လိုအပ်သည်များနှင့် မသိတာများအား ဆက်လက်သင်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ..............
Friday, September 12, 2025
စာတို
ကိုယ်စိုက်ပျိုးတဲ့ ပန်းလေးတစ်ပွင့်ကို ကိုယ်တစ်ယောက်ထဲပဲ နမ်းရှိုက်ချင်တယ်၊ မည်သို့သော တစ်ခြားတစ်ယောက်ရဲ့ လက်ထဲကို ခူးဆွတ်ပြီးလည်း မပေးနိုင်သလို နမ်းရှိုက်ခွင့်လည်း မပေးနိုင်ဘူး၊ နောက်ဆုံးပြောရရင် ဘုရားပန်းအိုတောင် ပေးမထိုးချင်ဘူး(ကာမအတ္တလို့ပဲ ပြောပြော၊ တဏှာအတ္တလို့ပဲ ပြောပြော)......
သူမကြောင့် မျက်ရည်ကျစေတာလည်း ကိုယ်ပဲဖြစ်ချင်သလို ကိုယ့်ကြောင့် ပြုံးရွှင်တာလည်း သူမပဲ ဖြစ်စေချင်တယ်......
အတိတ်ဆိုတဲ့အရာကို ထားသင့်သလောက် မေ့ထားပြီး ယူသင့်တာကိုတော့ လက်ကမ်းယူဆဲပဲ၊ ပစ္စုပ္ပန်မှာရော အနာဂါတ်မှာပါ မင်းနဲ့အတူတူ ဖြတ်သန်းချင်တယ်..........
အချစ်ဆိုတာကို နားလည်ပြီး ပေါက်ဖွားခွင့်ပေးလိုက်တဲ့ အချိန်ကစ ခုအချိန်ထိ ချစ်နေဆဲပဲ...........
တစ်ရက်တစ်လလောက် စကားပြောခွင့် မရခဲ့ရင်၊ တစ်က္ကန့် တစ်မိနစ်လောက် တွေ့ခွင့်မရှိခဲ့ရင် လင်းဠ အစာမစားရလို့ မှိုင်တွေနေသလို ဖြစ်နေတာ........
ဆိုးတူကောင်းဖက်ကို အတူတူဖြတ်သန်းဖို့အတွက် နီးစပ်ခွင့်လေးတော့ ရချင်ပြီကွာ........
ဟို....တစ်ယောက်
နိဗ္ဗာန်ဆိုတာက နတ်ပြည်ရောက်မှ
တွေ့ရတာ မဟုတ်ဘူး.....
မင်း မျက်နှာကို
ထိုင်ကြည့်နေရတာကလည်း
လောကနိဗ္ဗာန်ပဲလေ.......
ကြေကွဲခြင်း
လာကွာ ညီလေး........
လောကမှာ အချိန်တွေကလည်း မမြဲဘူး
ခန္ဓာကလည်း မမြဲဘူး
ပတ်ဝန်းကျင်လည်း မမြဲဘူး
အချစ်တွေကလည်း မမြဲဘူး
အရာအားလုံးက မမြဲသော
နိယာမတွေကြီးပဲ......
ဘာတစ်ခုမှ မမြဲမယ့်အတူတူ
အအေးဒဏ်ကို ခံတုပြီ
သစ္စာရှိတဲ့ ယမကာကိုပဲ
မှီဝဲရအောင်ကွာ.........
နက္ခမကြည့်နဲ့
ကြယ်တာရာမကြည့်နဲ့၊ ဗေဒင်မကြည့်နဲ့
သူမ ပြောသလို့ အချိန်ကိုပဲကြည့်
အချိန်က ကုစားသွားလိမ့်မယ်..........😭😭😭😭😭
လာကွာ ညီလေး....
အချိန်က မကုစားခင်
အရင်ဆုံး အအေးဒဏ်ကို
ခံတုလို့ ယမကာလေးနဲ့
ဆရက်မင်းစည်းစိမ်ယူပြီး
မှီဝဲကြသေးတာပေါ့ကွာ...........
ပတ်ဝန်းကျင်ကို ထိခိုက်မှာတော့ မပူနဲ့
အရာရာအားလုံးက မမြဲတော့
ငါတို့ရီမောသံတွေကလည်း
လေထဲမှာ ပျောက်ကွယ်သွားမှာ...........
