Saturday, September 9, 2017

Zaw Rayin;
R2Pအ​ကြောင်း​ သိ​ကောင်း​စရာ.....
“မြန်မာ့အချုပ်အခြာအာဏာကို ခြိမ်းချောက်နေသည့် R2P”
လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ်မှာ ကျူးကျော်ဝင်ရောက်လာတဲ့
ယောက်ျား မိန်းမ ခလေး လူကြီး အားလုံးဟာ အကြမ်းဖက်တွေဖြစ်ပေမယ့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အားလုံးကို ပစ်ခတ် ဖမ်းဆီး နှိမ်နင်းလို့ မဖြစ်နိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ UN က အသစ်ဖွဲ့စည်းထားတဲ့တဲ့ R2P အဖွဲ့ကြောင့်ပဲ ဖြစ်ပါတယ် ။

R2P (Responsibility to Protect) အဖွဲ့ဆိုတာ ……….
International Commission on Intervention and State Sovereignty (ICISS) နိုင်ငံတစ်ခု၏အချုပ်အခြာအာဏာနှင့်ဝင်ရောက်စွက်ဖက်ခြင်းဆိုင်ရာအပြည်ပြည်ဆိုင်ရာကော်မရှင်ဆိုတဲ့အဖွဲ့ကို၂၀၀၁ဒီဇင်ဘာမှာစဖွဲ့ခဲ့တာ ဖြစ်ပြီး အဲဒီအဖွဲ့ကိုအခြေခံပြီး ထပ်ဖွဲ့လိုက်တဲ့
နိုင်ငံတစ်ကာ အချုပ်အချာ အာဏာကို ၀င်ရောက် စွက်ဖက်ခွင့် ရတဲ့ အဖွဲ့ပါ ။
သူတို့ဟာ လူမျိုးတုန်း သတ်ဖြတ်ခြင်း
လူမျိုးနွယ်စု တစ်ခု ရှင်းလင်းသုတ်သင်ခြင်း
အကြမ်းဖက်အကြောင်းပြ ပြီးဒေသတစ်ခုကို ချေမှုန်းခြင်း
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း တွေလုပ်ရင်
ခြိမ်းခြောက်ခံလူသားတွေ ကယ်တင်ရေး စတာတွေအတွက်
R2P အဖွဲ့ရဲ့ အာဏာနဲ့ UN ကတပ်က နိုင်ငံတစ်နိုင်ငံကို အတားအဆီး မရှိ အာဏာသိမ်းခွင့် ရှိတဲ့အဖွဲ့ ပါ ။
ဒီအတွက် ညှိနှိုင်းစရာမလိုဘူး လွပ်လပ်စွာ ၀င်သိမ်းခွင့်ရှိတယ်။
UN မှာရှိတဲ့ စစ်ရေးအရ အရေးယူဘို့ ဆုံးဖြတ်ရင် လုံခြုံရေးကောင်စီ မှာ ဗီတိုအာဏာသုံးစွဲခွင့်ရှိတဲ့ နိုင်ငံတွေသဘောမတူလည်း နိုင်ငံတစ်နိုင်ငံကို ၀င်တိုက် ပိုင်ခွင့်ရှိတဲ့ အဖွဲ့ပါ။
အဲ့ဒီ အဖွဲ့ရဲ့ ဥက္ကဌကတော့ ကျွန်တော်တို့ ရဲ့ အချစ်တော် ကိုဖီအာနန်ပါပဲ ။
...၂၀၀၁ ခုနှစ် ဒီဇင်ဘာလလည်းရောက်ရော(ICISS) ရဲ့ အစီရင်ခံစာကို ထုတ်ပြန် တယ်။
(After the September 11, 2001 terrorist attacks, the international debate shifted away from consideration of measures to prevent genocide and mass atrocity toward measures for the prevention and preemption of terrorist activities and the proliferation of weapons of mass destruction. Moreover, the invasion of Iraq in 2003, premised in part on an argument of humanitarian intervention, was even more destructive to the advancement of the RtoP agenda. The invasion heightened concerns that RtoP would be used to further erode the sovereignty of smaller developing countries. )
