လိုအပ်သည်များနှင့် မသိတာများအား ဆက်လက်သင်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ..............
Monday, February 1, 2016
Wednesday, January 20, 2016
အစကတည်းက ပြည်သူတွေကြိုက်ခဲ့ရင်
Jan 20, 2016
SOCIALIZE IT →
20-1-2016
ဒုတိယလွှတ်တော်သက်တမ်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြန်လည်ခေါ်ယူပြီး လွှတ်တော်အသစ်
စတင်မှာဖြစ်ပါတယ်။အဲဒီလွှတ်တော်မှာ နိုင်ငံတော်သမ္မတအတွက် ပြည်သူ့လွှတ်တော်က ရွေးချယ်တင်
မြှောက်တဲ့ ဒုတိယသမ္မတတစ်ယောက်၊ အမျိုးသား လွှတ်တော်ကရွေးချယ်တင်မြှောက်တဲ့ ဒုတိယသမ္မတ တစ်ယောက်နဲ့ တပ်မတော်သားကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်တဲ့ ဒုတိယသမ္မတတစ်
ယောက်ဆိုပြီး ဒုတိယသမ္မတ ၃ ယောက် ရွေးချယ်တင် မြှောက်မှာ ဖြစ်ပါတယ်။ ဒီဒုတိယသမ္မတ ၃ ယောက်ထည်းမှာမှ ပြည်ထောင်စုလွှတ်တော်မှာ မဲအများဆုံးရရှိပြီး အရွေးချယ်ခံရမယ့်သူက နိုင်ငံတော်
သမ္မတ တာဝန်ထမ်းဆောင် ရမှာဖြစ်ပြီး ဒုတိယမဲအများဆုံး ရရှိတဲ့သူက ဒုတိယသမ္မတ(၁)နဲ့ နောက်ဆုံးတစ်ယောက်က ဒုတိယသမ္မတ(၂) အဖြစ် အသီးသီး တာဝန်ထမ်းဆောင် ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ လက်ရှိရွေးကောက်ပွဲ အနိုင်ရပါတီ NLD ပါတီကတင်မယ့် ဒုတိယသမ္မတ ထဲမှာ စစ်အာဏာရှင်ခေတ်က တတိယအကြီးဆုံးဖြစ်ခဲ့ဖူးတဲ့ သူရဦးရွှေမန်း တစ်ယောက်ပါမယ်လို့ သိရပါတယ်။ ဒီသတင်း အမှန်သာဆိုရင်တော့ NLD ပါတီကတင်တဲ့ ဒုတိယသမ္မတကို တပ်မတော်က လက်ခံပါ့လား..?
ဦးရွှေမန်းကို လက်ရှိလွှတ်တော် သက်တမ်းမှာ သူရွေးချယ်ခံခဲ့ရတဲ့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မဲဆန္ဒရှင်ပြည်သူတွေက စုပေါင်း လက်မှတ်ရေးထိုးပြီး ပြန်လည်ဖြုတ်ချဖို့ လုပ်ခဲ့ ပါသေးတယ်။ Right to Recall ဥပဒေကို သူကဆိုင်းငံ့ထားတယ်ဆိုပြီး လုပ်ထားတော့ ဖြုတ်ချလို့ မရခဲ့တဲ့ အနေအထားပါ။ ဇေယျာသီရိမြို့နယ်ဆိုတာ တပ်မတော်သားတွေ အများစုရှိတဲ့နေရာပါ။ ဒီလိုဖြုတ်ချခံ ရဖို့ လက်မှတ်ရေးထိုး အဆိုတင်သွင်း ခံရတဲ့ သူတစ်ယောက်အနေနဲ့ တပ်မတော်နဲ့ သဟဇာတ ဖြစ်ဖို့ဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
တစ်နိုင်ငံလုံးပွဲဆူသွားစေခဲ့တဲ့ ကိစ္စက အခြေခံဥပဒေခုံရုံးကိစ္စပါ။ လွှတ်တော်က ဖွဲ့စည်းတဲ့
ကော်မရှင်တွေ၊ ကော်မတီတွေဟာ ပြည်ထောင်စု အဆင့်မဟုတ်လို့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကနေ ခုံရုံးကို ပြစ်တင်မှု တွေကနေ စတဲ့ပြဿနာပါ။ အစိုးရဘက်ကကြည့်ရင်လည်း နဂိုကမှ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နေ့တွက် စရိတ်နဲ့တင် မထောင်းသာလှတဲ့ ငွေကြေး သုံးစွဲမှုအပြင် အဲဒီပြည်
ထောင်စုအဆင့်ကော်မရှင်တွေအတွက် အဆောင် ယောင်တွေနဲ့ ထောက်ပံ့မှုတွေပါ ထပ်မံကုန်ကျမယ့် ကိစ္စမျိုးတွေပါ ထည့်တွက်စဉ်းစားရပါတယ်။ ခုံရုံးပြဿနာဟာ ဦးရွှေမန်းအနေနဲ့ အာဏာပါဝါတိုးမြှင့်ရယူပြီး လွှတ်တော်အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့အသွင်ကို ယူဆောင် လိုက်ခြင်းလည်း
ဖြစ်ပါတယ်။ ပြဿနာက ဦးရွှေမန်းရဲ့ သားဖြစ်သူ တိုးနိုင်မန်းဟာ ရွေးကောက်ခံကိုယ်စားလှယ် မဟုတ်ဘဲနဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှာ ပါဝင်နေတာကလည်း ဒီပြဿနာကို ပိုမိုတွန်းအားဖြစ်စေခဲ့ပြီး နောက်ဆုံးမှာတော့ ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့အတူ ဥပဒေနယ်ပယ်မှာ ထိပ်တန်းပါဆိုတဲ့ ပညာရှင် ၈ ဦးတို့ဟာ ခုံရုံးကနေ နှုတ်ထွက်သွားရပါ တော့တယ်။ အဲဒီနောက်ပိုင်းမှာ ခုံရုံးဥက္ကဋ္ဌသစ် နေရာဟာ ဦးသိန်းစိန်အဆိုပြုတဲ့ ဦးမြင့်ဝင်းမဟုတ်ဘဲ ဦးရွှေမန်းရဲ့ တင်မြှောက်ပေးမှုနဲ့ ဦးမြသိန်း ဖြစ်သွားပါတယ်။ ဒီအဖြစ်ဟာ တရားစီရင်ရေးမဏ္ဍိုင်ကြီးကို ဥပဒေ ပြုရေးမဏ္ဍိုင်ကအလဲထိုး ဖြိုခွဲလိုက်တဲ့လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။
မီဒီယာတွေမှာ နာမည်ထွက်တော့ ဦးရွှေမန်း လုပ်ဆောင်တယ်လို့ မပြောကြဘဲ ပြည်ခိုင်ဖြိုးက ဦးဆောင်ပြီး ခုံရုံးကိုဖြုတ်တယ်လို့ ဖြစ်ခဲ့ပါတယ်။ သူနဲ့ သူ့လူရင်းတွေရဲ့ လုပ်ဆောင်မှုကြောင့် ပါတီအတွင်းမှာလည်း ကတောက်ကဆတွေနဲ့ ပါတီကို နာမည်ဖျက် ခဲ့တာလည်း ဦးရွှေမန်းပဲ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ လွှတ်တော်သက်တမ်းမှာလည်း သူတော်ကောင်း ကြီးတစ်ဦးပုံစံနဲ့ ၀န်ထမ်းတွေ လစာတိုးရေးကိစ္စနဲ့ နှစ်စဉ်နှစ်တိုင်း အစိုးရကိုပြဿနာရှာခဲ့ပါတယ်။ တိုင်းပြည် GDP နည်းတဲ့အချိန်မှာ လခတိုးပေးလိုက်ရင် ဖြစ်လာမယ့် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးဘဲ အခုလိုလစာတိုးဖို့ အရေးကိစ္စလုပ်တာဟာ အစိုးရကိုအကြပ်ရိုက်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်သူအမြင်မှာတော့ ဦးရွှေမန်းက စေတနာထားတယ်။ အကြွေး ၁၁ ဘီလီယံကျော်တင်နေတဲ့ နိုင်ငံမှာဝန်ထမ်းအားလုံးကို လစာတိုး ပေးရင် နောက်ထပ် ဘီလီယံ ၆၆၀၀ ကျော် လိုငွေပြမယ်လို့ ဝန်ကြီးဦးလှထွန်းက ရှင်းပေးခဲ့ပါတယ်။ အဲဒီ လိုငွေကို ရှာဖွေရမယ့် ဦးသိန်းစိန်အစိုးရအဖွဲ့အတွက် ပြဿနာကို ဦးရွှေမန်းက ချနင်းပြီး ခဲတစ်လုံးနဲ့ ငှက်နှစ် ကောင်ပစ်ခဲ့ပါတယ်။
လစာတိုးပေးတယ်ဆိုတာနဲ့ ပြည်သူ့ဝန်ထမ်းလောကရဲ့ အားကိုး လေးစားမှုကို မျက်နှာ ယူချင်တာပဲ ဖြစ်
ပါတယ်။ တစ်ဖက်မှာလည်း လစာတိုးဖို့ ငြင်းဆန်လိုက်တဲ့အစိုးရရဲ့ Image ကိုချပစ်ခဲ့ပါတယ်။
ဦးရွှေမန်းဟာ သူ့ကိုရွေးချယ်တင်မြှောက်လိုက်တဲ့သူတွေကိုသာမက ပါတီဝင်တွေကိုပါ သစ္စာမဲ့တဲ့လုပ်ရပ်တွေ လုပ်ခဲ့တဲ့သူပါ။
ပါတီအတွင်းမှာဆိုရင် ဦးရွှေမန်းထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများပါတယ်။ အခြေခံဥပဒေ အရ သမ္မတ ဦးသိန်းစိန်ဟာ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်နိုင်ခြင်း မရှိတဲ့အချိန်မှာ ဦးရွှေမန်းက သူ့ကိုယ်သူ ပါတီဥက္ကဋ္ဌနေရာ ကို အတင်းရယူပြီးတော့ ပါတီမူဝါဒတွေကို ဗဟိုဦးစီးမှုနဲ့ ချမှတ်တာတွေပြု လုပ်ခဲ့ပါတယ်။ ဦးအောင်ကိုနဲ့ ဦးအေးမောင်တို့လိုမျိုး လူရင်းတွေမွေးပြီး လွှတ်တော်မှာ ပွဲထုတ်ကာ ပါတီအတွင်းစည်းလုံးမှု လျှော့နည်း လာအောင် ဖန်တီးခဲ့ပါတယ်။ သူ့ကြောင့်လည်း ပြည်ခိုင်ဖြိုး
ပါတီအတွင်း အကွဲအပြဲ တွေဖြစ်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်မီ ပါတီရဲ့အတွင်းရေးကိစ္စကဟိုးလေး တကြော်ကြော်ဖြစ်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။
ဦးရွှေမန်းဟာ တပ်မတော်ကိုလည်း ချောက်တွန်းခဲ့ပြီးပြီ၊ နိုင်ငံတော်ကိုလည်း ဒုက္ခပေးခဲ့ပြီးပြီ၊ ပါတီကို
လည်း ဖြိုခွဲခဲ့ပြီးပြီ၊ အခုထပ်ပြီးတော့ အစိုးရ သစ်ဖြစ်မယ့် NLD ပါတီကိုပါ ဖြိုခွဲဖို့ အစပြုလာတာ
