲ့သော ကြောင့်ဟုဆိုလျှင် မမှားနိုင်ချေ။ တရုတ်စီးပွားတက်လာပြီး အမေရိ ကန်၏နေရာကိုယူရန် ခြိမ်းခြောက်ထား သော အခြေအနေဖြစ်သည်။ တရုတ် ထိန်းချုပ်ရေး၊ တရုတ်ထွက်ပေါက်ပိတ် ရေးတွင်မြန်မာသည်အရေးပါသောနယ် မြေတစ်ခုဖြစ်လာသည်။ ယခင်အစိုးရ အတွင်းပြည်ပမှ ထောက်လှမ်းရေးများ စိမ့်ဝင်နေနိုင်သလို ယခုအစိုးရအဖွဲ့ အတွင်းမှာလည်း ပြည်ပသြဇာခံ မပါ ဝင်ပါဟု ဘယ်နတ်သိကြားမှအာမခံ ကြလိမ့်မည်မဟုတ်။ ယုတ်စွအဆုံးတောင့်တင်းခိုင်မာပါ သည်ဟုဆိုသော တပ်မတော်ထဲမှာပင် အချို့ကိုစည်းရုံးရေးဆင်းထား၊ စည်းရုံး ခံထားပြီး ဖြစ်နိုင်သည်။ နိုင်ငံနှင့်လူမျိုးကိုကာကွယ်စောင့် ရှောက်ရန် တပ်မတော်မှာ တာဝန်ရှိပါ သည်။ လျှို့ဝှက်မှုများကို ဖော်ထုတ်နိုင် ရန် တပ်မတော်ထောက်လှမ်းရေးတွင် တာဝန်ရှိပါသည်။ထို့ကြောင့် တပ်မတော် ထောက်လှမ်းရေး အင်အားကောင်းရန်၊ စွမ်းရည်ထက်မြက်ရန် သာမန်အချိန်မျိုး ထက် ပိုမိုလိုအပ်နေပြီး စွမ်းရည်ဖြည့် စွမ်းနိုင်မှသာ မြန်မာ့အနာဂတ် စိတ် အေးရမည်ဟုထောက်ပြလိုပါ၏။

✅ MPT / Telenor / Ooredoo တို့အကြောင်း သိမှတ်ဖွယ်ရာများ ✅ MPT ****** -> ဖုန်းပြန်ခေါ်ပေးပါ *222*လက်ခံမည့်ဖုန်းနံပါတ်#call -> ဘေလွှဲရန် *223*ငွေပမာဏ*လပ်ခံမည့်ဖုန်း#call -> ဘေစစ်ရန် *124# call (or) *124*1#call -> အခြားဖုန်းငွေဖြည့်ရန် *123*PIN.NO*လက်ခံမည့်ဖုန်း#call -> Internet Package ဝယ်ရန်... 400MB (or) 1GB (or) 5GB ထိရှိတယ်။ 400MB ဆို ၁လ 2800 ကျမယ်။ 1GB ဆို ၁လ 6500 ကျမယ်။ 5 GB ဆို ၁လ 25000 ကျမယ်။ ဝယ်ချင်ရင် 1332 ကို ဝယ်ချင်သလောက် SMS ပို့ပါ ဥပမာ 1GB ဝယ်ချင်ပါက 1332 ကို 1GB ဟုရိုတ်နှိပ်၍ Sms ပို့ပေးရမှာဖြစ်ပါတယ်။ ✅ Telenor ********** -> ငွေလက်ကျန်စစ်ဆေးရန် *124# -> ငွေဖြည့်ချင်ရင် *123*pin# -> ဖုန်းဘေကုန်နေတဲ့အချိန် သူများကို ဖုန်းပြန်ခေါ်ခိုင်းမယ်ဆို *979*3*2*ph.no# -> တယ်လီနော ကတ်အချင်းချင်း ငွေဖြည့်ပေးမယ်ဆိုရင် *979*1*3*2*ph.no*pin# -> Telenor ကတ်အချင်းချင်း ငွေလွှဲချင်ရင် *979*2*4*ph.no*amount# -> Facebook ကို 1400 ကျပ်နဲ ့ 14 ရက် သုံးမယ်။ ၁၄၀၀ ကျပ်တည်း နဲ့ ၁၄ ရက်အတွင်း ဖေ့စဘွတ်အဝသုံး၊ ဖေ့စဘွတ် ဗီဒီယို အဝကြည့် ချင်ရင် 500 ကို ‘FB’ ဆိုပြီး ပို့ပါ။ -> အရေးပေါ် ခေါ်နိုင်တဲ့ ဖုန်းနံပါတ်တွေကတော့ *979*3*3*1# (ရဲစခန်း) *979*3*3*2# (ဆေးရုံကား) *979*3*3*3# (မီးသတ်) -> ဖုန်းငွေကုန်သွားလို့ တယ်လီနောဆီက ပိုက်ဆံ ၇၀၀ ချေးချင်တယ်ဆို *500# -> နောက်ဆုံးပို့ထားတဲ့ SMS ၅ ခုကို ပြန်လိုချင်ရင် *979*1*4*3# -> ငွေဖြည့်ထားတဲ့ Top Up ၅ ခုကို ပြန်သိချင်ရင် *979*1*4*2# -> နောက်ဆုံးခေါ်ထားတဲ့ ဖုန်း နံပါတ် ၅ ခုကို သိချင်ရင် *979*1*4*1# -> အင်တာနက် setting ကိုယ်တိုင်ထည့်မယ်ဆို သို့ APN က 'internet' ဖြစ်ပါတယ်။ နံပါတ် နှိပ်ပြီးမေးမယ်ဆို... *979*3*1# -> ငွေလက်ကျန်ကို အင်တာနက် package၊ စူပါဇီးကွက်၊ bonus တွေရဲ့ လက်ကျန်ငွေကိုပါ သိချင်တယ်ဆို *124*1# သို့ *979*1*1# -> Miss Called Alert ဆိုတာ ဖုန်းပိတ်ထားတဲ့အချိန် သို့ ဆက်သွယ်မှု ဧရာယာ ပြင်ပရောက်နေချိန် တစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ခေါ်ခဲ့တယ်ဆို ဖုန်းပြန်ဖွင့်တာ နဲ့ SMS ပို့ပြီးတော့ ပြောပြမှာပါ။ ဝန်ဆောင်မှုက အခမဲ့ပါ။ Miss Called Alert ဖွင့်ဖို့... *979*2*3*1*2# (သို့) "MCA ON" ဆိုပြီး 222 ကို SMS ပို့ပါ -> Miss Called Alert ဖြုတ်ဖို့ *979*2*3*2*2# (သို့) "MCA OFF" ဆိုပြီး 222 ကို SMS ပို့ပါ -> တယ်လီနော ရဲ့ Mobile Money Account ကို သုံးမယ်ဆိုရင် *900# -> စူပါပွားကို ဖွင့်မယ်ဆို *365*1# သို့ SUP ON လို့ 365 ကို SMS ပို့ပါ -> စူပါပွားကို ဖြုတ်မယ်ဆို *365*2# သို့ SUP OFF လို့ 365 ကို SMS ပို့ပါ -> နိုင်ငံခြားရောက်နေလို့ မြန်မာပြည်က တယ်လီနော နံပါတ်နဲ့ နဲ့ ဟိုနိုင်ငံမှာ ဈေးပေါပေါ ဆက်ပြီး အသုံးပြုဖို့ My Roaming Day Pack *979*2*1*1# -> တယ်လီနော်က မိနစ် ၁၀၀ ကိုဝယ်မယ်ဆို *801# (or) *979*2*1*2# -> ၈၀၀ ကျပ်တန် စူပါဇီကွက် တစ်ပတ်စာ ဝယ်ဖို့အတွက် *803# (or) *979*2*1*4# -> ၂၅၀၀ ကျပ်တန် စူပါဇီကွက် တစ်လစာ ဝယ်ဖို့အတွက် *802# (or) *979*2*1*3#. -> Phone Ring Tunes ဖုန်းခေါ်ဆိုတဲ့အချိန် သီချင်းသံလေးတွေ သူများကို ပေးထားထောင်စေဖို့ အတွက်ဖြစ်ပါတယ်။ ၃၀၀ ကျပ်တော့ ပေးရပါတယ်။ Phone Ring Tunes ဖွင့်ဖို့။ *979*2*3*1*1# -> Phone Ring Tunes ဖြုတ်ဖို့အတွက် *979*2*3*2*1# -> Internet Package ဝယ်မယ်ဆိုရင် *979*2*2# (or) *400# (ပင်မစာမျက်နှာ) *979*2*2*4# (or) *400*4# (My Internet weekly 110Mb: 500kyats) *979*2*2*5# (or) *400*5# (My Internet monthly 500Mb: 1900kyats) *979*2*2*1# (or) *400*1# (Smart Internet monthly 500Mb: 2700kyats) *979*2*2*2# (or) *400*2# (Smart Internet monthly 1.25Gb: 6600kyats) *979*2*2*3# (or) *400*3# (Smart Internet monthly 2.4Gb: 11900kyats) -> တယ်လီနောရဲ့ ဘော်ဒါ Pack ကိုယူပြီး မိနစ် ၁၀၀ အတွက် တစ်မိနစ် ၁၅ ကျပ် နဲ့ စကားပြောမယ် ဆိုရင် *801# call သို့ 500 ကို ‘T1500’ ဆိုပြီး SMS ပို့ပါ ✅ Ooredoo *********** -> မိမိဖုန်းကို ငွေဖြည့် (Topup) လုပ်လို ပါက *123* <ဂဏန်း ၁၆ လုံးပါ ငွေဖြည့် PIN နံပါတ်> # ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။ -> အခြား Ooredoo ဖုန်း နံပါတ်သို့ ငွေဖြည့်ပေး လိုပါက *123*< မိမိငွေဖြည့် သွင်းပေး လိုသော ဖုန်းနံပါတ် > * <ဂဏန်း ၁၆ လုံးပါ ငွေဖြည့် PIN နံပါတ် ># ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။ -> ဖုန်း ငွေလက်ကျန် စစ်ဆေး လိုပါက *124# ကို နှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။ -> ၀န်ဆောင်မှု များကို စီမံရန် *133# ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။ -> မိမိ၏ ဖုန်းနံပါတ်ကို စစ်ဆေးရန် *133*5# ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။ -> ဖုန်း ငွေလွှဲပြောင်း ပေးလို ပါက *155*< လွှဲပြောင်း လိုသော ပမာဏ > *< လက်ခံမည့် သူ၏ ဖုန်းနံပါတ် ># ကိုနှိပ်ပြီး Call ခလုတ်ကိုနှိပ်ပါ။ -> အခြားသူအား မိမိဖုန်းကို ငွေဖြည့်ပေး စေလိုပါက Top Me Up Function ကို အသုံးပြုနိုင် ပါသည်။ *126*< ဖုန်း ငွေဖြည့် ပေး မည့် သူ၏ ဖုန်းနံပါတ် >*< ဖုန်း ငွေဖြည့် လိုသော ပမာဏ ># ကိုနှိပ်ပြီး Call ခလုတ်ကိုနှိပ်ပါ။ -> ဖုန်း ပြန်ခေါ်စေ လိုပါက Call Me Back Function ကို အသုံးပြုနိုင် ပါသည်။ *122*< ပြန်ခေါ်စေ လိုသော ဖုန်းနံပါတ် ># ကိုနှိပ် ပြီး Call ခလုတ်ကို နှိပ်ပါ။ Telenor ကိုသုံးမယ်ဆိုရင် ဒါလေးတွေတော့ သိထားသင့်တယ် °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° အထွေထွေဝန်ဆောင်မှုကိုလိုချင်ရင် *979# ဖုန်းငွေလက်ကျန် ကိုသိချင်ရင် *124# Bonus လက်ကျန် ကိုသိချင်ရင် *124*1# InternetPackage ရဲ့လက်ကျန် ပမာဏကိုသိချင်ရင် *979*1*1# (or) *124*1# ငွေဖြည့်ချင်ရင် *123*pin# Telenor ကတ်အချင်းချင်း ငွေဖြည့်ပေးချင်ရင် *979*1*3*2* ph.no: * pin# Telenor ကတ်အချင်းချင်း ငွေလွှဲချင်ရင် *979*2*4* ph.no: * amount # ဖုန်းဘေကုန်နေလို့ Call Me Back သုံးချင်ရင် *979*3*2*ph.no# အရေးပေါ်ဖုန်းနံပါတ်ခေါ်ချင်ရင် *979*3*3*1# (ရဲစခန်း) *979*3*3*2# (ဆေးရုံကား) *979*3*3*3# (မီးသတ်) ဖုန်းအတွက် Internet Setting လိုချင်ရင် *979*3*1# Internet Package ဝယ်ချင်ရင် *979*2*2# (or) *400# My Internet weekly (110Mb) (500kyats) သုံးချင်ရင် *979*2*2*4# (or) *400*4# My Internet monthly (500Mb) (1900kyats) သုံးချင်ရင် *979*2*2*5# (or) *400*5# Smart Internet monthly (500Mb) (2700kyats) သုံးချင်ရင် *979*2*2*1# (or) *400*1# Smart Internet monthly (1.25Gb) (6600kyats) သုံးချင်ရင် *979*2*2*2# (or) *400*2# Smart Internet monthly (2.4Gb) (11900kyats) သုံးချင်ရင် *979*2*2*3# (or) *400*3# နောက်ဆုံးခေါ်ထားတဲ့ ဖုန်းနံပါတ် 5 ခု ကို သိချင်ရင် *979*1*4*1# နောက်ဆုံးဖြည့်ထားတဲ့ Top Up 5 ကြိမ်ကိုသိချင်ရင် *979*1*4*2# နောက်ဆုံးပို့ထားတဲ့ SMS 5 ခုကို သိချင်ရင် *979*1*4*3# Miss Called Alert (Free)လိုချင်ရင် *979*2*3*1*2# Miss Called Alert (Free)ဖြုတ်ချင်ရင် *979*2*3*2*2# Phone Ring Tunes လိုချင်ရင် (300Kyats) *979*2*3*1*1# Phone Ring Tunes ဖြုတ်ချင်ရင် *979*2*3*2*1# စူပါပွားကိုသုံးချင်ရင် *365*1# စူပါပွားကိုပြန်ဖြုတ်ချင်ရင် *365*2# စူပါဇီးကွက် Night Monthly Pack (2500Kyats) *802# (or) *979*2*1*3# စူပါဇီးကွက် Night Weekly Pack (800Kyats) *803# (or) *979*2*1*4# Telenor 100 Minutes Pack *801# (or) *979*2*1*2# Telenor My Roaming Day Pack *979*2*1*1# Telnor ဖုန်းဘေကြိုသုံးငွေ ချီးယူရန် ( ဖုန်းဘေ 700 Kyats ကြိုသုံးနိုင်သည်) (ဖုန်းငွေဖြည့်လျှင် 725 Kyats ပြန်ဖြတ်သည်) *500# Telenor Mobile Money Account *900# °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

