Sunday, October 5, 2014

Zaw Rayin MSAU-2(Monywa)
                                                   

မုံရွာမြို့၊ တရားရုံးမှ တရားသူကြီးများနှင့် ရှေ့နေများ ၀င်ငွေ ကောင်းချက်
======================================
          မြန်မာနိုင်ငံမှာ ဥပဒေတွေ ထုတ်ပြန်ထား ရှိပါတယ်ဗျာ……ဒါပေမယ့် မြန်မာနိုင်ငံမှာက ခုချိန်ထိ လာဘ်ပေးလာဘ်ယူမှု မပြီးဆုံးသေးဘဲ တည်မြဲနေပါတယ်။
          ဟိုတစ်နေ့ကဗျာ……….သူငယ်ချစ်တစ်ယောက် လက်ထပ်ချင်လို့ဆိုပြီး အကူအညီလာတောင်းပါတယ်။ ကျွန်တော်လည်း တရားရုံးမှာ အသိတော့မရှိပါဘူး၊ ဒါပေမယ့် ဟိုမေး ဒီမေးနဲ့ တရားရုံးက ခရိုင်တရားသူကြီးဆီကို ရောက်သွယ်တယ်၊ မရောက်ခင်မှာ ခရိုင်တရားသူကြီး ရုံးခန်းက စာရေးမဆိုလား၊ ရုံးအုပ်ဆိုလားတော့မသိဘူး အဲဒီအစ်မကြီးဆီမှာ အရင်ဖောင်ဖြည့်ရတယ်၊ အဲဒီမှာ မြန်အောင်လို့ဆိုပြီး အရင်ဆုံး ငွေ ၅၀၀၀ိ/ကျပ်နဲ့ လမ်းဖွင့်ပေးရတယ်တဲ့။ အဲဒါနဲ့ ၅၀၀၀ိ/ကျပ်ပေးလိုက်တယ်၊ ပြီးတော့ ခရိုင်တရားသူကြီးနဲ့ တွေ့မယ်ပေါ့ လို့ ပြောတော့ သွားတာပေါ့ အဲ့ဒီအချိန်မှာ ခရိုင်တရားသူကြီးက မအားဘူးဗျာ၊ အမှုစစ်နေတယ်၊ အဲဒါနဲ့ မြို့နယ်တရားသူကြီးဆီကိုသွားတော့ ရသွားတယ်၊ ဘယ်လောက်မှမကြာပါဘူး၊ တရားသူကြီးကို ငွေ ၂၅၀၀၀ိ/ကျပ်ပေးလိုက်ရတယ်၊ ဒါနဲ့ ပြီးလားဆိုတော့ မပြီးသေးဘူးဗျာ…….မြို့နယ်တရားသူကြီးရုံးခန်းက စာရေးမကိုလည်း စာချုပ်မှာ တံဆိပ်နဲ့နံပတ်ရေးအောင်လို့ဆိုပြီး ၅၀၀၀ိ/ကျပ် ထပ်ပေးရသေးတယ်။ အပြင်ကိုရောက်တော့ ရှေ့နေ ၂ ဦးက တစ်ဦးလျှင် ငွေ ၅၀၀၀ိ/ဆိုလို့ ပြန်ပေးရတယ်၊ အဲ့ဒီနေ့က တရားရုံးမှာ ငွေ ၅၅၀၀၀ိ/ကျပ် ပေးလိုက်ရတယ်ဗျို့။။။။
          တစ်ခုပြောချင်တာက တရားရုံးဆိုတာက သူတို့တံဆိပ်မှာ ချိန်ခွင် တံဆိပ်တပ်ပြီး ညီညီမျှမျှနဲ့ လုပ်ပေးရတာပါ။ ခုဟာက ပေါ်တင်တောင်းတာဆိုတော့ အကြီးတန်အရုပ်ဆိုးတယ်ဗျာ။။။။။ သမ္မတကြီးက ဒီလိုပဲလား…………

No comments:

Post a Comment

များများရေးပေးပါ ဝေဖန်ပေးကြပါ။ မိတ်ဆွေတို့၏ ဝေဖန်စကားလုံးသည် ကျွန့်တော့်အတွက် နည်းလမ်းကောင်းများဖြစ်ပါသည်။