ကိုတွေ့ရပါတယ်။ NLD အစိုးရသစ်ဟာ တပ်မတော်နဲ့ လက်တွဲမယ်လို့ သတင်းတွေလည်း ကြား ရပါတယ်။ ဦးရွှေမန်းဟာ တပ်က လာတာဆိုပေမယ့် တပ်နဲ့အဆင်ပြေတဲ့ အနေအထားမတွေ့ရပါဘူး။ ဒါကြောင့် ဦးရွှေမန်းရဲ့အကြံပေးချက်တွေ အတိုင်း NLD အစိုးရက လုပ်မယ်ဆိုရင် တပ်မတော်က လက်မခံဘဲ ကန့်ကွက်မှုတွေ ရှိလာနိုင်ပါတယ်။ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ခဲ့ တာတွေ၊ ဆရာမွေး တပည့်မွေးလုပ်ခဲ့တာတွေကြောင့် ပြည်ခိုင်ဖြိုး ပါတီလည်း ပြိုကွဲခဲ့ရပါတယ်။ ဒါကိုကြည့်ရင် သူအာဏာရဖို့အတွက် ဘယ်ပါတီကိုမဆို သစ္စာရှိမှာ မဟုတ်သလို ပါတီပြိုကွဲအာင် လုပ်ဖို့လည်း ၀န်လေးမယ့် လူစားမျိုးမဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။
ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ ဦးရွှေမန်းဟာ ကြောက်စရာကောင်းတဲ့သူ တစ်ယောက်အဖြစ် သတ်မှတ်လို့ရ ပါတယ်။ အတူတူ အသက်ပေးပြီး အလုပ်လုပ်ခဲ့ကြဖူးတဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်းအပေါ်မှာလည်း သစ္စာ မထားခဲ့ပါဘူး။ ဒီလိုလူမျိုးကိုသာ NLD ပါတီက ဒုတိယသမ္မတ တင်မြှောက်မယ်ဆိုရင်တော့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုးတဲ့ အဖြစ်မျိုးတော့ ကြုံရမယ့်ကိန်းဆိုက် နေပါတယ်။ စစ်အာဏာရှင်ဟောင်း ကို အာဏာပြန်ပေးရင် တိုင်းပြည်ဘယ်လိုပြန် ဖြစ်သွားမလဲဆိုတာ မတွေးရဲစရာပါ။ NLD အနေနဲ့လည်း တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပြောထားပြီး ဒီလိုလူမျိုးကို ဒီလိုနေရာပေး မယ်ဆိုရင် တပ်မတော် အနေနဲ့ လက်ခံပါ့မလားဆိုတာ စဉ်းစားသင့်ပါတယ်။
NLD ပါတီက လက်ရှိအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ထဲမှာ ဘွဲ့ရပညာ တတ်လို့ပြောလို့ရတဲ့လူပေါင်း ၇၁၃ ယောက်၊ ၁၀ တန်းအောင် ၇၇ ယောက် လောက်ရှိတဲ့ အထဲမှာ ဒုတိယသမ္မတ အရည်အချင်းကိုက်ညီပြီး လုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား..? ဦးရွှေမန်းကို ဒုတိယသမ္မတ တင်မယ့်အစား ကိုယ့်ပါတီထဲက ပညာတတ်တွေကို စိတ်ကြိုက် ရွေးပြီး တင်မြှောက်တာမှ ပါတီအတွက်လည်း အကျိုးရှိ တိုင်းသူပြည်သားတွေအတွက် အမှန်တကယ် အပြောင်းအလဲ တစ်ခုကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးရာ ရောက်မှာပဲဖြစ်ပါတယ်။ ဦးရွှေမန်းကိုသာ ဒုတိယသမ္မတပေးရင် အာဏာရှင်ဟောင်းတစ်ယောက် အာဏာပြန်ရသလိုဖြစ်မဲ့ ကိစ္စမှာ ပြည်သူ
တစ်ယောက် အနေနဲ့ NLD အပေါ် ယုံကြည်လို့ပေးခဲ့တဲ့ ဆန္ဒမဲတစ်ခုအတွက် ရင်နာလို့ဆုံးမှာ
မဟုတ်ပါဘူး။ အရင်ကတည်းက ဦးရွှေမန်းကို ကြိုက်ရင် သူ့မဲဆန္ဒနယ်မှာ NLD ပါတီကို မဲပေးခဲ့စရာ အကြောင်းမရှိဘူးဆိုတာ NLD ပါတီက ဗဟိုဆိုတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ သိစေချင်ပါတယ်။
မောင်လှ(ဖြူး)/ချွတ်ချော်တဲ့ လွှတ်တော်
Tuesday, November 24, 2015
အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
သားဒီပို့စ်ကို မရေးချင်ပါဘူး၊ ဒါပေမယ့် သားကို လာလာစမ်းနေလို့ ရေးပေးလိုက်ရတာပါ၊ ဦးစားပေးကတော့ FB အကောင့်ကို ကာကွယ်နည်းပါ။
ကျွန်တော်က ဟက်ကာတစ်ယောက်မဟုတ်ပေမယ့် Facebook အကောင့်တစ်ခုကို အောင်အောင်မြင်မြင် ဟက်ခဲ့ပါတယ်။ ဘာ ဟက်ကာ ဆော့ဖ်ဝဲမှ မသုံးပါဘူး။ အဲဒီအကောင့်က ကိုယ့်စိတ်ကြိုက်လိုသလို သုံးလို့ရတဲ့ အဆင့်ထိ ရောက်သွားပါပြီ။ တကယ်ပြောတာပါ။ သို့ပေမယ့် စမ်းသပ်ရန် ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ ဖြစ်ပြီး သူငယ်ချင်း အရင်းခေါက်ခေါက်ကို တောင်းပန်ကာ အကောင့်ပြန်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူစိတ်ဆိုး နေလောက်ပါပြီ။ ဒီတော့ သိထားသူများလည်း သတိထားနိုင်ရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
ပြီးတော့ ဒီစာ မျှဝေတဲ့ ရည်ရွယ်ချက်က အကောင့် ခိုးစေဖို့မဟုတ်ပါဘူး။ ဗဟုသုအနေနဲ့လည်းကောင်း၊ ကာကွယ်တတ်ရန်လည်းကောင်း၊ အကောင့် ခိုးသူများ ဘယ်လိုနည်းလမ်းတစ်ခု အသုံးပြုနေပါသေးတယ်ဆိုတာကို
တကယ် လက်တစ်လုံးကြားကနေ လုပ်သွားတာ ဖြစ်ပါတယ်။ တကယ်လွယ်ကူတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီတော့ အကောင့်ခိုးနည်းနဲ့ အကောင့် အခိုးခံရခြင်းမှ ကာကွယ်ကွယ်နည်းဆိုပြီး နှစ်ပိုင်းတင်ပေးပါမယ်။ တစ်ပိုင်း တင်ရင်လည်း တကယ် ကွိုင်တက်မယ့် အခြေအနေဖြစ်ပါတယ်။ မိမိအကောင့်များ အခိုးမခံရအောင် ဖတ်ရှုစေလိုပါတယ်။
Facebook အကောင့် ခိုးခြင်း
အကယ်၍ အကောင့်ခိုးလို့မအောင်မြင်ရ
ာင် ယင်းအကောင့် ကြိမ်းသေ Lock ကျမယ့် နည်းပါ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ ဘာမှ လုပ်စရာမလိုပါဘူး။ ကျွန်တော်လုပ်သွားတဲ့ အဆင့်လေးတွေပဲ ပြောပြပါမယ်။
၁။ Facebook - Browser ထဲကို ကျွန်တော်အရင်ဝင်လိုက်ပါတယ်
၂။ ဘာမှ မလုပ်ပဲ လျှို့ ဝှက်ကုဒ်နံပါတ် မေ့ပါသည် ဆိုတဲ့ Forget Password ကိုနှိပ်လိုက်ပါတယ်။
၃။ ဒီတော့ Email ဖြည့်မလား၊ User name နဲ့ Friend name ဖြည့်မလား ဆိုတာ ပေါ်လာပါတယ်။ ဒါကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်။
၎။ ဒီမှာ ကိုယ် ဟက်ချင်တဲ့ အကောင့်ရဲ့  ဂျီတော့ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ပြီးတော့ Search လုပ်လိုက်တာနဲ့ အဲဒီအကောင့်ပေါ်လာပါပြီ။
၅။ ဒါသင့်အကောင့်လားလို့ မေးပါတယ်။ ဒီတော့ Yes , This is my account ဆိုတာလေးကို ရွေးချယ်ရပါတယ်။
၆။ ပြီးတော့ Pasword ပြန် rest လုပ်မလားလို့ မေးပါတယ်။ ဘာမှမနှိပ်ပါနဲ့။ လူအတော်တော်များများ သတိမထားမိတဲ့ Option တစ်ခုအဲဒီမှာ စပါပြီ။ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာပါပြီလို့ ရွေးချယ်ရတဲ့ I have on longer use this account ဆိုတာပဲ ဖြစ်ပါတယ်။
၇။ I have no longer use this account ကို နှိပ်လိုက်ရင်တော့ ထပ်ကျလာမယ့် box က email address ဖြည့်စွက်ခြင်း ဖြစ် ပါတယ်။ နှစ်ခါတိတိဖြည့်ရပါမယ်။ ဒီမှာ သတိထားရမှာက ကိုယ့်ဖြည့်တဲ့ အီးမေးလ်ဟာ Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ အီးမေးလ်ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တော့ ဂျီတော့ အကောင့် အီးမေးလ်နဲ့ ဝင်လိုက်ပါတယ်။
အဲဒီမှာ တစ်ခုထူးခြားတာက ကိုယ်က အီးမေးလ်ထည့်ပေမယ့် အီးမေးလ်ဆီကို Facebook ကစာမပို့ပါဘူး။ ဒါက သူတားဆီးထားတဲ့ Security layer ဖြစ်ပါတယ်။
၈။ နောက်ထပ် ကျလာတဲ့ Page ကတော့ Google အကောင့်ပြီး အကောင့်ပြန်ယူမလား၊ ထည့်ထားရင်းဆွဲ အီးမေးလ်ဆီကိုပဲ Code ပို့မလားလို့ မေးပါတယ်။ ဒီတော့ရွေးချယ်ရမှာက google အကောင့်သုံး မယ်ဆိုတဲ့ User google account ဆိုတာကို အသုံးပြုရပါတယ်။
၉။ နောက်ထပ်ကျလာတဲ့ Box က New email ဖြည့်ရုံပဲ ဖြစ်ပါတယ်။
၁၀။ နောက်တစ်ဆင့်ကတော့ Security Question ဖြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဒီ Layer တစ်ခုပဲ Facebook က ကောင်းကောင်းကာကွယ်ပေးထားပါ
၁၁။ ကျွန်တော့သူငယ်ချင်းခံထားတဲ
၁၂။ အဲဒီမှာ လျှို့ ဝှက်နံပါတ်အသစ် ဖြည့်ခိုင်းပါတယ်။ အဲမှာ ကိုယ်ဖြည့်ချင်တဲ့ လျှို့ ဝှက်နံပါတ် ဖြည့်လိုက်ရင်ပြီးပါပြီ။
