ရှေ့သို့ လှမ်းချီ မြန်မာပြည်……မြန်မာ့ MPT………….
နိုင်ငံတော်သမ္မတကြီးရဲ့ စေတနဲ့ ပြည်သူတွေအတွက် တန်ဖိုးနည်းတယ်လီဖုန်းတွေကို တစ်လုံးလျှင် ကျပ် ၁၅၀၀ိ/ကျပ်နဲ့ ရောင်းချပေးလိုက်ပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ လက်ထဲကို ကျပ် ၁၅၀၀ိ/ကျပ်နဲ့ အမှန်တကယ်ရောက်တာလည်း ရှိသလို ကျပ် ၁၅၀၀၀ိ/ပေးပြီးမှ ကိုင်သုံးရတာလည်း ရှိပါတယ်။ ပထမကတော့ ၂၀၀၀၀၀ိ/ကျပ်တန် MPT တွေကို ၁၅၀၀ိ/ကျပ်ထိ အများပြည်သူများအား ကိုင်ဆောင်ပြီး ဆက်သွယ်ရလွယ်ကူအောင်အတွက် ဈေးနှုန်းများကို အဆမတန်လျော့ချပြီး ဖုန်းဆိုင်တွေမှာ ရောင်းချပေးခဲ့ပါတယ်၊ အူရီဒူး၊ တယ်လီနော၊ ခု MPT ကို ကျပ် ၁၅၀၀ိ/ကျပ်နဲ့ ရောင်းချပေးနေပါပြီး
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ အူရီဒူးနဲ့ MPT Sim Card တွေကို ကျပ် ၁၅၀၀ိ/ကျပ်နဲ့ ရောင်းချရန်အတွက် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂိုလ်လိကဖုန်းဆိုင်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ခွဲတန်းစနစ်နဲ့ ချပေးခဲ့ပါတယ်။ အစကတော့ တစ်လုံးကို၁၅၀၀ိ/ကျပ်ပါပဲ၊ အူရီဒူးကတော့ လူတိုင်းမသုံးပါဘူး၊ ကုလားက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးဆိုပြီး အသုံးနည်းပါတယ်။ တယ်လီနောကတော့ ဆက်သွယ်ရေးဧရိယာတိုင်း မရှိတာကြောင့် မုံရွာမြို့မှာ အသုံးမပြုကြသေးပါဘူး၊ MPTကတော့ လူတိုင်းနီးပါး အသုံးပြုချင်ကြပါတယ်။
ခုလည်း ရှေ့သို့လှမ်းချီ မြန်မာပြည်ဆိုပြီး ကျပ် ၁၅၀၀ိ/နဲ့ MPT Sim Card တွေကို တန်းဖိုနည်းစွာဖြင့် ပြန်လည်ရောင်းချပေးနေပါတယ်။ ဒါကို မုံရွာမြို့ရဲ့ ဒုတိယ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းလို့ ပြောလို့ရတဲ့ ဟောင်ကောင် ဖုန်းအရောင်းဆိုင်က ၁၅၀၀ိ/ကျပ်တန် ရှေ့သို့လှမ်းချီ မြန်မာပြည် MPT Sim Card တစ်ခုရိုးရိုးကို ၂၃၀၀၀ိ/ကျပ်ဖြင့်လည်းကောင်း၊ နံပါတ်လှ နံပါတ် ရှေ့နောက်ပူးတွေကို ၂၅၀၀၀ိ/ကျပ်ဖြင့်လည်းကောင်း အသီးသီးရောင်းချပေးနေပါတယ်လို့ ဆိုင်ဝန်ထမ်းအသိုင်းအ၀ိုင်း တစ်ခုကနေ အတည်ပြုပြောဆိုထားပါတယ်။
အဲဒီလိုပဲ Sim Card တွေကို ရောင်းချနေမယ်ဆိုရင် လူတန်းစေ့ ကိုင်နိုင်အုံးမလားဗျာ။။။။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းသန်းကတော့ ခု တန်ဖိုးနည်း Sim Card တွေကို ငွေဖြည့်ကဒ်များနှင့် တွဲရောင်းခြင်း၊ တန်ဖိုးမြှင့်ရောင်းခြင်း၊ ဟန်းဆက်များနှင့် တွဲပြီးရောင်းခြင်းမျိုးကို ထပ်မဖြစ်စေရန်အတွက် ကုမဏီတွေကို သတိပေး ပြောဆိုထားပြီးဖြစ်ကြောင်း၊ ဆက်လက်ရောင်းချပါက ကုမဏီနဲ့ ဆိုင်ကို ထာဝရပိတ်သိမ်းသွားမယ်လို့ ပထမအကြိမ် ပြည့်သူ့လွှတ်တော် ၁၀ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့မြောက်တွင် ပြောကြားခဲ့ပါသည်။
ဒါဆိုရင် မုံရွာမြို့ရဲ့ ဒုတိယ ဆက်သွယ်ရေးလုပ်ငန်း(သို့) ဟောင်ကောင် ဖုန်းအရောင်းဆိုင်က ဘာကြောင့် အဲဒိလို လုပ်ရတာလဲ………….
လိုအပ်သည်များနှင့် မသိတာများအား ဆက်လက်သင်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ..............