စက်တင်ဘာလ၁၁ရက်၂၀၀၁ခုနှစ် WTC တိုက်ခိုက်ခံရအပြီးနဲ့ သူတို့အစီရင်ခံစာထုတ်ပြန်မှုဟာ အချိန်ကွက်တိဖြစ်နေတာမြင်ရလိမ့်မယ်။
အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းပြောဆိုနေရမှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှူတွေအပေါ် ၊ လူအစုအလိုက်အပြုံလိုက်ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ခြင်းတွေအပေါ် ၊ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ အပြည်ပြည်ဆိုင်ရာကလက်မခံတဲ့အဖျက်စွမ်းအားပြင်းလက်နက်ကြီးတွေအသုံးပြုမှူတွေအပေါ် စတဲ့အချက်တွေကိုဟန့်တားဖို့အတွက် ညှိနှိုင်းနေဖို့မလိုအပ်ဘူး ဒါတွေကိုဟန့်တားနိုင်ဖို့သာအဓိကဖြစ်တယ်လို့ဆိုလိုပါတယ်။
Responsible To Protect ဆိုတဲ့အာဂျင်ဒါ (သဘောထားမူကြမ်း) ကိုချမှတ်ဆောင်ရွက်ဖို့သင့်ပြီလို့ဖော်ပြထားတာဖြစ်ပါတယ်။
၂၀၀၃ခုနှစ် စက်တင်ဘာလ ရောက်တော့ ကိုဖီအာနန်က နိုင်ငံတကာအစည်းအဝေး တစ်ရပ် ခေါ်ယူပြီး R2P အာဂျင်ဒါကိုချပြရှင်းလင်းခဲ့ပါတယ်။
သတိပြုရမှာက ၂၀၀၃ခုနှစ်မတ်လ၂၀ရက်နေ့မှာ US ဟာအီရတ်ကိုဝင်တိုက်ခဲ့ပြီး မေလ၁ရက်နေ့မှာသိမ်းပိုက်ခဲ့ပြီးဖြစ်နေတဲ့အချက်ပါ။
ကိုဖီအာနန်ဟာ ဒီဇင်ဘာ၂၀၀၄ မှာ A More Secure World ပိုမိုလုံခြုံစိတ်ချရတဲ့ကမ္ဘာကြီး ဆိုတဲ့စာတမ်းအသစ်တစ်ခုတင်သွင်းပြန်တယ်။
ဒီစာတမ်းမှာလည်းအပြည်ပြည်ဆိုင်ရာလုံခြုံရေးမူဝါဒကျင့်ထုံးတွေနဲ့အပြည်ပြည်ဆိုင်ရာတာဝန်ခံမှုတွေက ခြိမ်းချောက်ခံလူသားတွေကို ကယ်တင်ဖို့ဆိုပြီး... စကားလုံး အမျိုးမျိုး သုံးစွဲတင်ပြ ခဲ့ကြ ပြန်တယ်။
တစ်နည်းအားဖြင့်တော့ကမ္ဘာကြီး ကလူသားတွေကို စကားလုံးလှလှတွေ ထိုးကျွေးပြီး နိုင်ငံရေးကနေ စစ်ပွဲဖန်တီးမှူကို Soft Power ကနေ Hard Power အရွေ့ဖက်ကို ရွှေ့ယူတဲ့မဟာဗျူဟာ လို့တင်စားရမှာပါ။
အဲ့ဒီနောက်တော့ In Larger Freedom ပိုမိုလွတ်လပ်မှုရှိတဲ့ ကမ္ဘာကြီး ဆိုတဲ့ စာတမ်းကို ကိုဖီအာနန်ကပဲတင်သွင်းခဲ့ပြီး ၂၀၀၅ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံမှာ အတည်ပြု ခဲ့ကြပြန်ပါတယ်။
အဲ့ဒီမှာ Resolution 1674 on the Protection of Civilians in Armed Conflict လို့ခေါ်တဲ့ UN Resolution အမှတ်၁၆၇၄ ကိုပြဌာန်းခဲ့တယ်။
အရပ်သားစစ်ဘေးဒုက္ခသည် များကို စစ်ပွဲနေရာမှ ကာကွယ်ပိုင်ခွင့်တဲ့...