၁၃။ ၂၄ နာရီကြာမှ အကောင့်ကို ပြန်လာဖွင့်ဖို့ပြောပါတယ်။ အဲဒီမှာ အကောင့်က လုံးဝ Lock ကျသွားတာ သေချာပါပြီ။ သူလည်းသုံးနေရင်း တန်းလန်းပိတ်သွားပါတယ်။ ၂၄ နာရီကြာချိန်မှာ ကိုယ်ပြောင်းထားတဲ့ Password နဲ့ ဝင်လိုက်ရုံနဲ့ပဲ အကောင့်က ကိုယ်ပိုင်ဖြစ်သွားပါတယ်။ ၂၄ နာရီတောင်မဟုတ်ပါဘူး။ ၂၃ နာရီ ၅၉ မိနစ်လို့ရေးသားဖော်ပြထားပါ
ဒုတိယ နည်းလမ်း
နောက်တစ်နည်းရှိပါသေးတယ်။ ဒါက Facebook ပေါ်မှာ သူငယ်ချင်းများထံ အကူအညီတောင်းခြင်းဆိုတဲ့ Layer ဖြစ်ပါတယ်။ Security Question အဆင့်မတိုင်ခင်မှာ အဲဒီ အဆင့်ပါရင်ပါတတ်ပါတယ်။ ဒီမှာ အကောင့် သုံးခုဖွင့်ပြီး သူနဲ့ friend လုပ်တယ်ဆိုရင်တော့ ဘယ်အဆင့်မှ သွားစရာမလို ပဲ အကောင့်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီ ဒုတိယနည်းလမ်း က ပိုမိုလွယ်ကူတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကျွန်တော်လည်း ကလိနေရင်း အဆင့်တိုင်းကို သေချာမှတ်ထား ဖို့ မေ့သွားလို့ Step တွေတစ်ခုခု လွဲကောင်းလွဲနေပါလိမ့်မယ်။ သို့ပေမယ့် ဒီအဆင့်တွေကိုပဲ စိတ်ရှည်ရှည်နဲ့လုပ်သွားရင်
ဒီမှာ ခလုပ်နှိပ်မမှားစရာ အဆင့်တစ်ခု ရှိပါတယ်။ ဒါကတော့ Send code သွားမနှိပ်မိစေဖို့ ဖြစ်ပါတယ်။ Send code ဆိုတာသာ သွားနှိပ်မိရင်တော့ ကိုယ်ဟက်နေတဲ့ လမ်းပျက်ဆီးသွားပါလိမ့်မယ်။
ကာကွယ်နည်း
----------
ဒီမှာ ကိုယ့်အကောင့် အခိုးမခံရအောင် ကာကွယ်ရမှာက ကာယကံရှင်ရဲ့ အပိုင်းဖြစ်ပါတယ်။ ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းဟာ အနောက်တိုင်းမှာ အတော်လေးအသုံးများလာတယ်လို့
ဒီတော့ ကာကွယ် ရမယ့် သူ အဓိကလုပ်ဆောင်ရမှာ နှစ်ခုရှိပါတယ်။
၁။ မိမိရဲ့  Facebook ဖွင့်ထားတဲ့ အီးမေးလ်ကို လူပေးမသိစေခြင်း။
၂။ Security Question ကို တကယ်လေးလေးနက်နက် ထားခြင်း။
Security Question က ပိုအရေးကြီးပါတယ်။ အချို့ က ပြီးပြီးရောဆိုပြီး မွေးရပ်ဇာတိ၊ အေးအေး၊ မြမြ၊ အစရှိသဖြင့် အလွယ်တကူတွေထားတော့ ကွိုင်တက်ကုန်ပါတယ်။ Security Question အပိုင်းသာခိုင်ခိုင်လေး လုပ်ထားရင် အကောင့်ခိုးခံရနိုင်ချေနည်း
အထက်ဖော်ပြပါ ကာကွယ်နည်းက အထက်ဖော်ပြပါ ခိုးနည်းရန်က ကင်းဝေးရန် ဖြစ်ပါတယ်။ အခြား ခိုးနည်းရန်မှ ကာကွယ်ရန်ကတော့ မိမိတာဝန်သာ ဖြစ်ပါတယ်။
Facebook က လုံခြုံရေးတော်တော်ညံ့ဖျင်း
ဒီတော့ စာရေးသူ မှာကြားချင်တာကတော့ Security Question မြင့်တင်စေဖို့ပဲ ဖြစ်ပါတယ်။ အီးမေးလ်ကတော့ အချင်းချင်းတွေသိနေမှာမို့ မတတ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ဟက် မယ့်သူကလည်း လူသိသာ ဟက်နိုင်မယ့် နည်းလမ်း လို့ အနီးစပ်ဆုံး သတ်မှတ်နိုင်ပါတယ်။ အချို့ ဆို Security Question တွေ မမှတ်မိတော့ပါဘူး။ ဒါတကယ် ဝမ်းနည်းစရာပါပဲ။ Facebook က Security Question နှစ်ခါ ဖြေခွင့် မပေးထားပါဘူးတဲ့ သူပေးတဲ့ စာအရဆိုရင်
We want to make sure that your account and the information in it stays safe, so once you set up a security question on your account there’s no way to update it. Sorry for the inconvenience. အဲဒီလို ဖြစ်ပါတယ်။
ဒီတော့ နောက်ထပ်တစ်နည်းကတော့ Password မေ့သွားပါတယ်ဆိုတဲ့ ထုံးစံ မေ့နေကျ Step အတိုင်းသွားပြီး ပြင်ရုံပဲဖြစ်ပါတယ်။
အထက်ပါနည်းလမ်းများကို မိတ်ဆွေများထံ မျှဝေပီး သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ရှခြင်းမှ ကင်းဝေးအောင် ဖေးမကူညီကြပါရန် ရေးသား တိုက်တွန်းလိုက်ရပါတယ်။
Monday, November 9, 2015
၂၀၁၅ ရွေးကောက်ပွဲ
မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် မဲရုံ ၅ ရုံ ရလဒ်ပါ။
ပြည်သူ့လွှတ်တော်
ပြည်ခိုင်ဖြိုး = ၃၁၂၂
NLD = ၁၀၆၈
အမျိုးသားလွှတ်တော်
ပြည်ခိုင်ဖြိုး = ၃၁၅၂
NLD = ၁၀၇၅
တိုင်းဒေသကြီး
ပြည်ခိုင်ဖြိုး = ၃၁၁၉
NLD = ၁၀၄၃
Monday, November 2, 2015
နှုတ်ဆက်လိုက်ပါတယ် အမေနှင့် NLD
နှုတ်ဆက်လိုက်ပါတယ် အမေရယ်
***********************
ရှစ်လေးလုံးနဲ့အတူ စင်ပေါ်ရောက်ခဲ့တဲ့ အမေ
စင်ပေါ်က အမေပြောတဲ့ ဒီမိုကရေစီ
သားတို့ သိပ်သဘောကျလို့
တဖြောင်းဖြောင်းမည်တဲ့ လက်ခုပ်သံ
အာကာသထိ ရောက်ခဲ့တယ် အမေ။
၁၉၉၀ ရွေးကောက်ပွဲကြီး
အမေ့ပါတီ အနိုင်ရလို့
ဒေါင်းအလံ ခေါင်းမှာပတ်
လမ်းပေါ်မှာ သားတို့ ကခဲ့ကြတယ် အမေ။
ဒါပေမဲ့ အမေဦးဆောင်တဲ့ ပါတီ
အာဏာရှင်အောက် ငါးပါးမှောက်ခဲ့ရတော့
သားတို့ရဲ့ မျှော်လင့်ချက်
တစစီကြေပျက်ခဲ့ရတယ် အမေ။
ပတ္တမြားမှန်ရင် နွံမနစ်ဘူးတဲ့
အမေတစ်ယောက်
ဒီမိုကရေစီအတွက် ပြန်ရောက်လာတော့
အရင်လိုပဲ အပြုံးမပျက် နှုတ်ခွန်းဆက်သံတွေနဲ့
သားတို့ ကြိုဆိုခဲ့တယ်အမေ။
ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့
အမေ့အပြုံးနဲ့ စကားကြားတော့
ဒါမှ ငါတို့အမေကွလို့
ပြုံးတပျော်ပျော်နဲ့ ကုန်းအော်ခဲ့တယ်အမေ။
လွှတ်တော်တက်တဲ့ အမေ့ဟန်ပန် ခန့်ညားလွန်းလို့
ဓာတ်ပုံတွေရိုက် မှန်ဘောင်သွင်း
အိမ်ဦးခန်းမှာ ချိတ်ဆွဲ
နေ့စဉ် ဦးချမိခဲ့တယ်အမေ။
သမ္မတကြီးဖြစ်ချင်တဲ့ အမေ့ဆန္ဒ
အဟုတ်တကယ် ဖြစ်ပါစေလို့
သားတို့ တစ်သိုက် ကြိတ်ဆုတောင်းခဲ့တာလည်း
မနည်းမနောပါအမေ။
NLD က ကုလားပါတီတဲ့
ဟုတ်မှဟုတ်ပါ့မလား
ငါ့လာမပြောနဲ့လို့
ဇွတ်အတင်း ငြင်းခဲ့ဖူးပါတယ် အမေ။
NLD ကလူတွေ ဘုန်းကြီးတွေကို
စော်ကားတယ်တဲ့။
မဟုတ်တာမပြောနဲ့
လုပ်ကြံဇာတ်တွေ ရိုးနေပြီလို့
နားနှစ်ဖက်ပိတ် ခေါင်းခါခဲ့တယ်အမေ။
NLD မှာ ဗကပတွေ ပါနေတယ်တဲ့
ဒါ ဒီမိုကရေစီပါတီကွ
ကွန်မြူ နစ်ကို လက်ခံမှာမဟုတ်ဘူးလို့
အမောစတမ်း စကားတရစပ်နဲ့
ပြန်ပြောပစ်ခဲ့တယ်အမေ။
ဒါပေမဲ့ အမေရယ်
ကြားရတဲ့ စကား
ဖတ်ရတဲ့ သတင်း
မြင်ရတဲ့ မြင်ကွင်း
အတင်းဖြစ်ပါစေလို့ ဆုတောင်းလည်း
မပြည့်ခဲ့ရပါလား အမေ။
ပင်နီဝတ်တဲ့ ကုလား
ဒေါင်းအလံကိုင်ထားလို့
ဆန္ဒပြတိုင်း တွေ့နေရတယ်။
သူသာ အတော်ဆုံးပါဆိုတဲ့
အသားမဲမဲနဲ့ ရှေ့နေကြီး
အမေပြောလို့
အရေးပါတဲ့နေရာ သူရထားမှန်း
သိလိုက်ရတယ်။
လူနည်းစုကို အနိုင်မကျင့်နဲ့တဲ့
အမေကာကွယ်ခဲ့တဲ့ ဘင်္ဂလီ
နားပါလို့ ကြားလိုက်ရတယ်။
အမျိုးကောင်းသမီးကို ကာကွယ်ပေးတဲ့
ဆရာတော်တင်တဲ့ မျိုးစောင့်ဥပဒေ
ပစ်ပစ်ခါခါ အပြောခံရတယ်။
နိုင်ငံ့အရေး လှုပ်ရှားခဲ့တဲ့
ရွှေဝါရောင်တုန်းက ဘုန်းဘုန်း
NLDတွေ ဂုဏ်ယူမဆုံးဖြစ်ခဲ့ကြတယ်။
အမျိုးသားရေး ကာကွယ်တဲ့ ဘုန်းဘုန်းအလှည့်
လုပ်ချင် လူထွက် ကဲ့ရဲ့ပုတ်ခတ်လို့
သာသနာကိုလည်း စော်ကားကြတယ်။
၂၀၁၅ ရွေးကောက်ပွဲ မရောက်သေးပေမဲ့
NLD ကို ခြေကုပ်ယူလို့
ဗကပ တွေ နေရာရဖို့ ကြံစည်ကြတယ်။
အမေ
ဒါတွေကို မဟုတ်ပါဘူးလို့
သားတို့ ငြင်းချင်ပါတယ်အမေ။
ဒါပေမဲ့ ပုပ်ရင်ပေါ် ဟုတ်ရင် ကျော်တဲ့
ဒါတွေဟာ အမှန်ပါလားလို့ သိလိုက်ရတဲ့အချိန်
အမေခေါင်းဆောင်တဲ့ ပါတီ
အလဲလဲအကွဲကွဲ ဖြစ်နေပြီအမေ။
ကုလားကတစ်မျိုး၊ ဗကပ ကတဖုံ
သာသနာကို စော်ကားသူက တကြော်ကြော်နဲ့