D Lu Gyi
ပုရိသနဲ့အချစ်
#လူတစ်ယောက်ကိုမေ့ဖို့ ဘယ်လောက်ကြာတတ် လဲလို့ မေးမယ်ဆိုရင်တော့ ကိုယ်ဘယ်လောက် ထိ ချစ်ခဲ့မိတယ်ဆိုတဲ့ အရာနဲ့ ဆိုင်တယ် ။ ပြီး တော့ သူ့အတွက် ဘယ်လောက်ထိပေးဆပ်ခဲ့သလဲနဲ့လည်း ဆိုင်တယ် အနာတရတွေနဲ့လဲဆိုင်တယ် ပြီးတော့ ဘယ်လောက်မျှော်လင့်ခဲ့မိသလဲဆိုတဲ့ ကိုယ့်စိတ်နဲ့ လဲ ဆိုင်တယ် ။
အချိန်တန်ရင်တော့ နေသားကျသွားမှာပါဆို တဲ့ စကားတွေ အများကြီးကြားဖူးပေမယ့် တကယ့် လက်တွေ့မှာကျတော့ အဲ့လောက် မလွယ်ဘူး လေ
သူ့ကို မချစ်တော့ဘူးလို့ ပြောလိုက်ဖို့ လွယ်ပေမ ယ့် သူ့ကို မေ့သွားပြီဆိုပြီး ဝန်ခံလိုက်ဖို့ကျ သိပ်ကို ခက်ခဲတယ် ။ တကယ်လဲ မေ့မှ မမေ့နိုင်ခဲ့ပဲလေ ။ လူတော်တော်များများကို မေးခွန်းတစ်ခု မေးကြည့်သူနဲ့ ဝေးသွားတာ ဘယ်လောက်ကြာပြီလဲလို့...
ရက်တွေ လတွေ နှစ်တွေကအစ အတိအကျကို မှတ်မိနေတတ်ကြတယ် ။ တကူးတကမှတ်ထား တာမျိုး မဟုတ်ဘူးနော် တကယ်ချစ်ခဲ့တဲ့သူက
သူ့အလိုလို မှတ်မိနေကျတာ
နှစ်တွေကြာသွားရုံနဲ့ သက်သာသွားတာမဟုတ် ပဲ တချို့ဒဏ်ရာတွေ ဝိုင်လိုပဲ နှစ်ချို့သွားမှ ပြင်းပြင်းရှရှနဲ့ကို ယစ်မူးစေတာမျိုးပါ ။ အခု လောလောဆယ်တော့ သူ့ကိုမေ့ဖို့ နည်းလမ်းပေါင်း စုံသုံးနေပါတယ် တစ်နေ့ကျရင်တော့ မေ့မှာပေါ့ ။
" စာလေးကိုအဆုံးထိဖတ်လို့ ကျေးဇူအထူးတင်ပါတယ် အားလုံးပဲ ချစ်တဲ့သူနဲ့စုံဆည်းနိုင်ကျပါစေ........
Friday, September 11, 2020
ဦးပိုင်လီမိတက်နှင့် ဖက်စပ်ကုမ္ပဏီများအကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ဖော်
တပ်မတော်မှ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားယူပြီးသူ တပ်မတော်အရာရှိကြီးများ ပိုင်ဆိုင် စီမံခန့်ခွဲနေသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ယင်းလီမိတက်၏ အရေးပါသည့် စီးပွားရေးမိတ်ဖက်များအကြောင်း အသေးစိတ် အချက်အလက်များနှင့် မြန်မာအစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ ဦးပိုင်လီမိတက်၏ စီးပွားရေးမိတ်ဖက်များ အခြေစိုက်တည်ရှိရာ နိုင်ငံများ၊ ကုလသမဂ္ဂသို့ အကြံပြုချက်များပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ထုတ်ပြန်လိုက်သည်။
“မြန်မာ - ပေါက်ကြားလာသော စာရွက်စာတမ်းများက စစ်တပ်၏ ရာဇဝတ်မှုများနှင့် ကမ္ဘာ့စီးပွားရေး လုပ်ငန်းကြီးများ ဆက်နွယ်နေမှုကို ဖော်ပြနေ” အမည်ရှိ အစီရင်ခံစာကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး AI ၏ လေ့လာစုံစမ်းချက်အရ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများသည် တပ်မတော်အား ဘဏ္ဍာငွေကြေးထောက်ပံ့မှုများရှိနေကြောင်း၊ ယင်းသို့ ထောက်ပံ့မှုများတွင် နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်သော ပြစ်မှုများနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ရာတွင် တိုက်ရိုက်ပတ်သက် တာဝန်ရှိသော တပ်ရင်းတပ်ဖွဲ့ အများအပြားပါ ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