Tuesday, January 22, 2019


EA1,EA2,NEA အားလုံးလေးစားပါတယ်...(အတိုကောက်အဓိပ္ပာယ်တွေရောသိကြရဲ့လားမသိ ) - EA1= Enemy’s Actin 1ရန်သူ့လက်ချက်နဲ့ခြေလက်အင်္ဂါမျက်လုံး စွန့်လွှတ်ခဲ့ရသူ EA2= Enemy’s Actin 2 ရန်သူ့လက်ချက်ဖြစ်သော်လည်းခြေလက်အင်္ဂါမျက်လုံးစွန့်လွှတ်ခြင်းမရှိခဲ့သည့် ဒဏ်ရာရဆေးနိမ့်စစ်သည် NEA= Non Enemy’s Action. တာဝန်ထမ်းဆောင်စဉ် ရန်သူ့လက်ချက်မဟုတ်သော အခြားအကြောင်းများဖြင့် ဒဏ်ရာရရှိခဲ့သည့် ဆေးနိမ့်စစ်သည် (အတိအကျတော့မဟုတ်ပါ )

၂၀၁၉ ပညာသင် နှစ် ပထမနှစ် ၊ ဒုတိယနှစ် ၊ ဒုတိယနှစ် နှင့် အထက် အ ဝေးသင် သင် တန်းများဖွင့် လှစ် ရန် အတွက် ကျောင်းစတင် ဖွင့် ရက် ၊ ငွေသွင်းမှတ် ပုံတင် သွင်းရန် နောက် ဆုံးသက် မှတ် ရက် ၊ စာစဉ် တင် သွင်းရန် နောက် ဆုံးသက် မှတ် ရက် နှင့် သိပ္ပံလက် တွေ့သင် တန်းစတင် မည့် ရက် များကို အောက် ပါအတိုင်း ဖွင့် လှစ် ရန် အ ကြောင်းကြားလိုက် သည် ။ ပထမနှစ် သင် တန်းများစတင် ဖွင့် လှစ် မည့် ရက် -( ၂၆ .၁၂ .၂၀၁၈ ) ဗုဒ္ဓဟူး နေ့ ငွေသွင်းမှတ် ပုံတင် တင် သွင်းရက် နောက် ဆုံး (၂၀၁၈ အောင်မြင်သူများ) - (၃၁.၁.၂၀၁၉ ) ၂၀၁၈ အစောပိုင်းအောင်မြင်သူများ - ( ၂၉.၃.၂၀၁၉ ) ပထမနှစ် ဝက် Assignment နောက် ဆုံးရက် - ( ၃၁.၅ .၂၀၁၉ ) သောကြာ နေ့ ဒုတိယနှစ် ဝက် Assignment နောက် ဆုံးရက် - (၃၁.၇.၂၀၁၉ ) ဗုဒ္ဓဟူး နေ့ သိပ္ပံ လက် တွေ့သင် တန်းစတင် မည့်  နေ့ - ( ၁၂.၁.၂၀၁၉ ) စ နေ နေ့ ဒုတိယနှစ် နှင့် အထက် သင် တန်းများစတင် ဖွင့် လှစ် မည့် ရက် - ( ၈.၂.၂၀၁၉ ) သောကြာ နေ့ ငွေသွင်းမှတ် ပုံတင် ရမည့်  နောက် ဆုံးရက် - ( ၂၃.၅.၂၀၁၉ ) ကြာသပ တေး ပထမနှစ် ဝက် Assignment နောက် ဆုံးတင် သွင်းရမည့်  နေ့ - ( ၂၈.၆.၂၀၁၉ ) သောကြာ နေ့ ဒုတိယနှစ် ဝက် Assignment နောက် ဆုံးတင် သွင်းရမည့်  နေ့ရက် - ( ၃၀.၈.၂၀၁၉ ) သောကြာ နေ့ သိပ္ပံလက် တွေ့သင် တန်းစတင် မည့် ရက် - ( ၂၃.၂ .၂၀၁၉ ) စ နေ နေ့ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအတွက် ၂၀၁၉ ပညာသင်နှစ် အဝေးသင် သင်တန်း၊ ပထမနှစ်သင်တန်းများ ဖွင့်လှစ်ရန်အတွက် သက်ဆိုင်ရာ တက္ကသိုလ်များအနေဖြင့် ၀င်ခွင့်ရ ကျောင်းသား/သူ တစ်ဦးခြင်းထံသို့ အကြောင်းကြားစာများ ပေးပို့ရမည် ဖြစ်သည်။ ယခုပညာသင်နှစ်မှ စတင်ပြီး အဝေးသင်ပညာရေးစနစ်ကို One Campus Two System ဖြင့် ကျင့်သုံးတော့မည် ဖြစ်သည်။

Friday, September 21, 2018

တစ်ခုခုဆိုတာနဲ့ စစ်ဖက်က အာဏာသိမ်းနိုင်သလား ဆိုတဲ့ မေးခွန်းမျိုးတွေက သတင်းဌာနတွေနဲ့ အတော်များများက လွယ်လွယ်ကူကူ ပြောတတ်ကြတယ် ... အလွယ်တကူလည်း ယုံလွယ်ကြ အလွယ်တကူလည်း စိုးရိမ်ကြ အလွယ်တကူလည်း ဝမ်းမြောက် အားရကြ အလွယ်တကူလည်း ရှုံ့ ချတတ် ... အလွယ်တကူလည်း သဘောထားတွေ ပြကြ ငြင်းကြ ခုန်ကြပြန်တယ် ... ပြောရရင် ဒီမေးခွန်းတွေဟာ လူထုထဲ ဇဝေဇဝါ ဖြစ်စေတဲ့ စိတ်ဓာတ်ရေးရာ စစ်ဆင်မှုတစ်ခုဖြစ်နိုင်သလို ... တမင်အခါတော်ပေးတာ ... လှန့်လုံးတွေနဲ့ ဝေဝါးအောင် လုပ်တာပဲလို့ မြင်တယ် ... တပ်ကို ထောက်ခံတယ်လို့ ဆိုကြတဲ့ ဗာလာနံ တသိုက်ကလည်း အာဏာသိမ်းတာဟာ နိုင်ငံရေး ထွက်ပေါက်လိုလိုနဲ့ နိုင်ငံရေးပါတီတစ်ခုကို နိုင်ငံရေးအရ ယှဉ်ပြိုင်နိုင်ဖို့ အရည်အချင်း မရှိတဲ့ သူတို့ရဲ့ အငုံ့စိတ်ကို ဝမ်းသာအားရ ဖော်ပြတတ်ကြတယ် ကျုံးသွင်းခံရတာကိုလည်း သိပ်ပျော်တတ်ကြပုံ ရတယ် ... စစ်ချီတေး သိပ်နားထောင်ချင်ရင် You Tube က ကိုယ့်ဟာကိုယ် ဒေါင်းပြီး နားထောင်ကြဖို့ တိုက်တွန်းလိုတယ် .... ××××××××××××××××××××× သမိုင်းတစ်လျှောက် ဖြတ်သန်းမှုကို ပြန်ကြည့်ရင် မြန်မာစစ်တပ်ဟာ ... အိမ်နီးချင်း ထိုင်းစစ်တပ်လို ဘုရင်ကို ကျောထောက်နောက်ခံပြုပြီး အားတိုင်း အာဏာထသိမ်းတတ်တဲ့ စစ်တပ် အမျိုးအစား မဟုတ်သလို ... အသိုင်းအဝိုင်းတစ်ခု လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် အကျိုးစီးပွား တစ်ခုခု အတွက် အာဏာ ထသိမ်းတဲ့ စစ်တပ်အမျိုးအစားလည်း မဟုတ်ဘူး ဆိုတာပဲ ... ထဲထဲဝင်ဝင် ပါဝင်လာရင်လည်း