သူတို့ နှုတ်ထွက်စကား
ဒီမိုကရေစီပါတဲ့။
သားမယုံတော့ဘူးအမေ
နိုင်ငံခြားသား ခင်ပွန်းလုပ်
လူဖြူ ၂ ယောက်မွေးခဲ့တဲ့အမေ
သားတို့ ခွင့်လွှတ်နိုင်ခဲ့ပါတယ်။
ဒီမိုကရေစီ ဒီမိုကရေစီနဲ့
ဘာသာလည်းပျောက် လူလည်းကွယ်မဲ့
အမေ့အောက်က သားသမီးတွေ လုပ်ရပ်
သားတို့ ခွင့်မလွှတ်ပါရစေနဲ့ အမေ။
သမိုင်းကြောင်းကောင်းခဲ့တဲ့ ယဉ်ကျေးမှု
ဘာသာ သာသနာ ၊ လူမျိုးနဲ့ တိုင်းပြည်မှာ
မုတ်ဆိတ်တွေ ရှည်လျား
ခေါင်းမြီးခြုံ ကိုယ်ဖုံးထားတဲ့
ဆာရီ တကားကား
သားတို့ မမြင်ချင်ဘူးအမေ။
လူ့အခွင့်အရေးကို လေးစားပါတယ်
လူ့အခွင့်အရေးအောက် ငါးပါးမှောက်အောင်လုပ်မဲ့
လူတွေကိုတော့ အားမပေးပါရစေနဲ့ အမေ။
အမေ့ကို ချစ်ခဲ့တယ်
NLD ကိုယုံကြည်ခဲ့တယ့်
ဒေါင်းအလံကို ခြုံခဲ့တယ်။
ဒါပေမဲ့ ခုတော့
ယုံကြည်ချက်တွေကို ကုလားနှောင့်ယှက်
ဘာသာဖျက်မဲ့ အမိုက်ကောင်တွေကြောင့်
အမေ့အပါးက ထွက်ခွာခွင့်ပြုပါတော့ အမေ။
ရှစ်လေးလုံးတုန်းက စကြာဝဠာထက်
မိုးလုံးဟိန်းခဲ့တဲ့ လက်ခုပ်သံ
အမေ့အတွက် တသောသောညံခဲ့ပေမဲ့
ခုချိန်မှာတော့ သားတို့ တစ်သိုက်
လက်ဖြောက်တောင် မတွတ်တော့လို့
နှုတ်ဆက်လိုက်ပါတယ် အမေရယ်။
Wednesday, March 4, 2015
ကျောင်းသားသမဂ္ဂသမိုင်း
တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ဘယ်ကစသလည်း
တက္ကသိုလ် ကျောင်းသားများ သပိတ်၊ ပထမ (၁၉၂၀)
ရန်ကုန် ကောလိပ်နှင့် ယုဒသန် ကောလိပ် ကျောင်းသား တို့က ဦးဆောင်၍ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် ဥပဒေ ကို ကန့်ကွက်သည့် သပိတ် ဖြစ်သည်။ ယင်းဥပဒေ မပြဋ္ဌာန်းမီ မြန်မာ နိုင်ငံ၌ ရှိသော ရန်ကုန် ကောလိပ်နှင့် ယုဒသန် ကောလိပ် တို့မှာ အိန္ဒိယ နိုင်ငံ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံများ ဖြစ်ကြသည်။ ထို့ကြောင့် မြန်မာ နိုင်ငံ အတွက် သီးသန့် တက္ကသိုလ် တခု ထူထောင် ပေးရန် မြန်မာ တိုင်းရင်းသား တို့က မကြာခဏ တောင်းဆို ခဲ့ကြသည်။
သို့ဖြစ်၍ ရန်ကုန် ကောလိပ်နှင့် ယုဒသန် ကောလိပ် နှစ်ခုကို ပေါင်း၍ ရန်ကုန် တက္ကသိုလ် အဖြစ် တိုးမြှင့် ပေးသည့် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် ဥပဒေ (The University Act of 1920) ထွက်ပေါ် လာသည်။ ယင်း ဥပဒေကို ပြည်သူ လူထုက ဝေဖန်နိုင်ရန် ၁၉၂၀ ပြည့်နှစ် ဇွန်လ အတွင်း တိုင်းပြည်သို့ ကြေညာသည်။ နယ်ချဲ့ ဗြိတိသျှ အစိုးရသည် မလွဲမရှောင် သာ၍ သီးခြား တက္ကသိုလ် တည်ထောင်ရေး ရသောကြောင့် တက္ကသိုလ် ဥပဒေ တွင် အထက်တန်း ပညာ သင်ကြားရေးကို ကန့်သတ် ချုပ်ချယ် ထားသည့် အချက် များကို ထည့်သွင်း ထားသည်။ တက္ကသိုလ် တည်ထောင် ပေးသည်ကို ကြိုက်သော်လည်း ဥပဒေပါ အချက်အချို့ကို ပြည်သူ လူထုက မကျေနပ် ကြပေ။ ပြည်သူ လူထုက အထူး မကျေနပ်သည့် အချက် များမှာ ရန်ကုန် တက္ကသိုလ်သည် ကျောင်းအိပ် ကျောင်းစား နေရမည် ဆိုသည့် အချက်နှင့် တက္ကသိုလ် အုပ်ချုပ်ရေးနှင့် သင်ကြားရေးကို ဗြိတိသျှ လူမျိုး အရာရှိ များက ချုပ်ကိုင် ထားကြသည့် အချက် ဖြစ်သည်။ ထိုစဉ်က တက္ကသိုလ်တွင် ကျောင်းအိပ် ကျောင်းသား ဆိုလျှင် ငွေကြေး ချမ်းသာ သူနှင့် အရာရှိကြီး များ၏ သားသမီး များသာ နေနိုင်မည့် အခြေအနေမျိုး ဖြစ်သည်။ ထို့ကြောင့် အထက်တန်း ပညာကို လွယ်ကူစွာ မရနိုင် စေရန်၊ မတတ် မြောက်နိုင် စေရန် ပိတ်ပင် ထားသည်ဟု ယုံကြည် သောကြောင့် ကန့်သတ် ချုပ်ချယ်မှု များကို ပြင်ဆင် ပေးရန် တောင်းဆို ခဲ့ကြသည်။
မြန်မာ နိုင်ငံကို အင်္ဂလိပ် နယ်ချဲ့တို့ သိမ်းပိုက် ပြီးစ ကာလ များတွင် မြန်မာ နိုင်ငံ၌ မြန်မာစာကို ရေးတတ် ဖတ်တတ် သူမှာ လူ တရာလျှင် ၈၅ ဦးခန့် ရှိသော်လည်း ၁၉၂၀ ပြည့်နှစ် ကာလ တဝိုက် တွင်မူ မြန်မာစာ ရေးတတ် ဖတ်တတ်သူ ဦးရေမှာ တရာလျှင် ၃၅ ဦး ခန့်သာ ရှိတော့သည် အထိ လျော့နည်း ကျဆင်း သွားခဲ့ ရသည်။ ထိုသို့ မြန်မာ့ ပညာရေး လောက တခုလုံး ချွတ်ခြုံ ကျနေ ရသည့် အချိန်တွင် ထို တက္ကသိုလ် ဥပဒေ မူကြမ်းကို အင်္ဂလိပ် အစိုးရက ရေးဆွဲ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် ပြည်သူ လူထုသည် လူထု အစည်းအဝေးပွဲ များဖြင့် လည်းကောင်း၊ ဆောင်းပါး များဖြင့် လည်းကောင်း တက္ကသိုလ် ဥပဒေ ပါ မကျေနပ် ချက်များ အပေါ် စစ်ဆေး ဝေဖန် တင်ပြ ခဲ့ကြသည်။ ဤသို့ အမျိုးမျိုး ကန့်ကွက်သည့် ကြားမှပင် ၁၉၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာ နိုင်ငံ ဥပဒေပြု ကောင်စီမှ တက္ကသိုလ် ဥပဒေ ကို လက်ခံ အတည် ပြုခဲ့သည်။ ယင်းဥပဒေ စတင် အာဏာ တည်သည့် နေ့မှာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် ဖြစ်သည်။
ရန်ကုန် တက္ကသိုလ် ဥပဒေ စတင် အာဏာ တည်သည့်နေ့ နောက်နှစ် ရက်မြောက် ဖြစ်သော ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန် ကောလိပ်မှ ကျောင်းသားကြီး ၁၁ ဦး တို့သည် ရွှေတိဂုံ ရင်ပြင် စနေထောင့်၌ တွေ့ဆုံ၍ ရန်ကုန် တက္ကသိုလ် ဥပဒေ ကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန် ပြုကြသည်။ ယင်း ကျောင်းသားကြီး များမှာ -
၁။ ကေညီပိတ်
၂။ ထွန်းဝင်း
၃။ ဖေသိန်း
၎။ ဘခင်
၅။ ဘရှင် (သံတွဲ)
၆။ ဘရှင် (ထားဝယ်)
၇။ ဘဦး
၈။ ဘိုးကွန်း
၉။ လှတင်
၁၀။ မောင်ဧ
၁၁။ အောင်ဒင် - တို့ ဖြစ်ကြသည်။
အထက်ပါ ကျောင်းသား ၁၁ ဦးတို့ ၂ နာရီ ကျော်တိုင် အကြိတ်အနယ် ဆွေးနွေး ပြီးနောက် အောက်ပါ တို့ကို တညီတညွတ်တည်း ဆုံးဖြတ်ချက်များ အဖြစ် ချမှတ် ခဲ့သည်။
၁။ တက္ကသိုလ်ပင် ရှိနေလိမ့် ကစား ကျောင်းသားများ မရှိလျှင် အချည်းနှီးတည်း။ ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင် တည်းဟု ယူဆကာ ရန်ကုန် တက္ကသိုလ် ဥပဒေ ကို ကန့်ကွက် တိုက်ဖျက်သည့် အနေနှင့် ရန်ကုန် တက္ကသိုလ် ကောလိပ်ကျောင်းနှင့် ယုဒသန် ကောလိပ်ကျောင်း နှစ်ကျောင်းကို သပိတ်မှောက် ကြရန်နှင့်။
၂။ ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် စနေနေ့၌ ထိုကောလိပ် ကျောင်း နှစ်ကျောင်းမှ ကျောင်းသား ပေါင်းစုံ အစည်းအဝေး တခု ခေါ်ယူ၍ နယ်ချဲ့ အစိုးရအား ဆန့်ကျင် သပိတ်မှောက် တိုက်ပွဲ ဆင်မည့် အကြောင်းကို တင်ပြ အဆုံးဖြတ် အတည် ပြုရန် တို့ပင် ဖြစ်သည်။
ထိုပထမ ဆယ့်တစ်ဦးမှာ ၁၉၂၀ ဒီဇင်ဘာ လ ၃ ရက် ရွှေတိဂုံ စေတီတော် ရင်ပြင် ပေါ်၌ ပထမဆုံး တွေ့ဆုံ၍ သပိတ် မှောက်ရန် ဆုံးဖြတ် ကြသူများ ဖြစ်ပြီး၊ ဒီဇင်ဘာလ ၄ ရက်နေ့ ဗဟန်း ဦးအရိယကျောင်း အစည်းအဝေးတွင် ခေါင်းဆောင် ၁၅ ဦး တိုးလာ ခဲ့ရာ အဆိုပါ ပုဂ္ဂိုလ်များမှာ (၁၂) ကိုလှစိန်၊ (၁၃) ကိုဘတင်၊ (၁၄) ကိုမြ (အာဇာနည် ခေါင်းဆောင်ကြီးသခင်မြ)၊ (၁၅) ကိုမြင့် (အမျိုးသားနေ့ သတ်မှတ်ရန် အဆိုပြု ခဲ့သူ) ၊ (၁၆) ကိုဖိုး ကျား (အမျိုးသားပညာဝန်)၊ (၁၇) ကိုစိုးဝင်း၊ (၁၈) ကိုဖိုးလတ်၊ (၁၉) ကိုထွန်းဖေ၊ (၂၀) ကိုဘဟန်၊ (၂၁) ကိုဘကျော်၊ (၂၂) ကိုလူဖေဝင်း (အငြိမ်းစား ညွှန်ကြားရေးဝန်၊ ရှေးဟောင်း သုတေသန)၊ (၂၃) ကိုမောင်ကို၊ (၂၄) အီးမောင်စိန်၊ (၂၅) အင်န်စီဆင်း၊ (၂၆) မစ္စတာဘို့စ် တို့ ဖြစ်ကြသည်။
