Saturday, September 9, 2017

Zaw Rayin;
White card ပြဿနာ

ဝှိုက်ကတ် ဆိုသည်မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသော ကတ် မဟုတ်ပါဘူး။ လူဦးရေစာရင် အမှတ်အသားသာ ဖြစ်ပါတယ်။ ဝှိုက်ကတ် ကို ဘယ်နိုင်ငံသားလို့ မဖော်ပြနိုင်တဲ့သူတွေကို ပေးတဲ့ကတ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားမှတ်ပုံတင် (၃ ခေါက်ချိုးကတ်)၊ နိုင်ငံသားစိစစ်ရေးကတ်( ပန်းရောင်)၊ နိုင်ငံသားပြုခွင့်ရကတ်(အစိမ်းရောင်)
တို့ရှိနေပါတယ်။ ဒီကတ်ကိုင်ဆောင်သူတွေဟာ နိုင်ငံသားများဖြစ်ကြပါတယ်။
နိုင်ငံခြားသားများအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ကြပါတယ်။
အဖြူရောင်ကတ် (White card )တွေကတော့ ဘယ်နိုင်ငံသားဆိုတာ မဖော်ပြနိုင်တဲ့သူတွေ ကို ပေးထားတဲ့ကတ်ဖြစ်ပါတယ်။

White card ဆိုတာ
ယာယီသက်သေခံလက်မှတ်သာ ဖြစ်ပါတယ်။ လုံခြုံရေးအတွက် လူဦးရေစိစစ်နိုင်ရေး ပေးအပ်ထားခြင်းသာ ဖြစ်ပါတယ်။
ဝှိုက်ကတ် ကိုင်ဆောင်သုများ မဲပေးခွင့်ကို ၂၀၁၀ ရွေးကောက်ပွဲမှာ ခွင့်ပြုခဲ့ပေမယ့် အခြေခံဥပဒေအရ မဲပေးခွင့်သည် နိုင်ငံသားအခွင့်အရေးသာ ဖြစ်တဲ့ အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရုတ်သိမ်းခဲ့ပါတယ်။

ဝှိုက်ကတ် ထုတ်ပေးခြင်းသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေပြဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဝှိုက်ကတ်များကို ၁၉၉၅ ခုနှစ်က ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ မေလ ၃၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသောကြောင့် ယင်းနေ့မတိုင်မှီ ပြန်လည်အပ်နှံစေခဲ့ပြီးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဝှိုက်ကတ်ကိုင်ဆောင်သူ ခုနစ်သိန်းနီးပါးရှိပေမဲ့လည်း  ပြန်လည်အပ်နှံသူဟာ  ၃၉၇၄၉၇ ဦးသာရှိပါတယ်။
ဝှိုက်ကတ်များသည် ၂၀၁၅ မေလ ၃၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်လို့ ကိုင်ဆောင်ထားသော်လည်း မည်သည့် အထောက်အထားမှ မဖြစ်တော့ပါဘူး။

ဝှိုက်ကတ်ကိုင်သူတွေထဲမှ
နိုင်ငံသား အစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား  (NATIONAL VERIFICATION CARD) NVC ထုတ်ပေးခြင်းလုပ်ငန်းကို
ဆောင်ရွက်ရာတွင်  ၁၆/၁/၂၀၁၇ နေ့ အထိ ၆၂၀၂ ဦးကိုသာ NVC ကဒ်ထုတ်ပေးထားပါသေးပါတယ်။
ဒါသည်လည်း ၁၉၈၂ နိုင်ငံသားဥပဒေ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။

အခု ရခိုင်မှာ ဖြစ်ပွားနေတဲ့ ပြဿနာသည် ဝှိုက်ကတ်ကြောင့်လို့ အမြင်ကျဉ်းမြောင်းလှတဲ့ ငှက်ပိန်းတွေ သိဖို့ လိုအပ်ပါတယ်။
ဝှိုက်ကတ် ပြန်မအပ်မှုထက်ပိုဆိုးတာက ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုကို ငြင်းဆန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာကြောင့် သန်းခေါင်စာရင်းကို ငြင်းဆန်ရတာပါလဲ???????

No comments:

Post a Comment

များများရေးပေးပါ ဝေဖန်ပေးကြပါ။ မိတ်ဆွေတို့၏ ဝေဖန်စကားလုံးသည် ကျွန့်တော့်အတွက် နည်းလမ်းကောင်းများဖြစ်ပါသည်။