လွယ်လင့်တကူ ဆုတ်ခွာတတ်တဲ့ စစ်တပ် အမျိုးအစား မဟုတ်ဘူး ဆိုတာပဲ .... ×××××××××××××××××××× မြန်မာပြည်က စစ်ဖက်အာဏာသိမ်းမှုဟာ အတော်ကြီး ထိန်းမနိုင် သိမ်းမရ အခြေအနေတစ်ခုခု ဖြစ်မှသာ ပေါ်ပေါက်တတ်တယ် ... မြန်မာစစ်တပ်ရဲ့ အိုင်ဒီယိုလော်ဂျီပိုင်းအရကိုက ဒီအတိုင်း ခံယူထားတတ်တယ် ... သူ့ အိုင်ဒီယိုလော်ဂျီပိုင်းကိုလည်း တစုံတစ်ယောက်အပေါ် အသင်းအပင်းတစ်ခုခုအပေါ် မှီခိုထားတာ မဟုတ်သလို သူခံယူထားတဲ့ ရပ်တည်မူ့အပေါ်လည်း ခိုင်ခိုင်မာမာ ရပ်တတ်တယ် ... ××××××××××××××××××××× နောက်ပြီး မြန်မာစစ်တပ်ဟာ ပြည်ပဖိအားကို ပြည်တွင်းဖိအားလောက် သိပ်ဂရုစိုက်လေ့ မရှိဘူး ... လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တပ်အပေါ် ကျရောက်နေတဲ့ ပြည်တွင်းဖိအားဟာ အရင်ကလို မဟုတ်ပဲ နည်းတယ် ... တပ်ကို နိုင်ငံရေးအရ အရင်က ယှဉ်ပြိုင် ဖိအားပေးနိုင်တဲ့ အသင်းအပင်းတွေ အားနည်းသွားတာ ... တပ်အပေါ် လူထု ထောက်ခံမှု အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်လာတာတွေက တပ်အတွက် လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ အတော် သက်တောင့် သက်သာရှိနေတယ် .... လက်ရှိဖွဲ့စည်းပုံအရ တပ်ဟာ သူပါဝင်ခွင့်ရနေတဲ့ အချိုးအစားအပေါ် လုံလောက်တယ်လို့လည်း ယုံကြည်ထားပြီး ဖြစ်ဟန်တူပါတယ် .... ×××××××××××××××××××× တချို့ကတော့ လာမယ့် ရွေးကောက်ပွဲတွေမှာ တပ်နဲ့ နိုင်ငံရေးအရ အဓိက အတွန်းအတိုက်ရှိနေတဲ့ လက်ရှိ အာဏာရပါတီ အနိုင်ဆက်ရသွားနိုင်ခြေရှိရင်ရောလို့ မေးစရာ ရှိနိုင်တယ် ... ရာခိုင်နှုန်း အများစု နေရာရထားတဲ့ လက်ရှိအနေအထားမှာတောင် တပ်အပေါ် နိုင်ငံရေး အသာစီးမရနိုင်တော့တဲ့ အခြေအနေမှာ နောက် ရွေးကောက်ပွဲတဆက်မှာ လက်ရှိအာဏာရပါတီက ထပ်နိုင်ရင်တောင် မှုစရာအခြေအနေ မရှိတော့ဘူး .... ၂၀၁၅ အကူးအပြောင်းလို လက်ရှိအာဏာရပါတီကြီးလည်း နေရာအများစု ရနိုင်စရာလည်း မရှိတော့ဘူး ... ဒီတော့ စစ်တပ်က ဘာလို့ သူ့အပေါ်ဖိအားတွေ အတင်ခံပြီး လူထုထောက်ခံမှု အကျခံပြီး အာဏာသိမ်းနေစရာလိုမှာလဲ .... နောက်ပြီး စစ်တပ်ဟာ ရခိုင်အရေးမှာ သူ့ရပ်တည်ချက်ကြောင့် ပြည်ပ ဖိအားတွေ များလာပေမယ့် ပြည်တွင်း ထောက်ခံမှု မြင့်တက်လာတဲ့ အခြေအနေကို ရနေတယ် ... ပြည်ပက ဖိအားများလေ ပြည်တွင်းက ထောက်ခံမှုကို ရလာလေလေပဲ ... ××××××××××××××××××× လက်ရှိ အခြေအနေမှာ အာဏာသိမ်းစေချင်နေတာက လူထုထောက်ခံမှု လျော့ကျလာတဲ့ ရေရှည် မြန်မာ့နိုင်ငံရေးမှာ ဘေးထွက်ထိုင်ရဖို့ အခြေအနေများလာနေတဲ့ သူတွေကသာ ဒီလိုအခြေအနေကို တောင့်တနေကြတာ ... အဲ့ဒီအထဲမှာ အရင်က အနာဖေး ခွာစားပြချင်သူတွေ.. ဇာတ်နာစေချင်သူတွေ ပါသလို ... စစ်တပ်ကို သူတို့နဲ့တသားထဲ ဆိုပြီး ပါတနာ လုပ်ချင်နေတဲ့ နိုင်ငံရေး ဇတ်ပျက်တွေလည်း ပါတယ် ... ဒါ့ကြောင့် အခါတော်ပေးသံ တညံညံကို အားလုံးက ပျော်ပျော်ကြီး လေဖမ်းဒန်းစီးနေကြတာ ဒီအခြေအနေမှာ တဖက်က တပ်ကို လှုပ်ခတ်စေဖို့ ဖွဲ့စည်းပုံပြင်ရေးဆိုတဲ့ ခဲလုံးနဲ့ ကန်ရေပြင်ကို ပစ်ကြဖို့ နောက်ဆုံး အားထုတ်နိုင်လိမ့်မယ် ... တဖက်ကလည်း ဆန့်ကျင်သလိုလိုနဲ့ ပင့်ပေးပေါ့ ... ခဲ အကြီး အသေးအပေါ် မူတည်ပြီး ဂရက် အကြီး အသေး ကွာခြားမှာပါ ... 'ပလုံ'ဆိုတဲ့ အသံလောက်ပဲ မြည်မယ့် ခဲလောက်နဲ့တော့ ကာလနဂါး မနိုးတတ်ဘူးလို့ မြင်တယ် .... ××××××××××××××××××××× ချွင်းချက်အနေနဲ့ လက်ရှိအနေအထားအပေါ် မကျေလည်မှုတွေ ကျယ်ပြန့်လာရင်ရောလို့ မေးစရာရှိတယ် ... လူတစ်ယောက်ရဲ့ အမျိုးသားထုတ်ကုန်တန်ဖိုး ဒေါ်လာတစ်ထောင်အောက်မှာ ရပ်တည်နေရတဲ့တိုင်းပြည်တွေဟာ နောက်ကြောင်းပြန်လှည့်နိင်တယ်လို့ ပညာရှင်တွေက ဆိုထားကြတာလည်း ရှိတယ် ... ကျနော့် အမြင်တော့ အတော့်ကို ရာခိုင်နှုန်း နည်းတယ် ... အခြေအနေတွေက နောက်ပြန်လှည့်စေမယ် ဆိုရင်တောင် တာဝန်ပေးလို့ ခဏယူရတာပါ ဆိုတဲ့ တစ်လှမ်း နှစ်လှမ်းထက် ပိုမယ် မထင်ဘူး ... လက်ရှိအခြေအနေကတော့ တမင် နှပ်ကြောင်းပေး ဖွနေတာ သက်သက်ပဲ ... Credit- Chan Thar Toe

Monday, April 23, 2018