ထိုကျောင်းသား အစည်းအဝေး ကြီးမှ အောက်ပါ တိုက်ပွဲဝင် ဆုံးဖြတ်ချက် များကို တညီတညွတ်တည်း ဆုံးဖြတ် ပြဌာန်း လိုက်ကြသည်။
၁။ ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ အင်္ဂါနေ့၌ မြန်မာ လက်ထောက် ဘုရင်ခံ ဖုတ်တဈေ ဆာရယ်ဂျီနယ် ကရက်ဒေါက်သည် ရန်ကုန် တက္ကသိုလ် လာရောက်ပြီး သကာလ မြန်မာပြည်တွင် သီးသန့် ရန်ကုန် တက္ကသိုလ် ကျောင်းကြီး ဖွင့်ပြီးကြောင်း ကျေညာသော အခါ ရန်ကုန် တက္ကသိုလ်နှင့် ယုဒသန် ကောလိပ်၊ ထို ကောလိပ် ကျောင်းနှင့် ကျောင်းရှိ ကျောင်းသား ကြီးများ တို့က မိမိတို့ စာအုပ် များကို ပွေ့ပိုက်၍ ရန်ကုန် တက္ကသိုလ် ကျောင်းကို သပိတ်မှောက် တိုက်ပွဲ ဆင်နွဲ သည်ဟု အော်ဟစ် ခုန်ပေါက်ကာ ကျောင်းသားများ တညီတညွတ်တည်း ထွက်ခွာ လာကြရန်။
၂။ ဤသို့ဖြင့် သပိတ်မှောက် တိုက်ပွဲ ဆင်ပြီး ကာမှ ထို ရန်ကုန် တက္ကသိုလ် ဥပဒေ သည် မြန်မာ လူမျိုးများ အထက်တန်း ပညာ သင်ကြားရေး အတွက် တံခါးပိတ် ဝါဒ ကျင့်သုံး ထားသည့် နစ်နာ ချုပ်ချယ် ထားသော အချက်အလက်များ တို့ကို ပြန်လည် ပြုပြင် ပေးရန် ဗြိတိသျှ နယ်ချဲ့ ဗြူရိုကရက် အစိုးရသို့ အရေးဆို ဆောင်ရွက်ရန်နှင့်။
၃။ ပြုပြင်ပေးရန် တရားသော တောင်းဆို ထားသည့် အချက် များကို နယ်ချဲ့ တို့က ပြုပြင်၍ မပေး သမျှ ကာလ ပတ်လုံး ကျောင်းပြန်၍ မတက် ရောက်ကြရန် တို့ပင် ဖြစ်ပါသည်။
အထက်ပါ ကျောင်းသားကြီး များ၏ ဦးဆောင်မှုဖြင့် ရန်ကုန် ကောလိပ်နှင့် ယုဒသန် ကောလိပ် တို့မှ ကျောင်းသားများက ရန်ကုန် တက္ကသိုလ် ဥပဒေ ပါ မကျေနပ် ချက်များကို ကန့်ကွက်သည့် သပိတ်မှောက် ပွဲကို အခြေအနေ အကြောင်းကြောင်း အရ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် စောပြီး စတင် လိုက်ကြသည်။ ဗဟန်းရှိ ဆရာတော် ဦးအရိယ (ရွှေကျင်) ကျောင်းတိုက်မှာ သပိတ် စခန်း ဖြစ်သည်။ ကျောင်းသား ကိုယ်စားလှယ် ၂၆ ဦး ပါသော သပိတ်မှောက် ကော်မတီက သပိတ်ကို ကြီးကြပ် ပေးသည်။
ဒီဇင်ဘာလ ၈ ရက်နေ့တွင် သပိတ်မှောက် ကျောင်းသား များသည် အတွင်းဝန် ရုံးသို့ လှည့်လည် ကေ့းကြော် ဆန္ဒ ပြကြသည်။ ထိုအခါ ပညာမင်းကြီး မက်ဟန်းတားက မိမိ ရုံးခန်း ပြတင်းပေါက်မှ ကြည့်၍ ပြုံးလျက် “ဒါဟာ မကြာခင် ငြိမ်းသွားမယ် ကောက်ရိုး မီးကလေးပဲ” ဟု မှတ်ချက် ချခဲ့သည်။ မက်ဟန်းတား၏ ဟောကိန်းသည် တက်တက်ဆင်အောင် လွဲမှား ခဲ့ပေသည်။ ယင်း ကျောင်းသား သပိတ်မှ စတင် လောင်ကျွမ်း ခဲ့သော မီးသည် မြန်မာ နိုင်ငံ အပေါ် လွမ်းမိုး ခဲ့သော ဗြိသျှ နယ်ချဲ့ စနစ် အဆောက်အအုံအား အပြီး အတိုင် ဖုတ်ကျဉ်း သဂြိုလ်ရန် မြန်မာနိုင်ငံ အနှံ့ ပြန်နှံ့ ခဲ့သည်။ တက္ကသိုလ် ကျောင်းသားများ သပိတ်မှောက်ပြီး တပတ် အကြာတွင် ရန်ကုန်မြို့ နှင့်တကွ တနိုင်ငံ လုံးမှ အထက်တန်းနှင့် အလယ်တန်းကျောင်း အချို့လည်း ပါဝင် လာသဖြင့် အထွေထွေ ကျောင်းသား သပိတ်ကြီး ဖြစ်လာသည်။ အင်္ဂလိပ် နယ်ချဲ့ အစိုးရလည်း တုန်လှုပ် ခြောက်ခြား သွားပြီး၊ အိန္ဒိယရှိ အင်္ဂလိပ် ဘုရင်ခံချုပ်ထံ ၁၄ ရက် တပတ် အစီရင်ခံစာ တင်သွင်း ရာတွင် တက္ကသိုလ် သပိတ် မှောက်သည့် အရေးကို ထိထိရောက်ရောက် အရေးယူ နှိမ်နှင်းခြင်း မပြုလျှင် မြန်မာပြည်ကို လက်လွတ် ရလိမ့် မည်ဟု ရေးသား တင်သွင်း ခဲ့သည်။
သပိတ် အစတွင် ရန်ကုန် တက္ကသိုလ် ဥပဒေ ပါ ချို့ယွင်းချက်များ ပြင်ပေးရန် တောင်းဆိုလွှာကို ရန်ကုန် တက္ကသိုလ် အဓိပတိထံ သပိတ်မှောက် ကျောင်းသားထုက ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့စွဲဖြင့် တင်ပြ ခဲ့ကြသည်။ သို့သော် နောက်ပိုင်း ရောက်သော် ကျောင်းသားထု၏ လိုလားချက် များကို လိုက်လျောသည် ဖြစ်စေ၊ မလိုက် လျောသည် ဖြစ်စေ နယ်ချဲ့ အစိုးရက တည်ထောင် ပေးသည့် တက္ကသိုလ်သို့ ဆက် မတက်ရန် အထိ ဆုံးဖြတ် ကြသည်။ နယ်ချဲ့ အစိုးရက ကျောင်းသား များကို အစုလိုက် အပြုံလိုက် ကျောင်းထုတ်သည့် နည်းဖြင့် ဖြိုခွဲ ကြည့်သည် မရ၊ ကျောင်းသား အများစုက ကျောင်းပြန် မတက်ဘဲ အမျိုးသား ကျောင်းများ တည်ထောင် ကြသည်။ ရန်ကုန် တက္ကသိုလ်သို့ လုံးဝ ပြန်မတက် ကြသည့် ရာသက်ပန် သပိတ်မှောက် သူများပင် ရှိခဲ့သည်။
တက္ကသိုလ် သပိတ်သည် အသွင်အပြင် အားဖြင့် တက္ကသိုလ် ဥပဒေ ပါ ချို့ယွင်းချက် များကို ဆန့်ကျင်သည့် သပိတ် ဖြစ်သော်လည်း အနှစ်သာရမှာ နယ်ချဲ့ အစိုးရနှင့် နယ်ချဲ့ စနစ်ကို ဆန့်ကျင် တော်လှန်သည့် သပိတ် ဖြစ်သည်။ ပညာရေး တောင်းဆိုချက်များ သက်သက်ဖြင့် သပိတ်ကြီး ရုတ်တရက် ပေါ်ပေါက် ခဲ့ရ သော်လည်း အခြေခံ အကြောင်းရင်းမှာ နယ်ချဲ့ အရင်းရှင် တို့၏ စိုးမိုး ချယ်လှယ်မှုကို လုံးဝ မကျေနပ် တော့သည့် အချက်ကြောင့် ဖြစ်သည်။ ဤ သပိတ်သည် မြန်မာ တိုင်းရင်းသား တို့က စနစ်တကျဖြင့် စည်းရုံး၍ နယ်ချဲ့ အစိုးရကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်သည့် သပိတ် ဖြစ်သည်။ ထိုစဉ်က ဂျီစီဘီအေ ဦးအောင်သည့် ဝံသာနု လှုပ်ရှားမှုနှင့် ဆက်စပ် နေပြီး ထိုလှုပ်ရှားမှု၏ ရောင်ပြန် ဟပ်မှုလည်း ဖြစ်သည်။ ကျောင်းသားထုနှင့် ပြည်သူ တို့၏ ပေါင်းစည်းမှု ကိုလည်း တွေ့ရသည်။ ထို့ကြောင့် အမျိုးသားရေး လှုပ်ရှားမှု ဟုလည်း ဆိုနိုင်သည်။
တက္ကသိုလ် သပိတ်၏ လတ်တလော အကျိုး သက်ရောက်မှုမှာ အမျိုးသား ပညာရေး ကောင်စီ၊ အမျိုးသား ကောလိပ်နှင့် အမျိုးသား အထက်တန်း ကျောင်းများ ပေါ်လာခြင်း ဖြစ်သည်။ ထိုသို့ အမျိုးသား ပညာရေး စနစ် ပေါ်လာ၍ အမျိုးသား ယဉ်ကျေးမှုနှင့် မြန်မာ စာပေတို့ ပြန်လည် ရှင်သန် ဖွံ့ဖြိုး လာရုံမက မျိုးချစ် စိတ်လည်း ပို၍ ကြီးထား လာသည်။ နယ်ချဲ့ အစိုးရကို တော်လှန် ရမည် ဆိုသည့် ရဲစိတ်ကို မွေးပေးပြီး ရဲဆေး တင်ပေးသည့် သပိတ်လည်း ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူ လူထုကို နိုင်ငံရေး မျက်စိ ဖွင့်ပေးသော သပိတ်ဟု ဆိုနိုင်သည်။ ဤသပိတ် အပြီးတွင် နိုင်ငံရေး အသိတရား ပိုမို နိုးကြား လာသောကြောင့် ဒိုင်အာခီ အုပ်ချုပ်ရေးထက် အဆင့်မြင့်သော ဟုမ်းရူး ခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ထို့နောက် လုံးဝ လွတ်လပ်ရေး အထိ တိုးတက် တောင်းဆို ခဲ့ကြသည်။ နောက်ပိုင်းတွင် တက္ကသိုလ် ဥပဒေ အချို့ကို နယ်ချဲ့ အစိုးရက မသိမသာ ပြုပြင် ပေးခဲ့ ရသည့် အကျိုးဆက် ကိုလည်း ရရှိ ခဲ့သည်။ ဤ သပိတ် မှောက်သည့် နေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ပြီး အမျိုးသား အောင်ပွဲနေ့ အခမ်းအနား ကျင်းပ ပေးခြင်း အားဖြင့် မျိုးချစ်စိတ်ကို ဆက်လက် ရှင်သန် ကြီးထွား စေသည် နှင့်အမျှ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး လှုပ်ရှားမှု အရှိန်အဟုန်သည် ပို၍ မြင့်မား ခဲ့သည်။ ထို့ကြောင့် ရေရှည်တွင် လွတ်လပ်ရေး ရသည်ထိ အထောက်အကူ ပြုသည့် သပိတ်ကြီး ဖြစ်သည်။