AI ၏ ယခုထုတ်ပြန်ချက်ကို ၂၀၁၉ စက်တင်ဘာလက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့၏ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများဆိုင်ရာ အစီရင်ခံစာ၊ ဦးပိုင်လီမိတက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ထံ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တင်သွင်းသော အစီရင်ခံစာ၊ Justice for Myanmar က AI ကို သီးသန့်မျှဝေသည့် ၂၀၁၀-၂၀၁၁ ခုနှစ်အတွက် ဦးပိုင်လီမိတက်က ရှယ်ယာရှင်များသီးသန့် ကန့်သတ်ဖြန့်ဝေသော အစီရင်ခံစာတို့မှ အချက်အလက်များကို အခြေပြုထားသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားစစ်မှုထမ်း ၃၈၁၆၃၆ ဦးတို့က တစ်ဦးချင်း အစုရှယ်ယာဝင်အဖြစ်၊ တိုင်းစစ်ဌာနချုပ်များ၊ တပ်မများ၊ တပ်ရင်းများ၊ တပ်ဖွဲ့များနှင့် စစ်မှုထမ်း ဟောင်းအဖွဲ့များ စသည့် အဖွဲ့အစည်း ၁၈၀၁ ဖွဲ့တို့က ရှယ်ယာဝင်များအဖြစ် ပိုင်ဆိုင်ထားသည်။
၁၉၉၀ နှင့် ၂၀၁၁ ခုနှစ်အတွင်း အစုရှယ်ယာဝင်များထံ ပေးအပ်ခဲ့သော အမြတ်ငွေ စုစုပေါင်းမှာ မြန်မာကျပ်ငွေ ၁၀၈ ဘီလီယံနီးပါးဖြစ်ကြောင်း၊ တပ်ဖွဲ့၊ တပ်ရင်းများ၏ ဌာနချုပ်များသည် ၂၀၁၀-၂၀၁၁ အစီရင်ခံစာအရ အစုရှယ်ယာဝင်အဖြစ် နှစ်စဉ် အမြတ်ငွေ ကျပ် ၁၈၆ ဒသမ ၅ သန်း ရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
AI က တွေ့ရှိချက်များကို ဦးပိုင်ကိုသာမက ယင်း၏ အဓိက စီးပွားဖက် ကုမ္ပဏီကြီး ရှစ်ခုထံ ပေးပို့ခဲ့ပြီး ၎င်းတို့အနက် ခြောက်ခုမှာ နိုင်ငံခြား ကုမ္ပဏီများဖြစ်ကြပြီး နှစ်ခုမှာ ပြည်တွင်းမှ ဖြစ်သည်။ အဆိုပါကုမ္ပဏီများမှာ Ever Flow River Group Public Co., Ltd (EFR)၊ ကမ္ဘောဇအုပ်စု (KBZ)၊ ဂျပန်နိုင်ငံမှ Kirin Holdings, တောင်ကိုရီးယား ကုမ္ပဏီများဖြစ်သော INNO Group နှင့် POSCO, တောင်ကိုရီးယားတွင် မှတ်ပုံတင်ထားသော Pan-Pacific, စင်ကာပူမှ RHM Singpore Pte နှင့် ဝမ်ပေါင် သတ္တုကုမ္ပဏီတို့ ဖြစ်သည်။
ကုမ္ပဏီများ၏ ပြန်ကြားချက်တွင် သုံးခုက ဦးပိုင်လီမိတက်နှင့် စီးပွားရေး ဖက်စပ်လုပ်ကိုင်မှုများကို ပြန်လည်သုံးသပ်နေသည်ဟု ပြောသည်။ အခြားကုမ္ပဏီများကမူ ယင်းကဲ့သို့ ကတိကဝတ်မပြု သို့မဟုတ် အကြောင်းပြန်ကြားခြင်း မရှိဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
“မြန်မာနိုင်ငံရဲ့ မကြာသေးတဲ့သမိုင်းမှာ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲက တချို့ကို ကျူးလွန်ခဲ့သူတွေဟာ ဦးပိုင်ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အကျိုးအမြတ်ရရှိသူတွေ ဖြစ်နေပါတယ်။ ဥပမာ စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုရင် ၂၀၁၁ ခုနှစ်မှာ ဦးပိုင်လီမိတက်မှာ ရှယ်ယာ ငါးထောင် ပိုင်ထားပါတယ်။ ဒီလို ငြင်းချက်ထုတ်လို့မရနိုင်တဲ့ အထောက်အထားတွေကြောင့် ဦးပိုင်ကုမ္ပဏီနဲ့ လက်ရှိ ဖက်စပ်စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းတွေဟာ အဲဒီဆက်စပ်မှုကို တာဝန်သိသိနဲ့ ရပ်ဆိုင်းသင့်ပါတယ်” ဟု AI ၏ စီးပွားရေးလုပ်ငန်း၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးဌာန အကြီးအကဲ မာ့ခ်ဒါးမက်က ပြောသည်။