Zaw Rayin; သူလျို နှင့် သစ္စာဖေါက် ရခိုင်ပြည်နယ် မောင်တောမြို့ နယ်အင်းဒင်မှာ ကုလား-၁၀-ယောက် အသတ်ခံရတယ် ။ အဲဒီကုလားတွေကို မသတ်ခဲ့ ရင် ရခိုင်လူမျိုးစုနွယ်ကို သူတို့ က သတ်မှာ ဆိုတာ တွေးကြည့်ရင်တောင် သိသာတယ် ။ အမှုအခင်းဖြစ်နိုင်တဲ့ ဖြစ်စဉ်ကို ပြောတာ ။ --------------- ဒီလိုသတင်းကို တကူးတက မွှေနောက်ရှာဖွေယူတဲ့  သတင်းထောက်နှစ်ယောက်နဲ့  ပတ်သက်လို့ ပြောချင်တယ် ။ သတင်းထောက်ဆိုတာ ပြည်တွင်းသတင်းထောက်နဲ့  ပြည်ပ သတင်းထောက်ဆိုတာ ရှိတယ် ။ ပြည်တွင်းသတင်းထောက်တွေက အစိုးရနဲ့  မပွတ်တိုက်စေတဲ့  သတင်းတွေကို ရေးသားတင်ပြကြတဲ့  အခြေအနေမှာ နေတတ်ကြတယ် ။ ပြည်ပသတင်းထောက်တွေကတော့  သူတို့ ဟာ ဒေါ်လာစားရမဲ့ ဟာကိုသာ ထည့်တွက်ပြီး ရေးသားတင်ပြကြတဲ့  အနေအထားမှာ ရှိကြတယ် ။ အဲလိုထည့်တွက်ကြတာကြောင့် အင်းဒင်ပြသနာဟာ သူတို့ နှစ်ယောက်အတွက် နိုင်ငံနဲ့ လူမျိုးကို သူလျို ဖြစ်သွားမှန်းမသိ ဖြစ်သွားပြီး နိုင်ငံနဲ့ လူမျိုးကို သစ္စာဖေါက်ရာ ကျသွားတယ် ။ စစ်အစိုးရလက်ထက်က ကျွန်တော်တို့ ဟာ အင်္ဂါ့ ဝိဇ္ဖာ သမားလိုဘဲ မြန်မာနိုင်ငံအတွင်းက သတင်းလေးအစတခုခုရပြီဆိုရင် ဇတ်လမ်းပမာ အသံလွှင့်ပြီး ရေဒီယိုက ထုတ်လွှင့်ခဲ့ တယ် ။ DVB-မှာ ဆယ်နှစ်ဆယ်မိုးနီးနီး ကျွန်တော်ဟာ အပတ်စဉ် စနေနေ့ တိုင်း ရေဒီိယို ဇတ်လမ်းပမာကို ရေးသားထုတ်လွှင့်ခဲ့ တယ် ။ ဒါက ပြည်ပက နေပြီး နိုင်ငံရေးသမားတွေရဲ့  အနေအထားဖြစ်တယ်။ ခေတ်က စစ်အစိုးရခေတ်ကိုး ။ ------------- ခုအချိန်မှာ အရပ်သားဒီမိုကရေစီအစိုးရဖြစ်နေပြီ ။ ပြည်ပကနေပြီး အစိုးရကို ဖြုတ်ချဖို့ -တော်လှန်ဖို့  မရေးကြ-မပြောကြတော့ သလို ပြည်တွင်းကနေပြီး အစိုးရကို တော်လှန်ဖို့ -ဖြုတ်ချဖို့  သတင်းတွေလဲ ပေးစရာမလိုသလို -ဘာမှလဲ လုပ်စရာ မလိုတော့ ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေတောင် လက်နက်ချမဲ့  -NCA-အပစ်အခပ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနေကြတဲ့  အဖွဲ့ တွေတောင် ရှိလာနေကြပြီကိုး ။ ဒီတော့ ခါ အစိုးရကို သိက္ခာကျစေပြီး -နိုင်ငံတကာ တံထွေးခွက်မှာ ပက်လက်မျောစေဖို့  သတင်းတွေကို ရှာရှာဖွေဖွေလိုက်လံယူပြီး ပြည်ပသတင်းဋ္ဌာနကို ပေးပို့ ခြင်းဟာ မီဒီယာတွေရဲ့  အလုပ်လားဆိုတာ ထည့်တွက်ဖို့ လိုလာတယ် ။ မီဒီယာကောင်းသမားတွေဟာ အဲဒီလို မှုခင်းသတင်းတွေကို စိတ်ဝင်စားပြီး ရေးသားတတ်တယ်ဆိုရင် ဘာဖြစ်လို့ များ ဟိန္ဓူ လူမျိုး -၁၀၀- ကျော်ကို သတ်ဖြတ်ပုံနဲ့  ကျန်ရစ်တဲ့  မိသားစုဝင်များကို တွေ့ ဆုံမေးမြန်းခြင်းနဲ့  ကမ္ဘာကျော်အောင် သတင်းများကို ဘာဖြစ်လို့ မရေးသားကြတာလဲ ။ ဒါတွေဟာ အဖြေပါဘဲ ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးဘက်က မရပ်တည်ဘဲ မြန်မာနိုင်ငံကြီး ပျက်စီးသွားမဲ့  သတင်းမျိုးကို ရေးသားပေးပို့ တာဟာ သူလျိုတို့ ရဲ့ အလုပ်-သစ္စာဖေါက်တို့ ရဲ့ အလုပ်သာဖြစ်တယ် ။ တော်လှန်ရေးအဖွဲ့ အစည်း-နိုင်ငံရေးအဖွဲ့ အစည်းတွေကို သတင်းများပေးပို့ ခြင်းဟာ သူလျှို သို့ မဟုတ် သစ္စာဖေါက် မဟုတ်ဘဲ စနစ်ဆိုးကို ဖျက်သိမ်းဖို့  အမျိုးချစ်တဲ့ လုပ်ရပ်ဖြစ်တယ် ။ ----------------- သူတို့ သတင်းသမားနှစ်ယောက်ကို ရဲက ဖမ်းဆီးတဲ့ အခါမှာ ဒုရဲမှူးးက တရားလိုပြ သက်သေထွက်ဆိုရာမှာ ထောင်ချောက်ဆင်ဖမ်းဆီးတာလို့  တရားရုံးမှာ ထွက်ဆိုသွားတာ တွေ့ ရတယ် ။ ရဲဆိုတာ တရားခံကို ဖမ်းဖို့ အတွက် နည်းလမ်းပေါင်းစုံနဲ့  ထောက်လှမ်းဖမ်းဆီးရတယ် ဆိုတာ လူတိုင်းနားလည်တယ် ။ ခုလိုဖမ်းဆီးမိခဲ့ တာဟာ အထက်က တာဝန်ပေးချက်အရ ဖမ်းဆီးတာဘဲဖြစ်တယ် ။ မဖမ်းဆီးချင်ဘူးဆိုရင် အမိန့် တာဝန်ကို မလိုက်နာဘဲ နေခဲ့ လို့ ရတယ် ။ ဆင်ခြေဆင်လက်ပေးလို့  တာဝန်ကို ပျက်ကွက်ခဲ့ လို့ ရတယ် ။ ဒုရဲမှူးးမိုးရန်နိုင်ဟာ ရဲအမှုထမ်းကောင်း တယောက်လဲ မဟုတ်သလို သစ္စာဖေါက်လို တယောက်ဖြစ်သွားတယ် ။ ရဲဆိုတာ တရားခံတယောက်ကို သူခိုးလိုလို ဂျပိုးလိုလို အရူးလိုလို ဘုန်းကြီးလိုလို ဖါကောင်းလိုလို သူဋ္ဌေးလိုလို ဆင်းရဲသားလိုလို အယောင်ဆောင်ပြီး စုံစမ်းထောက်လှမ်း ဖမ်းဆီးရတယ် ။ ဆေးလိပ်တိုကအစ-သတင်းစာဖြတ်ပိုင်းကအစ- လက်ရာခြေရာကအစ- အင်​ကျီင်္ကြယ်သီးကအစ-သဲလွန်စတွေကို ရှာဖွေတတ်ကြတဲ့  စုံထောက်ကြီးတွေဟာ အမှုလိုက်ရာမှာ နာမည်ကြီးကြတာပါဘဲ ။ ဒုရဲမှူးးကြီး မိုးရန်နိုင်ဟာ သူ့ အလုပ်ကို သူတာဝန်ထမ်းဆောင်ခဲ့ တယ်လို့  မထင်မှတ်ဘဲ- တရားခံတယောက်ကို ဖမ်းဆီးရတာဟာ နိုင်ငံတော်နဲ့  လူမျိုးတွေအတွက် အန္တာရယ်ကြီးတခုကို ကာကွယ်စောင့်ရှောက်ခဲ့ တယ်လို့  မတွေးဘဲ ကုလားများဆီက ဒေါ်လာရလိုဇေါ်နဲ့  မျှော်ကိုးနေတယ် ဆိုတာ ထင်ရှားနေတယ် ။ -------------- သူလျှိုနဲ့  သစ္စာဖေါက်ဆိုတာ ပြည်ပကို သတင်းပေးပို့ သူများနဲ့  နိုင်ငံနဲ့ လူမျိုးကို ပျက်စီးစေမဲ့ သူများကို ခေါ်ဆိုတာ ဖြစ်တယ် ။

Friday, February 23, 2018