၁၉၂၆ ခုနှစ်တွင် သူဌေး ဒေါက်တာ ဦးညိုက သမဂ္ဂ ဖွဲ့စည်း တည်ထောင်ရန် အတွက် ငွေသား တသိန်း ခုနှစ်သောင်း လှူဒါန်း ခဲ့သည်။ ၁၉၃၀၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် အဆောင် ကျောင်းသားများ၊ နေ့ကျောင်းသားများ စုဝေး ညှိနှိုင်း ကြပြီး ကိုကျော်ခင်၊ ကိုတင့်ဆွေ၊ ကိုဘဂျမ်း တို့က တရား သူကြီး ဦးဘနှင့် တွေ့ဆုံပြီး သမဂ္ဂ စည်းမျည်း ရေးဆွဲရန် ကော်မတီ တခုကို ဖွဲ့စည်းခွင့် ရခဲ့ပေသည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျောင်းထု အစည်းအဝေးမှ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တခု ဖွဲ့စည်းရန် ဆုံးဖြတ် ကြသည်။ ၎င်းနောက် အောက်တိုဘာ ကျောင်းပိတ်ရက် အတွင်း သမဂ္ဂ စည်းမျည်း များကို ရေးဆွဲ ကြသည်။ နိုဝင်ဘာ လဆန်းတွင် ရေးဆွဲ ပြီးစီးပြီး၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် လက်မှတ် ရေးထိုး၍ ကျောင်းသား ထုထံ ချပြကာ မှတ်ချက်များ တောင်းခံ ခဲ့သည်။
၁၉၃၁ ခုနှစ် ဇန်နဝါရီ လတွင် ကျောင်းသားထု စည်းဝေး ပွဲကြီးမှ တညီတညွတ်တည်း သဘောတူ ဆုံးဖြတ် ကြပြီး၊ အမှုဆောင် ၉ ဦးဖြင့် စတင် ဖွဲ့စည်း ခဲ့သည်။ ယင်း အမှုဆောင် အဖွဲ့သည် သမဂ္ဂ အဆောက်အဦ ကိစ္စ အပြင် သမဂ္ဂ စည်းမျဉ်း ဥပဒေ ဆက်ရေးဆွဲ ရန်နှင့် ပတ်သက်၍ တက္ကသိုလ် အာဏာပိုင် များနှင့် စေ့စပ် ဆွေးနွေးရန် အခွင့် အာဏာ ရှိလာ ခဲ့သည်။ ၁၉၃၁ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် “ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)” ကို ဖွဲ့စည်း ခဲ့ကြသည်။
သမဂ္ဂ၏ ရည်ရွယ်ချက်များမှာ
၁။ လူမှု ဆက်ဆံရေး နယ်ပယ်၌ အစုအပေါင်းဖြင့် ကောင်းစွာ ဆောင်ရွက် နိုင်သော ဘဝကို ဖြစ်ထွန်း လာစေရန်။
၂။ မိမိကိုယ် မိမိ အားကိုး၍ လွတ်လပ်စွာ ဆောင်ရွက် နိုင်သော ဘဝကို ဖြစ်ထွန်း လာစေရန်။
၃။ တာဝန် ဝတ္တရား များကို သိတတ်သော စိတ်ဓာတ်များ ဖြစ်ပေါ် လာစေရန်။
၁၉၃၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ် အထိ ခေတ်အဆက်ဆက်တွင် တကသ၊ ဥက္ကဌ အဖြစ် ဆောင်ရွက် ခဲ့ကြသူများ
၁။ ၁၉၃၀ - ၃၁ ဦးကျော်ခင် [B.Sc., B.L.] လွှတ်တော် ရှေ့နေကြီး။
၂။ ၁၉၃၁ - ၃၂ ဦးထွန်းစိန် [B.Sc., B.L.] လွှတ်တော် ရှေ့နေကြီး။
၃။ ၁၉၃၁ - ၃၂ ဦးဘိုးကူး D.S.I (3) မန်နေဂျာ။
၎။ ၁၉၃၂ - ၃၃ ဦးစံဖော်အောင် [M.A., B.L] စတီးဘရားသား ဝင်ကုန် ထွက်ကုန် ဌာန အုပ်ချုပ်ရေး။
၅။ ၁၉၃၃ - ၃၄ ဦးသိန်းမောင် [B.A., B.L] စတီးဘရားသား ဆန်ဌာန အုပ်ချုပ်ရေး။
၆။ ၁၉၃၄ - ၃၅ ဦးဖိုးအေး [B.Sc.Hons. (Rng.), Ph.D. (London). D.I.C.F.R (မိုးဇလ) (London) မိုးလေဝသ ညွှန်ကြားရေးဝန်။
၇။ ၁၉၃၅ - ၃၆ ဦးနု [B.A] ဝန်ကြီးချုပ်ဟောင်း။
၈။ ၁၉၃၆ - ၃၇ ဦးရာရှစ် [B.Sc., B.L] ဝန်ကြီးဟောင်း။
၉။ ၁၉၃၇ - ၃၈ (ပုဂံ) ဦးဘဂျမ်း B.A, B.L. ဝန်ကြီးဟောင်း၊ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း လူကြီး၊ ကမ္ဘာအေး စေတီ ဘဏ္ဍာတော်ထိန်း လူကြီး၊ ဗုဒ္ဓ သာသန နုဂ္ဂဟ အဖွဲ့နှင့် တိပိဋက ရွေးချယ်ရေး အဖွဲ့ဝင် လူကြီး၊ နှင်းဆီကုန်း ဘိုးဘွား စောင့်ရှောက်ရေး အဖွဲ့ဝင် လူကြီး။
၁၀။ ၁၉၃၈ - ၃၉ ဦးအောင်ဆန်း [B.A] အမျိုးသား ခေါင်းဆောင်ကြီး။
၁၁။ ၁၉၃၈ - ၃၉ ဦးဗဟိန်း ကွန်လွန်သူ ကျောင်းသား ခေါင်းဆောင်၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဌ၊ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွင် ကွန်မြူနစ် ပါတီဝင်၊ ဖဆပလ ဗဟို အလုပ်အမှုဆောင်။
၁၂။ ၁၉၃၉ - ၄၀ ဦးလှရွှေ (ဒေါက်တာ လှရွှေ)
၁၃။ ၁၉၄၀ - ၄၁ ဦးဗဆွေ ဗကသများ အဖွဲ့ချုပ် အတွင်းရေးမှူး၊ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွင် ဆိုရှယ်လစ် ပါတီဝင်၊ ဖဆပလ ဗဟို အလုပ်အမှုဆောင်၊ ဝန်ကြီးချုပ်ဟောင်း။
၁၄။ ၁၉၄၁ - ၄၂ ဦးလှမောင် သံအမတ်ကြီးဟောင်း။
၁၅။ ၁၉၄၅ - ၄၆ ဦးသန်း။
၁၆။ ၁၉၄၆ - ၄၇ ဦးသန်းမောင် မန္တလေး သူရိယ သတင်းစာ အယ်ဒီတာ။
၁၇။ ၁၉၄၇ - ၄၈ ဦးစိန်လှ လွှတ်တော် ရှေ့နေကြီး။
၁၈။ ၁၉၄၈ - ၄၉ ဦးရန်ဝေး မကွေးခရိုင်၊ ဖဆပလ။
၁၉။ ၁၉၄၉ - ၅၀ ဦးမောင်မောင်ကျော် တက္ကသိုလ် ကောင်စီလူကြီး၊ ကျောင်းသား ကိုယ်စားလှယ်။
၂၀။ ၁၉၅၀ - ၅၁ ဦးကိုကိုလေး ရန်ကုန် မြူနီစီပယ် ပြည်သူ့ ဆက်ဆံရေး အရာရှိ။
၂၁။ ၁၉၅၁ - ၅၂ ဦးစိန်သန်း နိုင်ငံတော် စိုက်ပျိုးရေး ဘဏ်ရုံးချုပ် မန်နေဂျာ။
၂၂။ ၁၉၅၂ - ၅၃ ဦးကိုကိုကြီး ဝင်ကုန် ထွက်ကုန် ကုည်သည်ကြီး။
၂၃။ ၁၉၅၄ - ၅၅ ဦးတင်ထွန်း ပဲခူး နိုင်ငံတော် ကူးသန်း ရောင်းဝယ်ရေး ဘဏ် လက်ထောက် မန်နေဂျာ။
၂၄။ ၁၉၅၅ - ၅၆ ဦးတင်ထွန်း နတ်မောက် ပမညတ။
၂၅။ ၁၉၅၆ - ၅၇ ဦးစသိန်းဟန် တပ်မတော် ပညာရေးနှင့် စိတ်ဓာတ်ရေးရာ ဌာန။
၂၆။ ၁၉၅၇ - ၅၈ ဦးစိုးသိန်း [B.A.]
၂၇။ ၁၉၅၉ - ၆၀ ဦးခင်မောင်အုန်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ။
၂၈။ ၁၉၅၉ - ၆၀ ဦးလှတင့်။
၂၉။ ၁၉၆၀ - ၆၁ ဦးတင်အေး [B.A] တရားရုံး ရှေ့နေချုပ်။
၃၀။ ၁၉၆၁ - ၆၂ ဦးဗဆွေလေး။
Chairmen of the University Students’ Union (1930 - 1962)
1. 1930-31 U Kyaw Khin [B.Sc., B.L.] Advocate
2. 1931-32 U Tun Sein [B.Sc., B.L.] Advocate
3. 1931-32 U Boe Ku - D.S.I (3) Manager
4. 1932-33 U San Phaw Aung [B.A., B.L] Steel Brothers Import Export Manager
5. 1933-34 U Thein Maung [B.A., B.L] Steel Brothers Rice Mail Manager
6. 1934-35 U Pho Aye [B.Sc.Hons. (Rng.), Ph.D. (London). D.I.C.F.R. Meteorology (London) Director Meteorology
7. 1935-36 U Nu [B.A] Former Prime Minister
8. 1936-37 U Rashit [B.Sc., B.L] Former Minister
9. 1937-38 U Ba Jum [B.A, B.L.] Former Minister
10. 1938-39 U Aung San [B.A] National Hero
11. 1938-39 U Ba Hein - Students Leader; ABFSU Chairman; During the Anti-Fascist Battle, Communist Party Member; AFPFL, CEC Member.
12. 1939-40 U Hla Shwe (Dr. Hla Shwe)
13. 1940-41 U Ba Swe - ABFSU Scretary; During the Anti-Fascist Battle, Socialist Party Member, AFPFL CEC Member,
14. 1941-42 U Hla Maung - Former Embassador
15. 1945-46 U Than
16. 1946-47 U Than Maung - Editor-Mandalay Sun Newspaper.
17. 1947-48 U Sein Hla - Advocate
18. 1948-49 U Yan Way - Mague District AFPFL
19. 1949-50 U Maung Maung Kyaw - University Council Member; Student Representative
20. 1950-51 U Ko Ko Lay - Rangoon Municipal Public Relation Manager
21. 1951-52 U Sein Than - Agricultural Bank Manager
22. 1952-53 U Ko Ko Gyi - Import Export Marchant.
23. 1954-55 U Tin Tun - Deputy Manager - State Commercial Bank (Pegu)
24. 1955-56 U Tin Tun - NUF Natmauk
25. 1956-57 U S. Thein Han - Military Science and Psychological Warfare Department
26. 1957-58 U Soe Thein [B.A.]