အဲဒီက paragraph 138 and 139 on the Responsibility to Protect အပိုဒ်၁၃၈နဲ့၁၃၉
အရ Responsibility to Protect ဆိုတဲ့အသုံးအနှုန်းကိုတရားဝင်သုံးစွဲလာခဲ့ပြီး R2P ဆိုတာ ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။
ကုလအတွင်းရေးမှူးချုပ်သစ်ဖြစ်တဲ့ ဘန်ကီမွန်းဟာ Mr. Edward Luck အက်ဒွပ်လုခ်ဆိုသူကို Special Adviser to the Secretary General with a focus on the Responsibility to Protect
အထူးအကြံပေးအရာရှိအဖြစ်စတင်ခန့်ထားခဲ့ပြီး
သူကမှတဆင့် R2P အဖွဲ့အစည်းကိုစတင်ထူထောင်ခဲ့ကြပါတယ်။ ၂၀၀၈ခုဖေဖော်ဝါရီလမှာတော့ The Global Centre for the Responsibility to Protect ဆိုတဲ့ဌာနတစ်ခု UN အောက်မှာ တရားဝင် ထူထောင်ခဲ့ကြပြီး.. ဒေါက်တာဆိုင်မွန်အဒမ်Dr. Simon Adamsဆိုသူက Executive Director အဖြစ်တာဝန်ယူပြီး.. ၀န်ထမ်း ၁၃ဦးပါဝင်တဲ့ ရုံးအဖွဲ့ကို စတင်လည်ပတ်ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆၊
သြဂုတ်လ ( ၁၇ ) ရက်မှာ ကိုဖီအာနန်ဦးစီးတဲ့ ရခိုင်ကော်မရှင်ကို လူ ( ၉ ) ဦးနဲ့ ဖွဲ့ခဲ့ပါတယ်။

တစ်လတင်းတင်းပြည့်တဲ့ ၂၀၁၆ စက်တင်ဘာ ( ၁၆ ) နေ့မှာ R2P အဖွဲ့ရဲ့ ကြေငြာစာတမ်း တစ်စောင်ထွက်လာတယ်။
ခေါင်းစဉ်က
""မြန်မာနိုင်ငံအတွင်းက ခွဲခြားဆက်ဆံ ဖိနှိပ်ခံနေရသော နိုင်ငံမဲ့ရိုဟင်ဂျာများ၏ လူ့အဖွဲ့အစည်း ကိုခြိမ်းချောက် လာသောပြဿနာ ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော ရိုဟင်ဂျာတို့၏ လူသားဖြစ်တည်မှုအပေါ်ပြစ်မှူကျူးလွန်ခြင်းများ""" တဲ့ …..
နောက်ကြောင်း ရာဇ၀င် လေးလဲ ရေးထားသေးတယ် …..
