Friday, September 11, 2020

ကိုယ်တိုင်း ဒဿနစာစု

ရွေးချယ်ရ ခက်နေတဲ့ နာရီလက်တံကြားထဲက အသက်မဲ့နေတဲ့ အမှောင်ထဲမှာ ငါတို့ဟာ အတူတူလဲလျောင်းနေကြတယ်။ အမှောင်လို့သာဆိုပေမယ့် ဘယ်မှာလည်း ကျေးငှက်တို့အသံ ဘယ်မှာလည်း ပုဇဉ်းတွေရဲ့အသံ ဘယ်မှာလည်း သားရဲတို့ရဲ့ အော်ဟစ်သံ အို...တစ်ကယ်ကို အသက်မဲ့တဲ့ အမှောင်ထုကြီးပါလား။ နာရီလက်တံတွေ ကြားထဲမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပုံရိပ်တွေကိုလည်း ဖြတ်ကျော်ခဲ့ဖူးတယ်။ ဒါလည်း လောကနိယာမကို ဖြတ်လျှောက်သွားနေတဲ့ သင်္ခါရသဘောတရားလား။ ဪ...... နာရီလက်တံကလည်း ငြီးတွားနေပြီလား စက္ကန့်လက်တံလေးကလည်း မှိုင်ထွေနေပြီလား။ ကမ္ဘာကြီးက... ပြောင်းလဲနေတဲ့ အချိန်တွေကို ``စေ´´ဆိုတဲ့ ဝိဘတ်နဲ့ အလှဲအထပ်လုပ်ရရင် ဪ......အချိန်တွေတိုင်းက အေးချမ်းနေမှာပါ။ အိပ်မပျော်တဲ့ ညတစ်ချက် (Zaw Rayin)

No comments:

Post a Comment

များများရေးပေးပါ ဝေဖန်ပေးကြပါ။ မိတ်ဆွေတို့၏ ဝေဖန်စကားလုံးသည် ကျွန့်တော့်အတွက် နည်းလမ်းကောင်းများဖြစ်ပါသည်။