ကုမ္ပဏီများသည် ၎င်းတို့စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တာဝန်ရှိကြောင်း၊ ဖက်စပ်လုပ်ငန်းများမှ ထွက်ပေါ်လာသော အကျိုးအမြတ်များရှိလျှင် ဦးပိုင်လီမိတက်မှ ရရှိကြောင်း၊ ဦးပိုင်က တဖန် အမြတ်ငွေများကို အစုရှယ်ယာဝင်များထံ ခွဲပေးပြီး ယင်းအစုရှယ်ယာဝင်များထဲမှ အများအပြားက လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးပိုင်လီမိတက်ကို ဖျက်သိမ်းခြင်း သို့မဟုတ် ယင်း၏ အစိတ်အပိုင်းများကို လွှတ်တော်၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော် သို့မဟုတ် တပ်မတော်နှင့် ဆက်စပ်မှုမရှိသော အရပ်သားများသို့ ရောင်းချလိုက်ရန်လည်း အကြံပြုထားသည်။
ထို့အပြင် တပ်မတော်ကို အရပ်သားထိန်းချုပ်မှုအောက်တွင် ထားနိုင်ရန်နှင့် စစ်တပ်အသုံးစရိတ်အားလုံးကို လွှတ်တော်က အတည်ပြုပေးနိုင်ရန် အခြေခံဥပဒေနှင့် အခြား ဥပဒေဆိုင်ရာ၊ မူဝါဒဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရန်၊ ဦးပိုင်လီမိတက်ကဲ့သို့သော စီးပွားရေးလုပ်ငန်းကြီးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တပ်မတော်က ပိုင်ဆိုင်မှု မပြုနိုင်အောင် တားမြစ်ရန်၊ လွှတ်တော်၏ ကြီးကြပ်မှုဖြင့် လွတ်လပ်သော ကော်မရှင်ဖွဲ့ကာ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တပ်မတော်၏ စီးပွားရေးလုပ်ငန်းများနှင့် အစုရှယ်ယာရှင်များ၏ ကဏ္ဍကို စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်များကို ထုတ်ပြန်အသိပေးရန်၊ တပ်မတော်အရာရှိများနှင့် တပ်မတော်နှင့်ဆက်စပ်သော အစုရှယ်ယာဝင်များကို ဦးပိုင်၏ ရာထူးများမှ ဖယ်ရှားရန်၊ ဦးပိုင်လီမိတက်ဆိုင်ရာ အချက်အလက် ထုတ်ဖော်သော မည်သူ့ကိုမဆို လက်တုံ့ပြန် အရေးယူခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနှောက်အယှက်ပြုခြင်း မလုပ်ရန် အစိုးရကို အကြံပြုထားသည်။
ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံး (OHCHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်ရေး အထူးကိုယ်စားလှယ်တို့၏ စုံစမ်းစစ်ဆေးချက်နှင့် အစီရင်ခံစာပါ အချက်များကို အကောင်အထည်ဖော်ရန်လည်း ကုလသမဂ္ဂကို တိုက်တွန်းထားသည်။
ကိုယ်တိုင်း ဒဿနစာစု
ရွေးချယ်ရ ခက်နေတဲ့
နာရီလက်တံကြားထဲက
အသက်မဲ့နေတဲ့ အမှောင်ထဲမှာ
ငါတို့ဟာ အတူတူလဲလျောင်းနေကြတယ်။
အမှောင်လို့သာဆိုပေမယ့်
ဘယ်မှာလည်း ကျေးငှက်တို့အသံ
ဘယ်မှာလည်း ပုဇဉ်းတွေရဲ့အသံ
ဘယ်မှာလည်း သားရဲတို့ရဲ့ အော်ဟစ်သံ
အို...တစ်ကယ်ကို အသက်မဲ့တဲ့ အမှောင်ထုကြီးပါလား။
နာရီလက်တံတွေ ကြားထဲမှာ
ပုံသဏ္ဌာန်အမျိုးမျိုးနဲ့
ပုံရိပ်တွေကိုလည်း ဖြတ်ကျော်ခဲ့ဖူးတယ်။
ဒါလည်း လောကနိယာမကို
ဖြတ်လျှောက်သွားနေတဲ့ သင်္ခါရသဘောတရားလား။
ဪ......
နာရီလက်တံကလည်း ငြီးတွားနေပြီလား
စက္ကန့်လက်တံလေးကလည်း မှိုင်ထွေနေပြီလား။
ကမ္ဘာကြီးက...
ပြောင်းလဲနေတဲ့ အချိန်တွေကို
``စေ´´ဆိုတဲ့ ဝိဘတ်နဲ့ အလှဲအထပ်လုပ်ရရင်
ဪ......အချိန်တွေတိုင်းက
အေးချမ်းနေမှာပါ။
အိပ်မပျော်တဲ့ ညတစ်ချက်
(Zaw Rayin)
Thursday, March 5, 2020
Tuesday, November 19, 2019
Thursday, July 11, 2019
Tuesday, June 11, 2019
Tuesday, January 22, 2019
Subscribe to:
Posts (Atom)