Zaw Rayin; ၁။ ဂွတာနာမို အကျဉ်းစခန်းဆိုတဲ့ နာမည်ကို အနည်းနဲ့ အများ အားလုံးကြားဖူးပြီး ဖြစ်မှာပါ ။ ဂွတာနာမိုဟာ ကျူးဘားက အမေရိကန်ရေတပ်စခန်းမှာဖွင့်ထားတဲ့  အမေရိကန် အကျဉ်းစခန်းပါ ။ အမေရိကန်စစ်တပ်ရဲ့  အုပ်ချုပ်မှုအောက်မှာ ရှိတယ်လို့  အကျဉ်းဖျဉ်းသိရပေမယ့် အကျဉ်းစခန်းကို CIA ကပဲ Run နေတဲ့  သဘောရှိပါတယ် ။ ဒီအကျဉ်းစခန်းကို သမ္မတ ဘွတ်ရှ် လက်ထက် ၂၀၀၂ မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။ သမ္မတ အိုဘားမား မတက်လာခင် မဲဆွယ်ချိန်မှာ ဒီစခန်းကို ပိတ်ပြစ်မယ်လို့ ကတိပြုခဲ့ပေမယ့် မပိတ်နိုင်ခဲ့ဘဲ စည်းကမ်းကိုပဲ တင်းကျပ်နိုင်ခဲ့ပါတယ် ။ လက်ရှိ သမ္မတဒေါ်နယ်ထရမ့် တက်လာချိန်မှာတော့ ဒီ အကျဉ်းစခန်းကို ဆက်လက်ဖွင့်လှစ်ထားရှိမယ် ဖြစ်ကြောင်း တရားဝင် လက်မှတ်ရေးထိုးကြေငြာခဲ့ပါတယ် ။ --------------------------------------- ၂။ ဂွာတာနာမို အကျဉ်းစခန်းရဲ့ အဓိကတာဝန်က ဘာလဲဆိုလျှင် သတင်းစုဆောင်းတာ ဖြစ်ပါတယ် ။ အဲဒီ အကျဉ်းစခန်းမှာ ရှိတဲ့  အကျဉ်းသားတွေဟာ ရုံးတင်တရားစွဲဆိုခြင်း မခံရဘဲ နှစ်ရှည်လများ နည်းမျိုးစုံနဲ့  စစ်ကြောရေးလုပ်ပြီး သတင်းတွေ ညှစ်ယူခံရပါတယ် ။ အကျဉ်းသားတစ်ယောက်ကို ရုံးတင်တရားမစွဲဘဲ နှစ်ရှည်လများ ဒီလို စစ်ကြောဖို့ ဆိုတာ အမေရိကန်ရဲ့  တည်ဆဲဥပဒေတွေအရ အမေရိကန်မြေပေါ်မှာ လုပ်လို့ မရပါဘူး ။ ဒါကြောင့်လဲ အမေရိကန်အစိုးရက ဒီအကျဉ်းစခန်းကို ကျူးဘားမှာ လာဖွင့်ပြီး စိတ်တိုင်းကျ စစ်ကြောရေး လုပ်နေတာ ဖြစ်ပါတယ် ။ ကမ္ဘာအနှံ့ အပြားက CIA ရဲ့  အော်ပရေးရှင်းတွေမှာ ဖမ်းဆီးခံရသူ အတော်များများဟာ ဒီအကျဉ်းစခန်းထဲကို ရောက်သွားကြတယ်လို့  ယူဆကြရပါတယ် ။ သို့ သော် ဒီစခန်းနဲ့  ပတ်သက်လို့  သတင်းအများစုကတော့ ထုံးစံအတိုင်း အတည်ပြုလို့  ရခဲပါတယ် ။ အကျဉ်းစခန်းထဲမှာ ဘယ်သူတွေရှိတယ်ဆိုတာ မသိရသလို ဘာတွေဖြစ်နေတယ်ဆိုတာလဲ ဘယ်သူမှ မသိရပါဘူး ။ တိတိကျကျ ပြောလို့ ရတာက တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ ဒီအကျဉ်းစခန်းဟာ သမ္မတ သုံးဆက်တိုင်တိုင် ပန်းပန်လျှက်ရှိဆဲဆိုတဲ့  အချက်ကိုပါပဲ ။ -------------------------------------------- ၃။ ကျွန်တော် အဓိကပြောလိုတာက ဂွာတာနာမို အကျဉ်းစခန်း အကြောင်းမဟုတ်ပါဘူး ။ ကျွန်တော်ပြောချင်တာက အမေရိကန်အစိုးရက ထောက်လှမ်းရေးသတင်းရဖို့  ဘယ်လောက်အလေးထားတယ်ဆိုတဲ့  ကိစ္စကို ထောက်ပြလိုတာပါ ။ ကမ္ဘာ့  စစ်အင်အားအကြီးဆုံးနိုင်ငံ ၊ ထောက်လှမ်းရေးဂြိုလ်တုတွေ အများကြီးလွှတ်တင်ထားပြီး ကမ္ဘာ့ နေရာအနှံ့ အပြားကို မျက်ချေမပြတ်စောင့်ကြည့်နေတဲ့ နိုင်ငံ ၊ တစ်ကမ္ဘာလုံးမှာ ပြောဆိုနေတဲ့  အများသုံးဖုန်းလိုင်းတွေကို ကြားဖြတ်ဖမ်းယူနားထောင်လေ့ရှိတဲ့  နိုင်ငံ ။ ဒီလို နိုင်ငံမျိုးကတောင် သတင်းရဖို့  အတွက် ကမ္ဘာမှာ နာမည်အပျက်ခံပြီး ဒီနာမည်ဆိုး အကျဉ်းစခန်းကို ခပ်တည်တည်နဲ့ ဆက်ဖွင့်ထားတဲ့ ကိစ္စကို ထောက်ပြနေတာပါ ။ ------------------------------------ ၄။ ထောက်လှမ်းရေးသတင်းဆိုတဲ့  ကိစ္စဟာ ဖြစ်လာမှ သတင်းထလိုက်လို့  ရတာ မဟုတ်ပါဘူး ။ ထောက်လှမ်းရေးကွန်ယက်ကို နဂိုတည်းက တည်ဆောက်ထားရတာ ဖြစ်ပါတယ် ။ သတင်းပေးတွေ သတင်းအရင်းအမြစ်တွေကို စနစ်တကျမွေးမြူထားပြီး နေ့ စဉ်လိုလို တက်လာသမျှ သတင်းတွေကို ကျွမ်းကျင်သူ ထောက်လှမ်းရေးအရာရှိတွေက ဆက်စပ်ပုံဖော်ပြီး သတင်းကို တည်ဆောက်ယူရတာပါ ။ ဒါမှလဲ အချက်အလက်တိကျတဲ့  ထောက်လှမ်းရေးသတင်းတွေကို ရယူနိုင်တာ ဖြစ်ပါတယ် ။ ထောက်လှမ်းရေးသတင်းတွေ အားကောင်းခိုင်မာဖို့ ဆိုလျှင် သတင်းရယူနိုင်တဲ့  နည်းစနစ်တွေကို အစိုးရအနေနဲ့  လွှတ်တော်အနေနဲ့  အားပေးကူညီ ပံ့ ပိုးဖို့ လိုပါတယ် ။ နောက်ဆုံး ကုန်ကုန်ပြောရလျှင် မကူညီတောင် မနှောက်ယှက်ဖို့ လိုပါတယ် ။ ဘယ်လို မနှောက်ယှက်ဖို့ လိုလဲဆိုလျှင် ဥပဒေတွေ အမိန့် တွေ ထုတ်ပြီး ထောက်လှမ်းရေး သတင်းရယူမှုစနစ်ကို အနှောက်အယှက်မပြုဖို့  လိုပါတယ် ။ ---------------------------------------- ၅။ ကျွန်တော်တို့ တိုင်းပြည်ရဲ့  ထောက်လှမ်းရေးအဖွဲ့ အစည်းတွေမှာ ဂြိုလ်တုတွေ မရှိပါဘူး ။ ဒရုန်းတွေ ၂၄ နာရီသုံးပြီးလဲ မထောက်လှမ်းနိုင်ပါဘူး ။ အနီအောက်ရောင်ခြည်သုံး ညဘက်ထောက်လှမ်းရေး ကိရိယာတွေလဲ မရှိပါဘူး ။ ကျွန်တော်တို့ ရဲ့ ထောက်လှမ်းရေးစနစ်က ကိုယ့်ရှိတဲ့  အရင်းအမြစ်နဲ့  အလုပ်ဖြစ်အောင် တည်ဆောက်ထားတဲ့  စနစ်ပါ ။ အားမနာစတမ်းပြောရလျှင် အမေရိကန်လို