Tuesday, August 26, 2014

Wednesday, August 20, 2014

Furits

လူကြီးမင်းတို့အနေဖြင့် အသီးများကို လတ်လတ်ဆပ်ဆပ်နှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူစားသုံချင်လျှင် မုံရွာမြို့ ထန်းတောသံလမ်းဈေးသို့ အရောက်ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ (ဒေါ်စိန်တင် သမီး Ko Zaw Win Mg&Ma Aye Sandar Htun ) သစ်သီးရောင်းဝယ်ရေး
သစ်သီးများအား ဈေနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးနေပါပြီ
ဖုန်း(၀၉-၄၃၁၀၄၃၃၆/၄၀၀၄၆၈၉၆၄/၄၄၂၀၇၅၉၂၆)

Tuesday, August 19, 2014

ဗျောက်​အိုး ​ဖောက်​ခြင်း


သို့
ဦးသိန်းထွန်း
ရပ်ကွက်အုပ်ချုပ်ရေးမှူး
ထန်းတော(အလယ်ရပ်)
မုံရွာမြို့
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်
အကြောင်း အရာ။ အချိန်အခါမဟုတ် ဗျောက်အိုးများ ဖောက်ခြင်းအား တားမြစ်ပေးရန် တင်ပြတောင်းခံခြင်း
မြန်မာနိုင်ငံသည် ဗုဒ္ဒထုံးထမ်းအစဉ်အလာအရ ဘာသာရေးကို လိုက်စားသောနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၂ လာရာသီလုံးလုံး ပွဲတော်များလည်းရှိပါသည်။ ထိုအထဲမှ သီတင်းကျွတ်သည်လည်း အပါအ၀င်ဖြစ်ပါသည်။ သီတင်းကျွတ်လတွင် သက်ကြီးလူအိုများအား ကန်တော့ခြင်းနှင့် ဘုရားသွားကျောင်းတတ်များဖြည့် စည်ကားသိုက်မြိုက်လျှက်ရှိပါသည်။
လက်ရှိယခုလသည် ၀ါခေါင်လထဲတွင်သာ ရှိနေပါသေးသည်။ ရပ်ကွက်နေပြည်သူများသည် ဗျောက်အိုးများအား အချိန်အခါမဟုတ်ဘဲ ပွင့်လင်းမြင်သာစွာဖြင့် ရောင်းချနေလျှက်ရှိနေပါသည်။ အချိန်အခါအရ ဗျောက်အိုးများအား ဖောက်လျှင်မဆိုလိုပါ။ ယခုလို အချိန်မဟုတ်ဘဲနှင့် ဖောက်ချင်း/ရောင်းချချင်းတို့သည် ရပ်ကွက်နေပြည်သူများအား စော်ကားရာရောက်ပါသည်။
သို့ဖြစ်သောကြောင့် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းအနေဖြင့် အဆိုပါ ဗျောက်အိုးများ ရောင်းချခြင်းအား တားမြစ်ပေးပါရန် လေးစားစွာဖြင့် တင်ပြအကူအညီတောင်းခံအပ်ပါသည်။

(ရပ်ကွက်နေ ပြည်သူတစ်ဦး)

Sunday, August 17, 2014

Good

http://www.facebook.com/thanlarwaddytimes/posts/529729723826021

Wednesday, August 13, 2014

https://play.google.com/store/apps/details?id=com.sgiggle.production
https://play.google.com/store/apps/details?id=com.sgiggle.production

Friday, June 13, 2014

ငါ၏ ဘဝခုမှစ

၂၀၁၄ ခုနှစ် ဇွန်လိုင်လ ၁၂ ရက်နေ့မှာ သားလေးမွေးပါတယ် ဗျာ

Thursday, June 5, 2014

ZawRayin MSAU-2(Monywa): Zaw Rayin MSAU-2(Monywa)   