""မြန်မာနိုင်ငံအစိုးရရဲ့စနစ်တကျခွဲခြားထားတဲ့ ပေါ်လစီတွေကြောင့် ရိုဟင်ဂျာတစ်သန်းကျော် လောက် ဟာ ခြိမ်းချောက်ခံနေရပါတယ်၊
ဒီလူတွေဟာကွဲပြားတဲ့မူဆလင်လူမျိုးစုတွေဖြစ်ပါတယ်။ဇွန်လ၂၀ရက်မှာ UN ရဲ့လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ Zeid Ra'ad al Hussein ဟာ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှူတွေ သူတို့ရဲ့ လူမျိုးဖြစ်မှူကို ခွဲခြားဆက်ဆံပြီး အသိအမှတ် မပြုမှူတွေကို UN လူ့အခွင့်အရေးကော်မရှင်ကိုတင်ပြခဲ့ပါတယ်""
''ဒီကိစ္စရပ်တွေဟာအတွင်းကြိတ်ဖြစ်ပွားနေပြီး စနစ်တကျ စီစဉ်ဆောင်ရွက် ခဲ့တာတွေဖြစ်ပါတယ်။
ဒါတွေဟာဖိနှိပ်ညှင်းပန်းမှုနဲ့လူသားဖြစ်ခြင်းအပေါ် ပြစ်မှူမြောက်တဲ့ကျူးလွန်မှူတွေဖြစ်တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။"
"" ၂၀၁၂ ခုနှစ်လူမျိုးရေးပဋိပက္ခတွေအပြီးမှာ ရိုဟင်ဂျာခန့် မှန်းတစ်သိန်း နှစ်သောင်းလောက်ဟာ ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရပါတယ်။
၂၀၁၆ခုဖေဖော်ဝါရီလထဲမှာသွားရောက်ခဲ့တဲ့ UNရဲ့
အရာရှိ John Ging ဂျွန်ဂင်းရဲ့ခရီးစဉ်မှာတွေ့ရှိတင်ပြချက်တွေကတော့ အလွန်ဆိုးရွား စိတ်ပျက် ဖွယ် အခြေအနေတွေနဲ့အတူဘယ်လိုမှလက်ခံနိုင်ဖွယ်မရှိတဲ့ခွဲခြားဆက်ဆံခံရမှူပေါ်လစီတွေ ကိုမြင်တွေ့ခဲ့ရတယ်လို့တင်ပြထားပါတယ်။""""
“”ဒီလိုလုပ်ဆောင်ချက်တွေကြောင်ပိုဆိုးလာတဲ့ရိုက်ခတ်မှူတွေနဲ့နေထိုင်မှူအခြေအနေဆိုးတွေတိုးပွားလာဖွယ်သာရှိပြီး ရိုဟင်ဂျာတွေအပေါ်ပိုမိုဆိုးရွား တဲ့ဖိစီးနှိပ်စက်မှူတွေသာ ဖြစ်လာလိမ့်မယ်..
ဒါကြောင့်မို့လို့ပဲ တစ်သောင်းကျော်လောက်ရှိတဲ့ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း တိုင်းပြည်တွေကို ထွက်ပြေးလာကြ ဖွယ်ရှိတယ်..
ဒီအတွက်ကြောင့်ပဲသူတို့ဟာလူကုန်ကူးခံရခြင်းနဲ့ဒုက္ခသည်ဘ၀ရောက်ရှိရခြင်းတွေကိုဖြစ်စေခဲ့ပြီးတခြားအဖြစ်ဆိုးတွေလည်းတွေ့ခဲ့ကြရတာဖြစ်တယ်။"" တဲ့
ဒါတင်မကသေးဘူး
UN ရဲ့လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ရန်ဟီးလီက
ရိုဟင်ဂျာတွေဟာ self-identification လို့ခေါ်တဲ့ မိမိကိုယ်မိမိ အတည်ပြုဖော်ပြခွင့်ကို UNရဲ့နိုင်ငံတကာအတည်ပြုထားတဲ့ အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးဥပဒေ အရဖော်ပြခံယူခွင့်ရှိရ မယ်လို့ မှတ်ချက်ပေးခဲ့တယ် ဆိုပြီးဒီစာတမ်းမှာဖော်ပြထားတယ်။
နောက် တစ်ခါ ရိုဟင်ဂျာ အရေးနဲ့ ပါတ်သက်ပြီး
"" ယခင်အစိုးရဟောင်းအနေဖြင့် ရိုဟင်ဂျာတို့ကို နိုင်ငံသားအဖြစ် လက်ခံရန် အစဉ်တစိုက်ငြင်းပယ်ခဲ့ရုံသာမက ပြည်နယ်အတွင်းခွဲခြားဆက်ဆံခြင်းနေထိုင်မှူကန့်သတ်ခြင်းတို့ဖြင့် ရိုဟင်ဂျာတို့၏ အခြေခံလူသား ရပိုင်ခွင့်ကို ပိတ်ပင် တားဆီးထားရုံမက င်စေသည့်အပြုအမူဆောင်ရွက်နေကြောင်းတွေ့ရှိရ
ပါသည်။
လူမျိုးဘာသာတစ်ခု၏ သတ်မှတ်ဖော်ပြခွင့်အခွင့်အရေးနှင့် ကာကွယ်သော် လည်း အခြားလူမျိုးစုစာရင်းတွင်ထည့်သွင်းမခံရကြောင်းတွေ့ရှိရပါသည်။"" တဲ့
ရိုဟင်ဂျာကို တရားဝင် တိုင်းရင်းသားလူမျိုးစုအဖြစ် ဖော်ပြပေးဘို့ အထိ ရေးထားတယ်။
နောက်ဆုံးမှာတော့ ….