တိုင်းပြည်က ဂွာတာနာမို အကျဉ်းစခန်းကို သမ္မတသုံးဆက် ဆက်ဖွင့်ထားချိန်မှာ ကျွန်တော်တို့ လို ဇီးရွက်လောက် တိုင်းပြည်က လူ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆန်မရှိ စောက်စားကြီးတဲ့  နိုင်ငံဖြစ်နေပါတယ် ။ ကျွန်တော်ထင်ပါတယ် ။ တစ်ခြားနိုင်ငံက ထောက်လှမ်းရေးတွေနဲ့ တွေ့ လို့  ထောက်လှမ်းရေးအချင်းချင်း စကားစမြည်ပြောကြတဲ့ အခါ ငါတို့ ဆီမှာ ဂြိုလ်တုတွေ ဒရုန်းတွေနဲ့ လဲ မထောက်လှမ်းနိုင်ဘူး ။ နေရာတိုင်းမှာ CCTV ရှိလားဆိုတော့လဲ မရှိဘူး ။ လူတစ်ယောက်ကို နောက်ယောင်ခံလို့ လဲ မရဘူး ။ ဓာတ်ပုံရိုက်ထောက်လှမ်းလျှင်လဲ ရိုက်တဲ့ သူ ထောင်ကျသွားနိုင်တယ် ။ တစ်ခါ ညအိပ်ညနေ လူစိမ်းအ၀င်အထွက်တွေလဲ ငါတို့ စိစစ်ခွင့် မရှိဘူး ။ စစ်ခွင့်မရှိလို့  ငါတို့ Data Base က လူတစ်ယောက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း အလွယ်တကူပြောနိုင်လားဆိုတော့လဲ မပြောနိုင်ဘူးလို့ ရှင်းပြလျှင် တစ်ဘက်က ထောက်လှမ်းရေးသမားဟာ What the hell ချင်း မိုးမွှန်အောင် စိတ်ပျက်လက်ပျက် ညည်းတွားလိမ့်မယ် ထင်ပါတယ် ။ --------------------------------- ၆။ မနှစ်က အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမီးရှို့ တဲ့  အဖွဲ့ ကို အကြမ်းဖက်အဖွဲ့ အဖြစ်ကြေငြာပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာကို မှတ်မိကြအုန်းမယ် ထင်ပါတယ် ။ နိုင်ငံရေးအခြေအနေတွေအရ ဒီအဆို အရေးနိမ့်ခဲ့ပါတယ် ။ အရေးနိမ့်တဲ့ အတွက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ အဖွဲ့ တွေဟာ အကြမ်းဖက်အဖွဲ့  အဖြစ် မသတ်မှတ်ခံရပါဘူး ။ အကြမ်းဖက် အဖွဲ့ မဖြစ်တော့လဲ ဘာဖြစ်လဲ ။ ကိုယ့်ဖာသာကိုယ် တိုက်စရာရှိတာ တိုက်ပေါ့လို့ စောဒကတက်ကောင်းတက်နိုင်ပါတယ် ။ ဟုတ်ကဲ့  ... အကြမ်းဖက်အဖွဲ့  မဟုတ်တဲ့ အတွက် နိုင်ငံတကာ NGO တွေက လွတ်လွတ်လပ်လပ် ဆက်သွယ်လို့ ရနေပါတယ် ။ ငွေကြေးလွှဲပြောင်း စီးဆင်းမှုတွေကလဲ အလွယ်တကူ စီးဆင်းလို့ ရနိုင်ပါတယ် ။ နိုင်ငံတကာ ခရီးသွားလာခွင့်တွေ ၊ နိုင်ငံတကာ အထောက်အပံ့ တွေကလဲ အခက်အခဲမရှိ လွယ်လွယ်ကူကူ ကြိုးပမ်းလို့ ရနေနိုင်ပါတယ် ။ ဆိုလိုတာက အကြမ်းဖက်အဖွဲ့ အစည်းနဲ့  အကြမ်းဖက်အဖွဲ့ အစည်းမဟုတ်တာ သိပ်ကွာပါတယ် ။ အစိုးရက အကြမ်းဖက်အဖွဲ့ လို့ တရားဝင်ထုတ်ပြန်ထားတဲ့ အဖွဲ့ ဟာ ဖေ့စ်ဘုတ်စာမျက်နှာတောင် တရားဝင်ထောင်ခွင့်ရဖို့ ခက်ပါတယ် ။ လက်နက်မှောင်ခို ၀ယ်တာတောင်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆိုတာနဲ့  အကြမ်းဖက်အဖွဲ့  ဆက်ဆံခံရတာချင်း ကွာပါတယ် ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ က မောင်းပြန်သေနတ်တစ်လက်ကို ဒေါ်လာတစ်ထောင်နဲ့  ၀ယ်လို့ ရလျှင် အကြမ်းဖက်အဖွဲ့ က ဒေါ်လာတစ်သောင်းပေးဝယ်ရပါလိမ့်မယ် ။ ------------------------------------- ၇။ လက်ရှိ တိုင်းပြည်ရဲ့  အနေအထားဟာ အကြမ်းဖက် ဖောက်ခွဲရေးအဖွဲ့ မဆိုထားနဲ့  ။ သာမန် ရာဇ၀တ်ကောင်ကိုတောင် အလွယ်တကူ ဓာတ်ပုံလိုက်မရိုက်ရဲ မထောက်လှမ်းရဲ ဖြစ်နေတဲ့  အနေအထားပါ ။ အခန့် မသင့်လျှင် အစိုးရသစ်ရဲ့  ဥပဒေသစ်တွေမှာ ရာဇ၀တ်ကောင်က နားမကားပဲ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေသာ နားကားနိုင်တဲ့ အနေအထား ဖြစ်နေပါတယ် ။ ကျွန်တော်တစ်ခုမေးပါရစေ ။ ခင်ဗျားတို့ ပြဋ္ဌာန်းလိုက်တဲ့  ပယ်ဖျက်လိုက်တဲ့  ဥပဒေတွေရဲ့  အောက်မှာ ရှမ်းပြည်မြောက်ပိုင်း သူပုန်အလွယ်တကူ ၀င်ထွက်နိုင်တဲ့  မြို့ တစ်မြို့  ရပ်ကွက်တစ်ခုရဲ့  လူစိမ်းအ၀င်အထွက်ကို လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ ဘယ်လိုများ စောင့်ကြည့်နေရတယ်လို့  ဥပဒေပြု အမတ်တွေ နက်နက်နဲနဲ စဉ်းစားကြည့်ဖူးပါသလား ။ အစိုးရသစ်ရဲ့  ဆန်မရှိပဲ စောက်စားကြီးချင်တဲ့  ပြသနာဟာ ၀န်ကြီးဌာနတွေ ဖျက်ပြစ်တဲ့ ကိစ္စ ၊ ဒုဝန်ကြီးတွေ မခန့် ဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကိစ္စတွေမှာ အထင်အရှား မြင်တွေ့ ခဲ့ပြီးပါပြီ ။ --------------------------------------- ၇။ အစိုးရသစ်တက်ခါစမှာ အထပ်မြင့် အဆောက်အအုံကိစ္စနဲ့  တိုင်းပြည် ၀မ်း ကို မဆင်မခြင်ဖောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ် ။ အခုနောက်ထပ်ပြုခဲ့တဲ့  ဥပဒေအသစ်တွေ ပယ်ဖျက်ခဲ့တဲ့ ဥပဒေအဟောင်းတွေနဲ့  တိုင်းပြည်ရဲ့  နား နဲ့  မျက်စိကို ထပ်ဖောက်သလို မဖြစ်ပါစေနဲ့ လို့ သာ ဆုတောင်းပါတယ် ။ ခင်ဗျားတို့  ဦးထိပ်ထားတဲ့  လူ့ အခွင့်အရေးကြီး ကျန်းမာချမ်းသာပါစေ ။ မနေ့ က ဗုံးခွဲတိုက်ခိုက်မှုမှာ အသက်ပေးလိုက်ရတဲ့  ပြည်သူနှစ်ယောက်လဲ ကောင်းရာသုဂတိ လားပါစေ ။ ------------------------------------- ရဲမိုး