27. 1959-60 U Khin Maung Ohn - ABSFU Chairman
28. 1959-60 U Hla Tint
29. 1960-61 U Tin Aye [B.A.] Advocate
30. 1961-62 U Ba Swe Lay
အတကသကို ဤသို့ စခဲ့ကြသည်
ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တည်ထောင်စ အချိန် ကပင်၊ ကျောင်းသားများ အားလုံး အတွက်၊ အသင်းအပင်း တခု ရှိသင့် ကြောင်းကို အများက စိတ်ကူး ပေါက်ခဲ့ ကြသည်။ သို့သော် ၁၉၂၆ ခုနှစ် အထိ အကောင်အထည် ပေါ်၍ မလာ ခဲ့ပေ။ ထိုအချိန်က အဓိပတိ ဖြစ်သော၊ ဆာဟာကုတ် ဘတ်တလာ (Sir Harcout Butler, G.C.I.G, I.C.S) ၏ မေတ္တာ ရပ်ခံချက် အရ၊ ဒေါက်တာ ဦးညို (K.S.M,L.L.D) သည် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေး အတွက်၊ ငွေသား တသိန်း ခုနစ်သောင်း ကျပ်ကို ၁၉၂၆ ခုနှစ်တွင် စေတနာ ထက်သန်စွာ လှူဒါန်း ခဲ့ပေသည်။
၁၉၂၆ ခုနှစ်တွင် သမဂ္ဂ အဆောက်အဦ စတင် ဆောက်လုပ် ခဲ့ရာ၊ ၁၉၃၀ ခုနှစ် အလယ်ပိုင်းလောက်တွင် ပြီးမြောက်ခဲ့ပေသည်။
သမဂ္ဂ အဆောက်အဦကြီး ပြီးစီး ပြီးနောက်၊ ၁၉၃၀ ခု စက်တင်ဘာ လဆန်းတွင် တက္ကသိုလ် ကျောင်းသားကြီး များသည် မိမိတို့ အချင်းချင်း ဆွေးနွေး ကြပြီးနောက် ကျောင်းဆောင် အများအပြားတွင်၊ ကျောင်းဆောင်နေ ကျောင်းသား များ၏ အစည်းအဝေးကို ခေါ်ယူ ခဲ့ပေသည်။ နေ့ ကျောင်းသား များကိုလည်း မြို့ထဲတွင် အစည်းအဝေးများ စီစဉ် ကျင်းပ ခဲ့ပေသည်။ ၎င်း အစည်းအဝေး များ၏ တညီတညွတ်တည်း ဆုံးဖြတ်ချက် အရ၊ ၁၉၃၀ ခု စက်တင်ဘာလ ၁၂ ရက် (သောကြာနေ့) တွင်၊ ကိုကျော်ခင် ( ဝိဇ္ဇာသိပ္ပံ) ကိုတင့်ဆွေ (ဝိဇ္ဇာ) နှင့် ကိုဘဂျမ်း (ဂျင်ဆင်) တို့သည်၊ ထို အချိန်က ကိုယ်စား ဒုအဓိပတိ ဖြစ်သော တရားသူကြီး ဦးဘအား သွားရောက် တွေ့ဆုံ ဆွေးနွေး ကြပြီး၊ ၎င်းထံမှ သမဂ္ဂ စည်းမျဉ်း ရေးဆွဲရန် ကော်မတီ ဖွဲ့စည်းခွင့် ရခဲ့ ပေသည်။
၁၉၃၀ ခု စက်တင်ဘာလ ၂၀ ရက် (စနေနေ့)တွင်၊ ကျောင်းသားထု စည်းဝေးပွဲကြီး တရပ်ကို တက္ကသိုလ် အားကစား ရုံသစ်ကြီးတွင် ကျင်းပ ခဲ့သည်။ ကိုကျော်ခင် (ဝိဇ္ဇာ သိပ္ပံက) သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ တက္ကသိုလ် ကျောင်းသား အများအပြား တက်ရောက်သော ယင်း အစည်းအဝေး ကြီးမှ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တခု ဖွဲ့စည်းရန် ဆုံးဖြတ် ခဲ့ပေသည်။ ဒေါက်တာ ဦးညိုအား ၎င်း၏ စေတနာ ထက်သန်စွာ လှူဒါန်းမှု အတွက် ကျေးဇူး တင်ရှိကြောင်း၊ သမဂ္ဂ အဆောက်အဦ အတွက် လုံလောက်မှု မရှိခြင်းကြောင့် ကျေနပ်ခြင်း မရှိကြောင်း မှတ်ချက် ချခဲ့ကြ ပေသည်။ ၎င်း အစည်းအဝေးကြီး ကပင် သမဂ္ဂ စည်းမျဉ်း ရေးဆွဲရေး အတွက် ကော်မတီ တရပ် ဖွဲ့စည်း ခဲ့ပေသည်။
အောက်တိုဘာလ ကျောင်းပိတ်ရက် အတွင်းတွင် ထိုကော်မတီသည် စည်းမျဉ်း ရေးဆွဲ ခဲ့ရာ နိုဝင်ဘာလတွင် ပြီးစီး အောင်မြင် ခဲ့ပေသည်။ ၁၉၃၀ ခု နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လက်မှတ် ရေးထိုး ခဲ့ပေသည်။ ကော်မတီသည်၊ ၎င်း၏ အစီရင် ခံစာကို၊ ကျောင်းသားထု စည်းဝေးပွဲသို့ မတင် ပြမီ တက္ကသိုလ်နှင့် ကျောင်းသားထု ထံမှ မှတ်ချက်နှင့် ဝေဖန်ချက်များ တောင်းခံ ခဲ့ပေသည်။
၁၉၃၀ ခု ဒီဇင်ဘာလ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် တက္ကသိုလ် ဒုအဓိပတိ ဆာ ဘင်ဂျာမင် အိပ်ခ်ျဟီးလ် (Sir Benjamin H.Heald Kt, M.A,I.C.S) က ကော်မတီ၏ ကိုယ်စားလှယ် များနှင့် တကွ၊ ကောလိပ် များမှ ကျောင်းအုပ်ကြီး များအား စည်းဝေးပွဲ တရပ် ဖိတ်ခေါ်ကာ ထို အစည်းအဝေးတွင် စည်းမျဉ်း ဥပဒေ၏ အဓိက မူကို မထိခိုက်သော ပြောင်းလဲချက် အချို့ကို ပြုလုပ်ရန် အကြံ ပေးခဲ့ ပေသည်။ ကော်မတီသည် ကျောင်းသား အချို့ ထံမှ မှတ်ချက်များ လက်ခံ ရရှိကာ စဉ်းစား ခဲ့ပေသည်။ ထို ရရှိသော မှတ်ချက်နှင့် ဝေဖန်ချက်များ အရ၊ ကော်မတီသည် စည်းမျဉ်း ဥပဒေ မူကြမ်း ပေါ်တွင် အချို့သော မွမ်းမံချက် များကို ပြုလုပ် ခဲ့ပေသည်။ ထို မွမ်းမံပြီး မူကြမ်းကို၊ ၁၉၃၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကိုသိန်းမောင် (ဂျပ်ဆင်) က သဘာပတိ အဖြစ် ဆောင်ရွက်သော ကျောင်းသားထု စည်းဝေးပွဲသို့ တင်ပြရာ၊ ထို စည်းဝေးပွဲကြီးက တညီတညွတ်တည်း သဘောတူ လက်ခံ ခဲ့လေသည်။
ထို အစည်းအဝေးမှ ၉ ဦး ပါဝင်သော အလုပ်အမှုဆောင် အဖွဲ့ကို ရွေးကောက် ခဲ့ပြီး၊ ၉ ဦး ကော်မတီဝင် များက အမှုဆောင် တာဝန် များကို ခွဲဝေ ယူကြရန် အာဏာ အပ်နှင်း ခဲ့ပေသည်။ ကော်မတီသည် သမဂ္ဂ အဆောက်အဦနှင့် ပတ်သက်သော ကိစ္စရပ်များ အပြင်၊ သမဂ္ဂ၏ ကိုယ်စား၊ စည်းမျဉ်း ဥပဒေ များကို ဆက်လက် ရေးဆွဲရေးနှင့် ပတ်သက် ၍လည်း၊ တက္ကသိုလ် အာဏာပိုင် များနှင့် စေ့စပ် ဆွေးနွေးရန်၊ အခွင့် အာဏာများ ရှိပေသည်။ ဤ နေရာတွင် ဖော်ပြရန် လိုအပ် သည်မှာ သမဂ္ဂနှင့် တက္ကသိုလ် အာဏာပိုင်တို့ အကြား တင်ပြ ထားသော သဘော တူညီချက် မူကြမ်းကို၊ တက္ကသိုလ် ကောင်စီ၏ အလုပ်အမှုဆောင် အစည်းအဝေးတွင် တင်သွင်း ဖတ်ကြား ခဲ့သည်။ အစည်းအဝေးတွင် ပြောဆို ကြသော မိန့်ကြားချက်များ အရ၊ ကျောင်းသားများ ဘက်မှ ထို မူကြမ်းကို လက်ခံရန် စိတ်ပါ ဝင်စားမှု မရှိကြ သည်မှာ၊ ယုံမှား စရာ မရှိပေ။ ထို အချက်သည် အမှုဆောင် အဖွဲ့အား၊ စည်းမျဉ်း ဥပဒေနှင့် ကိုက်ညီ မှသာ၊ ဆက်လက်၍ စေ့စပ် ဆွေးနွေးရန်နှင့် သဘော တူညီချက်ကို မွမ်းမံ လက်ခံရန် အာဏာ အပ်နှင်း ထားခြင်း၏ အဓိက အကြောင်းရပ် ဖြစ်ပေသည်။
တက္ကသိုလ်မှ တင်ပြသော အချို အချက်အလက် များသည်၊ သမဂ္ဂ၏ စည်းမျဉ်း ဥပဒေနှင့် ဆန့်ကျင် နေသောကြောင့် စေ့စပ် ဆွေးနွေးရာတွင် အခက်အခဲများ ပေါ်ပေါက် လာခဲ့သည်။ အဓိက ကွဲလွဲချက်မှာ၊ တက္ကသိုလ် ကျောင်းသား ဟောင်းများနှင့် ဘွဲ့ရ ကျောင်းသား များအား သမဂ္ဂဝင် အဖြစ် လက်ခံရန်၊ တက္ကသိုလ်မှ သဘော မတူ ဟူသော အချက်ပင် ဖြစ်သည်။ စေ့စပ် မရနိုင် လောက်အောင် ဖြစ်နေသော ကွဲလွဲချက်ကို၊ သမဂ္ဂ အမှုဆောင် အများနှင့် ဒု အဓိပတိတို့ အကြိမ်ပေါင်း များစွာ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ပြေလည် စေနိုင် ခဲ့ပေသည်။ ဤကိစ္စနှင့် ပတ်သက်၍ ၊ ဝတ်လုံတော်ရ ဦးစိုးညွန့် (M.A, M.L.C) နှင့် တက္ကသိုလ် ကောင်စီ လူကြီး၊ အလုပ် အမှုဆောင်ဝင် အချို့ တို့က အဖိုး အနဂ္ဃ ထိုက်တန် လှသော အကူအညီများ ပေးခဲ့ ကြပေသည်။ နောက်ဆုံးတွင်၊ သဘော တူညီမှု အချက်အလက် များကို၊ ၁၉၃၁ ခု၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပသော သမဂ္ဂ အလုပ် အစည်းအဝေးမှ မူအားဖြင့် လက်ခံပြီး၊ သမဂ္ဂ အမှုဆောင် များနှင့် တက္ကသိုလ် အာဏာပိုင် တို့သည် သဘော တူညီမှု ရခဲ့ ပေသည်။ ယင်း သမဂ္ဂ အလုပ် အစည်းအဝေး ပွဲတွင် ဖော်ပြပါ သဘော တူညီမှု အချက်အလက် များနှင့် ကိုက်ညီ စေရန် အချို့သော စည်းမျဉ်း ဥပဒေ ပြင်ဆင်ချက်များ လက်ခံ အတည်ပြု ခဲ့ပေသည်။ ထို သဘော တူညီချက်ကို၊ ၁၉၃၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင်၊ သမဂ္ဂ အမှုဆောင် များက လက်မှတ် ရေးထိုး ခဲ့ပေသည်။