"" NLD အစိုးရသစ်အနေဖြင့် ၄င်းခွဲခြားဆက်ဆံစေသည့် ဥပဒေနှင့် ရိုဟင်ဂျာဆန့်ကျင်ရေး ပေါ်လစီတို့ကို အစိုးရဟောင်းထံမှ အမွေ ဆက်ခံရရှိခဲ့သော်လည်း အဆိုပါအချက်များကို ပယ်ဖျက်ရန် ဆန္ဒရှိစွာဖြင့်ဆောင်ရွက်နေကြပါသည်။
နှစ်ပေါင်းများစွာဖိနှိပ် ဆက်ဆံနေသည့်လူစုများကိုလည်း တားဆီးရန်ကြိုးပမ်းနေကြပါသည်။
ကြွယ်ဝချမ်းသာခြင်းကို ဆောင်ရွက်ပေးခြင်းနှင့် အတူ ရိုဟင်ဂျာ များကိုမြန်မာပြည် အတွင်းမှ ထွက်ပြေးမှုမျိုး မဖြစ်ပေါ်တော့စေရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။
နိုင်ငံတကာမှလည်း အဆိုပါရိုဟင်ဂျာများ၏ နိုင်ငံရေးခိုလှုံခွင့်များကိုလည်း ပိတ်ဆို့တားမြစ် ဆောင်ရွက်လျက်ရှိပါသည်။
NLDအစိုးရအနေဖြင့် သမိုင်းအချက်အလက်ဆိုင်ရာ အခွင့်အလမ်းများကို အသုံးပြုပြီး တားဆီးပိတ်ပင်ခြင်းများကို အဆုံးသတ်စေခြင်းနှင့် အတူ ရိုဟင်ဂျာတို့ကို အတည်ပြုနိုင်ရေး အင်တိုက်အားတိုက် ကတိပြုကြိုးပမ်း ဆောင်ရွက်ပေးလျှက်ရှိပါသည် "" ….. တဲ့
ဒီစာတမ်းကို UN အဖွဲ့ဝင်နိုင်ငံအားလုံးကတစ်ညီတစ်ညွတ်တည်း လက်ခံထားကြတယ်။
R2P လမ်းကြောင်းနဲ့  UN က ၀င်သိမ်းလို့ရအောင် စနစ်တကျအကွင်ဆင်ထား
တာဖြစ်ပါတယ်။

ကြားမှာတစ်ခု ပြောရရင် ( ၂၀၁၃ ) တုန်းက R2P နဲ့ OIC က UN မှာ စာတစ်ခုတင်တယ် ။မြန်မာပြည်က လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ယူအန် ၀င်သိမ်းဘို့ မဲခွဲပေးဘို့တဲ့ ။ ယူအန်မှာ မွတ်စလင်ချည်း ၇၅% ကျော်တယ် ။ သူတို့နိုင်မှာပဲ ။
ဝင်သိမ်းပြီးတာနဲ့ သူတို့ သြဇာခံကို သမ္မတမြှောက်မယ်ပေါ့ ။
လစ်ဗျားနဲ့ အီရတ်ကိုလည်း ဒီနည်းတိုင်း လုပ်ခဲ့ပါတယ်။ သူပုန်က တပ်မတော်ဖြစ် တပ်မတော်က တောခို၊ သူပုန်ဖြစ်။
ဒေါ်အောင်ဆန်းစုကြည် အတိုက် အခံဘ၀ထဲက ဒီမိုတွေရော သူတို့ပါ ယူအန်ဝင်သိမ်းဖို့ ခနခန တောင်းဆို ခဲ့ကြတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။
ဒီအစီရင်ခံစာ နဲ့ အခြေအနေတွေကို နိုင်ငံရေး ( ဦးရဲထွဋ်ကလွဲလို့ ) သမ္ဘာရင့်သူတွေက ဘယ်လို သုံးသပ်လဲဆိုတော့ ….