Friday, October 10, 2014
ရှေ့သို့လှမ်းချီ မြန်မာပြည်
Sunday, October 5, 2014
Zaw Rayin MSAU-2(Monywa)
မုံရွာမြို့၊
တရားရုံးမှ တရားသူကြီးများနှင့် ရှေ့နေများ ၀င်ငွေ ကောင်းချက်
======================================
မြန်မာနိုင်ငံမှာ ဥပဒေတွေ ထုတ်ပြန်ထား ရှိပါတယ်ဗျာ……ဒါပေမယ့်
မြန်မာနိုင်ငံမှာက ခုချိန်ထိ လာဘ်ပေးလာဘ်ယူမှု မပြီးဆုံးသေးဘဲ တည်မြဲနေပါတယ်။
ဟိုတစ်နေ့ကဗျာ……….သူငယ်ချစ်တစ်ယောက် လက်ထပ်ချင်လို့ဆိုပြီး
အကူအညီလာတောင်းပါတယ်။ ကျွန်တော်လည်း တရားရုံးမှာ အသိတော့မရှိပါဘူး၊ ဒါပေမယ့် ဟိုမေး
ဒီမေးနဲ့ တရားရုံးက ခရိုင်တရားသူကြီးဆီကို ရောက်သွယ်တယ်၊ မရောက်ခင်မှာ ခရိုင်တရားသူကြီး
ရုံးခန်းက စာရေးမဆိုလား၊ ရုံးအုပ်ဆိုလားတော့မသိဘူး အဲဒီအစ်မကြီးဆီမှာ အရင်ဖောင်ဖြည့်ရတယ်၊
အဲဒီမှာ မြန်အောင်လို့ဆိုပြီး အရင်ဆုံး ငွေ ၅၀၀၀ိ/ကျပ်နဲ့ လမ်းဖွင့်ပေးရတယ်တဲ့။ အဲဒါနဲ့
၅၀၀၀ိ/ကျပ်ပေးလိုက်တယ်၊ ပြီးတော့ ခရိုင်တရားသူကြီးနဲ့ တွေ့မယ်ပေါ့ လို့ ပြောတော့ သွားတာပေါ့
အဲ့ဒီအချိန်မှာ ခရိုင်တရားသူကြီးက မအားဘူးဗျာ၊ အမှုစစ်နေတယ်၊ အဲဒါနဲ့ မြို့နယ်တရားသူကြီးဆီကိုသွားတော့
ရသွားတယ်၊ ဘယ်လောက်မှမကြာပါဘူး၊ တရားသူကြီးကို ငွေ ၂၅၀၀၀ိ/ကျပ်ပေးလိုက်ရတယ်၊ ဒါနဲ့
ပြီးလားဆိုတော့ မပြီးသေးဘူးဗျာ…….မြို့နယ်တရားသူကြီးရုံးခန်းက စာရေးမကိုလည်း စာချုပ်မှာ
တံဆိပ်နဲ့နံပတ်ရေးအောင်လို့ဆိုပြီး ၅၀၀၀ိ/ကျပ် ထပ်ပေးရသေးတယ်။ အပြင်ကိုရောက်တော့ ရှေ့နေ
၂ ဦးက တစ်ဦးလျှင် ငွေ ၅၀၀၀ိ/ဆိုလို့ ပြန်ပေးရတယ်၊ အဲ့ဒီနေ့က တရားရုံးမှာ ငွေ ၅၅၀၀၀ိ/ကျပ်
ပေးလိုက်ရတယ်ဗျို့။။။။
တစ်ခုပြောချင်တာက တရားရုံးဆိုတာက သူတို့တံဆိပ်မှာ
ချိန်ခွင် တံဆိပ်တပ်ပြီး ညီညီမျှမျှနဲ့ လုပ်ပေးရတာပါ။ ခုဟာက ပေါ်တင်တောင်းတာဆိုတော့
အကြီးတန်အရုပ်ဆိုးတယ်ဗျာ။။။။။ သမ္မတကြီးက ဒီလိုပဲလား…………
Wednesday, September 24, 2014
Tuesday, September 23, 2014
Sunday, September 21, 2014
မြို့နယ်တရားသူကြီး
http://www.facebook.com/475375749239254/photos/a.491001444343351.1073741829.475375749239254/591000704343424/?type=1
ဗကသ
http://www.facebook.com/475375749239254/photos/a.491001444343351.1073741829.475375749239254/591252240984937/?type=1
နည်းပညာတက္ကသိုလ်(ကလေး)
http://www.facebook.com/475375749239254/photos/a.491001444343351.1073741829.475375749239254/592077690902392/?type=1
ချစ်သူ
ချစ်သူ...
ပွင့်စွာနဲ့ ပြုံးတတ်တဲ့ ချစ်သူ...
ကလေးဆန်ပြီး နွဲ့ဆိုးဆိုးတဲ့ နင့်အပြုအမှုကြောင့်
ငါစွဲလန်းခဲ့တယ်?,,
ချစ်သူ..,
နင့်နာမည်က ကဗျာမဆန်ပေမယ့်
ကဗျာဆန်ပြီး နမ်းချင်စရာကောင်းတဲ့ အပြုအမှုကြောင့်
ငါ စွဲလန်းခဲ့တယ်....
ဒါပေမယ့် ပီးခဲ့ပါပြီ....ပီးခဲ့ပါပြီ.....
Zaw Rayin
^_^+^_^=0
Saturday, September 20, 2014
Friday, September 19, 2014
ကျန်းမာရေးသည် လာဘ်တစ်ပါး
http://www.facebook.com/thanlarwaddytimes/photos/a.162439053888425.36755.161087474023583/549696271829366/?type=1
Subscribe to:
Posts (Atom)