ပြင်ဆင်ပြီး ဖြစ်သော စည်းမျဉ်း ဥပဒေသည်၊ ၁၉၃၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ အလုပ် အစည်းအဝေး ကြီးမှ ပြင်ဆင် အတည် ပြုသော စည်းမျဉ်း ဥပဒေပင် ဖြစ်သည်။ သို့သော် ဤ စည်းမျဉ်း ဥပဒေသည် အခြေခံ အားဖြင့် မူလ စည်းမျဉ်း ဥပဒေနှင့် ခြားနားခြင်း မရှိပေ။ စည်းမျဉ်း ရေးဆွဲရေး ကော်မတီ၏ ပြောကြားချက် အရ၊ ကျောင်းသားများ အပေါ်လုံးဝ အားထား ပိုင်ခွင့်သည် စည်းမျဉ်း ဥပဒေ၏ သော့ချက်ပင် ဖြစ်ကြောင်း ပါရှိပေသည်။ သမဂ္ဂသည်၊ အနာဂတ် မြန်မာ နိုင်ငံ သားများ၏ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ ဖြစ်သည်နှင့် အညီ တက္ကသိုလ် ကျောင်းသား များအား နိုင်ငံတော်၏ အကျိုး အတွက် ထမ်းရွက် ကြစေရန်၊ လွတ်လပ်ရေး စိတ်ဓာတ် သွင်းပေးရန်နှင့် တာဝန်သိ စိတ်ဓာတ်များ ဖန်တီး ပေးရန် ကြိုးပမ်း သွားမည် ဖြစ်သည်။ သမဂ္ဂသည် လူမှုရေး လုပ်ငန်းများ စီစဉ် ပေးခြင်း၊ မိတ်ဆက် တွေ့ဆုံပွဲများ စီစဉ် ပေးခြင်း၊ စားသောက်ဆိုင်များ ထားရှိ ပေးခြင်းနှင့် အိမ်တွင်း ကစားခုန်စား လုပ်ငန်းများ စည်ရုံး ပြုလုပ်ခြင်းများ ပြုလုပ် ရသည်မှာ သံသယ ဖြစ်ဖွယ် အကြောင်း မရှိပေ။ သို့ရာတွင်၊ သမဂ္ဂ၏ အနာဂတ် ဝါဒ ရည်ရွယ်ချက် တရပ်လုံး၏ အခြေခံ အချက် တချက်မှာ၊ တက္ကသိုလ် ကျောင်းသား များအား၊ တက္ကသိုလ် ကျောင်းမှ ထွက်ခွာ၍ ပိုမို ကျယ်ပြန့်သော လူ့လောက အတွင်းသို့ ဝင်ရောက် ကြသည့် အခါတွင်၊ ထို ကျောင်းသား များအား အနာဂတ် လူ့ဘောင်နှင့် ကိုယ်ရေး ကိုယ်တာ ဆိုင်ရာ ဘဝ တလျှောက်လုံး အတွက် ပြင်ဆင်မှုများ ပြုလုပ် ပေးရန်ပင် ဖြစ်သည်။ အနာဂတ် တက္ကသိုလ် ကျောင်းသား များသည်၊ သမဂ္ဂ၏ မွန်မြတ်သော လုပ်ငန်းများ အတွက် မှတ်ယူကာ၊ သမဂ္ဂ၏ မွန်မြတ်သော အသင်းဝင် ဖြစ်ခြင်းနှင့် လုပ်ငန်း များကို လုပ်ဆောင် ရခြင်း အတွက် မည်သည့် အခါမျှ မေ့ပျောက် နိုင်ကြ လိမ့်မည် မဟုတ် မြော်လင့် မိပေသည်။ သမဂ္ဂ၏ အသင်းဝင် ဖြစ်ရခြင်း လုပ်ငန်းများ ပါဝင် ဆောင်ရွက် ရခြင်းသည်၊ အမိ နိုင်ငံတော်၏ လူထု လုပ်ငန်း၊ လူမှုရေး၊ နိုင်ငံရေးနှင့် ပညာရေး လုပ်ငန်း များတွင် ပါဝင် လုပ်ဆောင် နိုင်ရန် အတွက်၊ လေ့ကျင့်ခြင်းပင် ဖြစ်ပေသည်။
တက္ကသိုလ် သမဂ္ဂသည် ကောလိပ် များထက် ပိုမို ကျယ်ပြန့်သော၊ လူထု သဘောထား တရပ်ကို တင်ပြ နိုင်လိမ့်မည် ဖြစ်သည်။ သမဂ္ဂ တခုသည်၊ လွတ်လပ်စွာ တွေးတော ကြံဆခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခြင်း အတွက် ရပ်တည် နေခြင်းပင် ဖြစ်သည်။ ပြည့်ဝသော လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှု အခွင့်အရေးကို ၊ သမဂ္ဂမှ တောင်းဆို ရရှိ လိမ့်မည်ဟု ကျွန်တော် မြှော်လင့် ပါသည်။ သို့ရာတွင် သမဂ္ဂ၏ တိုးတက်ရေး၊ အောင်မြင်စွာ စည်းရုံနိုင်ရေး၊ သြဇာ တိက္ကမ ကြီးထွား လာရေးတို့ အတွက်၊ လွတ်လပ်မှုကို ကျင့်သုံးခြင်းနှင့် တာဝန်သိ စိတ်များ ထားရှိရန် လိုအပ် လှပေသည်။
စည်းမျဉ်း ရေးဆွဲရေး ကော်မတီ၏ အစီရင် ခံစာတွင် တက္ကသိုလ် အာဏာပိုင် များအား၊ ကျောင်းသား များ၏ အကျိုးနှင့် ပတ်သက်သော ပြဿနာ များတွင် သမဂ္ဂနှင့် ၎င်း၏ အမှုဆောင် များအား ယုံကြည် ကိုးစားစွာဖြင့် တိုင်ပင်ရန် ဖော်ပြ ထားပေသည်။
သမဂ္ဂ၏ လုပ်ငန်း များကို၊ မြန်မာ ပြည်သူများ ထဲမှ ပုဂ္ဂိုလ် များသည်လည်း မျက်ခြေ မပြတ် သင့်လှပေ။ ထို ပုဂ္ဂိုလ် များအား အစည်းအဝေး များတွင် မိန့်ခွန်း ပြောကြားရန် သမဂ္ဂမှ မေတ္တာ ရပ်ခံသည့် အခါ၊ ကျောင်းသား များအား အရေးကြီးသော အမျိုးသားရေး ပြဿနာ များနှင့် ပတ်သက်၍ အသိပေး မိန့်ခွန်း စကား ပြောကြား သင့်ပေသည်။ အင်္ဂလန် ပြည်၏ လူထု လောက ထဲတွင် ထင်ရှားသော ရှေ့တန်း ပုဂ္ဂိုလ် တဦး တယောက်သည်၊ အယူအဆ မည်သို့ပင် ရှိစေကာမူ၊ အောက်စဖို့ဒ် သို့မဟုတ် ကင်းဘရစ်ခ်ျ တက္ကသိုလ် သမဂ္ဂ များတွင် မိန့်ခွန်း မပြောသူ မရှိ သလောက် ဖြစ်ပေသည်။ အလား တူစွာပင် ကျွန်ုပ်တို့၏ သမဂ္ဂသည် ပါတီ အသီးသီးမှ ခေါင်းဆောင် များ၏ အတွေ့အကြုံ များကို ကြားနာ သိခွင့် ရလိမ့် မည်ဟု မြှော်လင့် ရပေသည်။
သမဂ္ဂသည် ပေါ်ပေါက် နေသော ပြဿနာ ရပ်များနှင့် ပတ်သက်၍ တင်ပြ လာသော အယူအဆ အသီးသီးကို၊ ကောင်းစွာ ကြိုဆိုမည် ဖြစ်သည်။ ထိုနောက် လွတ်လပ်စွာ ဆုံးဖြတ် လုပ်ဆောင်မည် ဖြစ်သည်။
နိုင်ငံ တနိုင်ငံ၏ လူငယ် များသည် ထို နိုင်ငံ၏ အနာဂတ်ကို ပိုင်ဆိုင်သည် သာမက၊ ၎င်းတို့၏ စိတ်ဓာတ် သည်လည်း ယင်း နိုင်ငံရှိ အမျိုးသားရေးနှင့် မျိုးချစ် စိတ်ဓာတ် တို့၏ အခြေခံပင် ဖြစ်သည်။ ၎င်းပြင် ထို နိုင်ငံရှိ နိုင်ငံရေး အဆောက်အအုံ၏ ကြံ့ခိုင်ခြင်းနှင့် အားနည်းခြင်း တို့သည်လည်း အဆိုပါ စိတ်ဓာတ် အခြေခံ၌ တည်နေ ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ နိုင်ငံ ကဲ့သို့သော သူတပါး လက်အောက်ခံ နိုင်ငံ တနိုင်ငံတွင်၊ လူငယ်တို့၏ စိတ်ဓာတ်ကို ကြံ့ခိုင် စေရန် အလို့ငှာ၊ ကြိုးပမ်း မွမ်းမံ ပေးရန် လိုအပ် ပေသည်။ ကျွန်တော် တို့သည် တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြပြီး၊ မြန်မာ နိုင်ငံ ပညာတတ် လူတန်းစား များ၏ အစိပ်အပိုင်းကြီး တရပ် ဖြစ်သည့် အားလျော်စွာ၊ တိုင်းပြည်မှ အရေးတကြီး လိုအပ်ချက် များကို မမေ့သင့် ကြပေ။ ကျွန်တော်တို့၏ ကိုယ်ရေး ကိုယ်တာ ကိစ္စရပ် များကို အလေးဂရု ပြုကြ ရမည် ဖြစ်သော်လည်း၊ အမိ နိုင်ငံတော်က၊ ၎င်း၏ သားသမီး များအား၊ ၎င်းတို့၏ ဘဝ လုပ်ငန်း များနှင့် အမိ နိုင်ငံတော်၏ အကျိုး အတွက်၊ အမြဲတစေ စိတ်ပါ ဝင်စား ပြောဆို လုပ်ကိုင် နေထိုင်ခြင်းနှင့် အမိ နိုင်ငံ၏ ဂုဏ်သိက္ခာကို အမြဲ တစေ မြှင့်တင် ပေးရ မည်ဟု ထင်မြင် နေပါက မြှော်လင့်ချက် လွန်ကဲရာ ကျနေ လိမ့်မည်လော။ ကျွန်တော် တို့သည် အမိ နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးစံ တို့ကို ထိန်းသိမ်းရန် တာဝန် ရှိကြောင်း သတိ ချပ်သင့် လှပေသည်။ ကျွန်တော် တို့၏ သန့်စင် မှန်ကန်သော အမျိုးသားရေး ပုံသဏ္ဍာန်ကို ထိန်းသိမ်းရန် စွဲစွဲမြဲမြဲ ခံယူ ထားသင့် ပေသည်။ မလိုလား အပ်သော နိုင်ငံခြား ပယောဂ လွှမ်းမိုးမှု များအား စိတ်ဝင်စားခြင်း သို့မဟုတ် အမျိုးသား ပုံသဏ္ဍန် ပပျောက် စေမည့် ယိမ်းယိုင် စေမှု မှန်သမျှအား လုပ်ကြံမှု တရပ် အဖြစ် မှတ်ယူ ရမည် ဖြစ်သည်။ ကျွန်တော် တို့သည် ထမ်းရွက်ရန် ကျရောက် လာသော တိုင်းပြည်၏ ဂုဏ်သိက္ခာ မြှင့်တင်ရေး၊ လွတ်မြောက်ရေးနှင့် ရှေးဟောင်း အောင်မြင်မှု များကို ထိန်းသိမ်းနိုင်ရေး အတွက်၊ မျက်ခြေ မပြတ် သင့်ကြပေ။ အမိ မြန်မာ နိုင်ငံတော်သည် ၎င်း၏ နုနယ်သော သားပျို သမီးပျို များအား အနာဂတ်၏ မီးရှူး တန်ဆောင် သဖွယ် မှတ်ယူလျက် ရှိပေသည်။ အမိ နိုင်ငံ အတွက် ကိုယ်ကျိုး မစွန့်ဝံ့သူ မှန်သမျှသည် ကြောက်ရွံ့ သူများသာ ဖြစ်သည် မဟုတ်လော။
သမဂ္ဂ အသင်းဝင် များသည် အနာဂတ် ဗမာပြည်၏ အကျိုး အတွက် ကြီးမားသော အခန်း ကဏ္ဍမှ မလွဲမသွေ ပါဝင် ထမ်းရွက် ရမည် ဖြစ်သည်။ ထို့ကြောင့်၊ ကြီးမားသော အောင်ပွဲ အတွက်၊ ကျွန်တော် တို့သည် စည်းလုံး ညီညွတ် ကြပါစို့။ သမဂ္ဂ၏ အကျိုး အတွက် လုပ်ဆောင် ရမည့် လုပ်ငန်း များနှင့် ရင်ဆိုင် နေရသည့် အခါ များတွင် တွေဝေ ယိမ်းယိုင်မှု များအား၊ မှန်ကန် တရား မျှတသော ဆုံးဖြတ်ချက် များဖြင့် ဖယ်ရှား ပစ်နိုင် ပါစေ။ သမဂ္ဂကြီး အဓွန့်ရှည် တည်တန့် ပါစေ။ သမဂ္ဂသည် မြန်မာ ပြည်သူများ အကြားတွင် ခိုင်မာစွာ ရပ်တည် နိုင်ပါစေ။
အမ်အေ ရာရှစ်
အထွေထွေ အတွင်းရေးမှူး။
(ဇန်နဝါရီ - ဇွန် ၁၉၃၁)
ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ
ရန်ကုန်။
ဇွန်လ ၁ ရက်၊ ၁၉၃၁ ခု။
[အိုးဝေ နှစ်လည်စာစောင်၊ ၁၉၆၀]
ကိုးအကား
၁။ ‘ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်’ - မြဟန်၊ ၂၀၀၀ ခုနှစ် တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
၂။ Weekly Eleven News ကွန်ရက်စာမျက်မှ ‘မြန်မာ့ လွတ်လပ်ရေး၏ အမြုတေ (သို့မဟုတ်) အမျိုးသားနေ့’ အကြောင်း တင်ပြချက်၊ www.weeklyeleven.com
၃။ ‘ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်းဝင် စာချုပ် စာတမ်းများ’ - ရဲဘော် လှမျိုး၊ နံသာတိုက်၊ ပထမအကြိမ်၊ ၁၉၆၈။
၎။ ‘အမျိုးသားနေ့ ဥဒါန်း’၊ အတွေးအမြင် စာစဉ် ၁၀၆၊ ၁၉၉၄၊ ဒီဇင်ဘာ။
http://usuburma.co.cc/?p=76 blog မှ