Thursday, December 28, 2017

Zaw Rayin;Computer သုံးစွဲသူတိုင်း မိမိတို့Computer မှာပါရှိတဲ့ CPU,RAM,Graphic RAM,HDD,CD DVD များ Windows 32bit 64bit များကို မိမိကိုယ်တိုင်ကြည့် တက်နိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ Computer အသစ်ဝယ်တဲ့အချိန်မှာလည်း ဆိုင်ကအရောင်းဝန်ထမ်းကို မေးစရာမလိုပဲ အခုကျွန်တော်ပြောပြတဲ့နည်းအတိုင်း အလွယ်တကူ ကြည့်ရူ့စစ်ဆေးနိုင်မှာပါပဲဖြစ်ပါတယ်။Computer အသုံးပြုသူတိုင်း သိထားသင့်ပါတယ်ခင်ဗျာ။ အောက်မှာ ပုံတွေနဲ့လည်းရှင်းပြထားပါတယ်။ ပထမဦးဆုံး OS Windows အကိုအရင်ကြည့်မယ်ဗျာ။ MyComputer(Win 7),ThisPC(Win 8,10) icon လေးပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပြီး ကြည့်ပါ။ ဒါမှမဟုတ် Win Key နဲ့ Pause Break key ကိုနှိပ်ပြီးကြည့်ပါ။ အဲ့ထဲမှာ အသုံးပြုထားတဲ့ Windows , CPU , RAM , Windows 32bit 64bit တို့ကိုကြည့်ပါ။ Processor နေရာမှာ Intel Core i7-7500U ဆိုရင် i7 7th Generation ပဲဖြစ်ပါတယ်။ i7 အနောက်မှာရှိတဲ့နံပါတ်က Generation ကို ကိုယ်စားပြုတာပါ 6 နဲ့စရင် 6Generation,5 နဲ့စရင် 5Gen,4နဲ့စရင်4Gen အစရှိသဖြင့်ခွဲခြားလို့ရပါတယ်။နောက်တစ်ခုက Graphic အမျိုးအစားကိုကြည့်ပါမယ်။ Desktop ရဲ့လွတ်တဲ့နေရာတစ်ခုကို Right Click နှိပ်လိုက်ရင် Intel Graphic ပါတဲ့စက်က Intel လို့ပေါ်ပါမယ်၊ Nvidia ဒါမှမဟုတ် AMD ဆိုပြီးပါပါတယ်။ ပါဝင်တဲ့ Graphic ကိုနှိပ်ပြီးဝင်ကြည့်ပါ။ Nvidia Control Panel ထဲရောက်ရင် ဘယ်ဘက်အောက်ဒေါင့်နာမှာ System Information ကိုနှိပ်လိုက်ပါ။ထပ်ပေါ်လာတဲ့ box ထဲက Dedicated Video Memory ကိုကြည့်ပါ 2048MB DDR 3 ဆိုရင် Graphic RAM က 2GB DDR 3 အမျိုးအစားဖြစ်ပါတယ်။ (2048MB=2GB) MB နဲ့ပဲပြပါတယ်။ နောက်တစ်ခုက AMD Graphic ကိုကြည့်ပါမယ် Desktopပေါ်မှာ Right Click AMD Radeon Setting ကိုနှိပ်ပါ။ပေါ်လာတဲ့ AMD Control Panel ထဲကညာဘက်အပေါ်နားက System ကိုနှိပ်ပါ၊ Hardware ကိုထပ်နှိပ်ပါ ပေါ်လာတဲ့အထဲက Memory Size ကိုကြည့်ပါ (4096 MB) လို့တွေ့ရင် 4GBပါ 1024MB=1GB, 2048MB=2GB ပါ အမျိုးမျိုးပါရှိနိုင်ပါတယ်။ နောက်တစ်နည်းနဲ့လည်းကြည့်လို့ရပါသေးတယ်။ Win Key + r ကိုနှိပ်ပါ msinfo32 လို့ရိုက်ပါ။ ဘယ်ဘက်က Component ကိုနှိပ်ပါ Display ကိုထပ်နှိပ်ပါ ညာဘက်မှာ ပါဝင်တဲ့ Graphic အမျိုးအစားများပေါ်လာပါ့မယ်။ ဥပမာ Intel နဲ့ Nvidia နှစ်ခုပါရင် Onboard Graphic Intel နဲ့ နောက်ထပ် Nvidia Graphic ဆိုပြီး Graphic နှစ်ခုပါပါတယ်။ Intel တစ်ခုထဲလည်းပါနိုင်သလို Nvidia ,AMDတစ်ခုတည်းလည်းပါနိုင်ပါတယ်။ Win Key + r ကိုနှိပ်ပြီးdxdiagလို့ရိုက်ပြီးလည်းကြည့်လို့ရပါတယ်။နောက်တစ်ခုအနေဲ့ Win key+r ကိုနှိပ်ပါ diskmgmt.msc လို့ရိုက်ပါ။ ဘယ်ဘက်အောက်နားမှာ Disk 0 (465 GB) လို့ပါရင် 500GBပါ။ 500GB က Computer ရဲ့ Storage ပါ Data သိမ်းတဲ့အပိုင်းပါ။နောက်ဆုံးတစ်ခုအနေဲ့ Win key+r ကိုနှိပ်ပါ devmgmt.msc လို့ရိုက်ပါ Computerပါတဲ့ Device တွေကိုကြည့်လို့ရပါတယ် wifi,Bluetooth,Lan တို့ကိုလည်း Network Adapters ဆိုတဲ့နာမည်အောက်မှာကြည့်လို့ရပါတယ်။အောက်မှာပုံတွေနဲ့တကွရှင်းပြထားပါတယ်။အဆင်မပြေတာရှိရင်မေးမြန်းလို့ရပါတယ်ခင်ဗျာ။
Zaw Rayin;Window 7 မှာ Start ကို နှိပ် Control Panel ပျောက်နေပါက ****************************************** – အရင်ဆုံး Taskbar အပေါ် Right Click နှိပ်ပါ။ – Properties ကို နှိပ်ပါ။ – Taskbar and Start Menu Properties စာမျက်နှာလေး ကျပါမယ် အဲဒီမှာ Start Menu ကို နှိပ်ပါ။ – Start Menu ထဲက Customize ကို နှိပ်ပါ – Control Panel ကို ရှာပါ။ Control Panel တွေပါက Control Panel အောက်က Display as a link ကို အစက်ချပေးပါ။ – အဆင်ပြေပါစေ။ အောက်မှာ ပုံနဲ့ ပြထားပါတယ်။ **************************************** အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။ **************************************** အဆင်ပြေပါစေ ကျောက်ဆည်သားလေး