U8825D ရဲ့ Root လုပ်နည်းလေး လာပြီဗျို့  Share This Add to Delicious Share on FriendFeed Digg submit to reddit Tags Root လုပ်ဖို့ အတွက် ပထမဆုံးလိုအပ်ချက် ဖုန်း Driverကို ဒေါင်းလုပ်ဆွဲရပါမယ်။ ဒေါင်းလုပ် အတွက် လင့်က https://www.dropbox.com/s/nvq2to78o71txfj/Handset%2BWinDriver.rar ဖြစ်ပါတယ်။ ဒေါင်းပြီးရင်တော့ ရလာတဲ့ rar ဖိုင်လေးကို ဖြည်ပြီး ကွန်ပျူတာထဲမှာ install လုပ်လိုက်ပါ။ ဒုတိယ လုပ်ဆောင်ရမှာကတော့ ဖုန်းထဲက system settings>developer options> USB debugging လေးကို ကလစ်လေး ပေးလိုက်ပါ။ အဲ့ဒါပြီးရင် ကျွန်တော်တို့ ကွန်ပျူတာနဲ့ ဖုန်းတို့ကို ချိတ်ဆက်ရန် အဆင်သင့် အခြေအနေသို့ ရောက်နေပါပြီ။ ကျွန်တော်တို့ ရဲ့ဖုန်းကို bootloader ကို Unlock ဖို့ အတွက် http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock လင့်ကိုသုံးရပါ့မယ်။ အဲ့လင့်ထဲရောက်သွားလျှင် အောက်တွင်ပါသော ပုံပါအတိုင်း လုပ်ဆောင်ရပါမည်။ S/N number နဲ့ IMEI/MEID နံပါတ်တွေကို မိမိ၏ ဖုန်းကို ဘက်ထရီဖြုတ်လိုက်လျှင် တွေ့နိုင်ပါတယ် ခင်ဗျာ။ Product ID ကိုတော့ ဖုန်းခေါ်သည့်နေရာတွင် *#*#1357946#*#* ရိုက်ထည့်ခြင်းဖြင့် တွေ့နိုင်မည်ဖြစ်ပါတယ်။ Huawei ဆိုဒ်ထဲမှာလိုအပ်သည်များကို ဖြည့်ပြီးလျှင် အနီရောင် ခလုပ်လေးကို နှိပ်လိုက်ပါ ။ ကျွန်တော်တို့ Huawei ဆိုဒ်ထဲမှာဖြည့်ထားတဲ့ Email ထဲသို့ Huawei မှ Unlock code ပြန်ပို့ပေးပါလိမ့်မယ်။ ပို့မည့်အချိန်ကတော့ ပုံမှန်မရှိပါဘူး ခင်ဗျာ။ ချက်ချင်းပြန်ပို့နိုင်သလို့ ၃ရက်မျှကြာတတ်သည်လည်း ရှိပါတယ်။ unlock code ပို့ ပေးသည့်အချိန်ထိတော့ သည်းခံပြီး စောင့်ပေးပါ။ Unlock Code ရပြီဆိုလျှင် Bootloader ကို Unlock လုပ်တော့မည် ဖြစ်ပါသောကြောင့် မိမိ ဖုန်းထဲမှာ ရှိတဲ့ Contacts များ၊ SMS များနဲ့ အရေးကြီးဒေတာများကို Backup လုပ်ထားသင့်ပါတယ် ခင်ဗျာ။ ကဲ Unlock လုပ်ဖို့ အကြောင်း ဆက်ပြောကြရအောင်။ https://www.dropbox.com/s/pfhdbykms3imxr4/G330D%20a%20key%20to%20unlock.rar ကိုဒေါင်းထားပြီး ရလာသည့် rar ဖိုင်ကို ကွန်ပျူတာထဲတွင်ဖြည်ထားပါ။ ဖုန်းရဲ့ Settings>Application>Fast boot ကို ကလစ်ဖြုတ်ပြီး power off လိုက်ပါ။ ပိုသေချာအောင် ဘက်ထရီကို ဖြုတ်ပြီး အနည်းဆုံး ၅စက္ကန့်လောက် အကြာထားလိုက်ပါ။ ပြီးနောက် volume down နဲ့ power ခလုပ် ကိုတွဲပြီး ၁၅ စက္ကန့် လောက် အနည်းဆုံး နှိပ်ထားပြီး Bootloader mode ထဲကိုဝင်ပါ။ ပြီးလျှင် USB cable ဖြင့်ကွန်ပျူတာကို ချိတ်ပြီး အပေါ်မှာဒေါင်းပြီး ဖြည်ထားတဲ့ G330D a key to unlock ဖိုဒါထဲက G330D一键解锁.exe ဖိုင်လေးကို run ပေးလိုက်ပါ။ Run ပြီး ပေါ်လာတဲ့ box ထဲမှာ မေးထဲကိုရောက်နေတဲ့ unlock coad ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်လျှင် ဖုန်းဟာ restart ကျသွားပါလိမ့်မယ်။ ဒါဆို bootloader ကို unlock လုပ်လို့ ပြီးပါပြီ။ ကျွန်တော်တို့ CWM Recovery ဆက်တင်ကြည့်ကြရအောင်နော်။ CWM Recovery တင်ဖို့ဆိုရင် https://www.dropbox.com/s/61a0e0553cu7wwt/recovery6.0.1.2_AscendG330D.rar ဒီလင့်လေးကို အရင်ဒေါင်းပြီး။ Huawei ဖုန်းတွေရဲ့ ထုံးစံအတိုင်းဖုန်းကိုပိတ် ဘက်ထရီ ၅စက္ကန့်ဖြုတ် ပြန်တပ် volume down နဲ့ power ကိုတွဲနှိပ် ၁၀စက္ကန့်ခန့် 3G မှာရပ်နေပြီဆို fastboot mode ကိုရောက်ပါပြီ။ ဒါဆို ကွန်ပျူတာကို USP ကြိုး နဲ့ချိတ်လိုက်လို့ ညာဖက်အောက်နားက USP Drive လေးကိုရှာတွေ့လို ရပ်သွားပြီဆို ဒေါင်းထားတဲ့ recovery6.0.1.0_AscendG330D.rar လေးကို ဖြည်ထားတဲ့ ထဲက recovery6.0.1.2_AscendG330D.exe လေးကို run ပေးလိုက်ပြီး ပထမအဆင့်မှာ 1 ကိုရွေးပြီး Enter ၂ ခါ ရိုက်လိုက်တယ် ဆိုရင်ပဲ ဖုန်းဟာ rebooting ဖြစ်သွားပြီး CWM ကို သွင်းပြီး ဖြစ်သွားပါလိမ့်မယ်။ CWM ရမရ ကြည့်ချင်ရင် Volume up နဲ့ Power ကိုတွဲပြီး ၁၀ စက္ကန့်လောက် ကြာရင် CWM-based Recovery v6.0.12 ဆိုတာလေး ကိုတွေ့ရပါမယ်။ ဆက်ပြီး root ကြည့်လိုက်ကြရအောင်ဗျာ။ https://www.dropbox.com/s/2ytam587dakpdp9/Root%20Recovery.zip လင့်လေးကိုဒေါင်းပြီး SD ကဒ်ထဲကို ကူးထည့်ပါ။ ပြီးရင် CWM လေးထဲဝင်လိုက်ပြီး install zip from sdcard ကိုရွေးပြီး ၀င်လိုက်ရင်ပဲ SD card ထဲကိုရောက်သွားပါမယ်။အဲ့ထဲမှာမှ sdcard ထဲ ကူးထည့်ထားတဲ့ Root Recovery.zip ဖိုင်လေးကို ရွေး ပေးလိုက်ပါ။ ဒါဆို root recovery.zip ဖိုင်လေးကို install လုပ်ပေးပါ့မယ်။ ပြီးရင်တော့ ဖုန်းကို reboot လုပ်ကြည့်လိုက်တယ် ဆိုရင်ပဲ Root လုပ်ပြီးသား Huawei U8825D ဖုန်းတလုံးကို ပိုင်ဆိုင်ခွင့်ရသွားပါပြီခင်ဗျာ။
PDF FILE အဖြစ်ရယူလိုရင် > https://www.dropbox.com/s/yaefss5tfdduryn/Root%20for%20U8825D.pdf <<