ရခိုင်ပြည်နယ်အရေးက ကိုဖီအာနန်ကော်မရှင်အနေနဲ့ R2P ကြေငြာချက်နဲ့ မတိမ်းမယိမ်းအကြံပြုချက် တွေသာထွက်လာဖို့သေချာနေပြီလို့ ယူဆရ ပါတယ်တဲ့ ။
ကိုဖီအာနန်ရဲ့အကြံပြုချက်ထွက်လာတာနဲ့ R2P လိုအဖွဲ့ဆီ ချက်ချင်း ရောက် မယ် ။
ဒါကို အထောက်အထား လုပ်ပြီး UNရဲ့ လူ့အခွင့်အရေးကောင်စီ ကကြေငြာချက်ထုတ်မယ် US က လုံခြုံရေးကောင်စီတင်မယ် ။
မြန်မာ့တပ်မတော်အပေါ် အစဉ်တစိုက်ထောက်ခံရပ်တည်ပေးခဲ့ကြတဲ့ ရုရှား နဲ့
တရုတ်နိုင်ငံအစိုးရတွေက ဗီတိုနဲ့ပယ်ချ ရင် R2P အာဏာနဲ့
United Nations peacekeeping Forces တွေရောက်လာမယ်။
အဲ့ဒီ UN တပ်တွေထဲမှာ ဘင်္ဂလားဒေ့ရှ် က တပ်တွေနဲ့ အာရပ်နိုင်ငံတွေက တပ်တွေကိုပဲရွေးလွှတ်လိမ့်မယ်။
UN တပ်တွေ သွင်းလို့ရအောင်
ကိုဖီအာနန်အကြံပြုချက် ထွက်အပြီးမှာ ရခိုင်က မူဆလင်တွေဟာ ပဋိက္ခ
အကြီး ကြီး တစ်ခုကိုလည်းဖန်တီးကြလိမ့်မယ် ။
ဘေယ်လို ပဋိပက္ခမျိုးလဲဆိုရင် စစ်တပ်က မလွှဲမရှောင်သာ တိုက်ခိုက်နှိမ်နင်းရတဲ့ ကြီးမားတဲ့ အကြမ်းဖက်မှု ပဋိပက္ခကြီးတစ်ခု ကို ဖန်တီးကြလိမ့်မယ့် ။
အဲဒီ ပဋိပက္ခမှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့  ရိုဟင်ဂျာလို့ သူတို့ပြောနေတဲ့ ကျူးကျော်ဝင်ရောက်လာကြတဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေကိုပစ်ခတ်မိတာနဲ့ R2P နဲ့  UN တပ်တွေ မြန်မာနိုင်ငံကိုဝင်ရောက်ပြီး
အနည်းဆုံးတော့ ရခိုင်ပြည်နယ်ကို Save Zone အဖြစ်သတ်မှတ်ကာ ထိန်းချုပ်ထားမှာဖြစ်ပါတယ်။
ကဲ ဒါဆို ဘာကြောင့် R2P ဥက္ကဌ အာနန်ကို ဒေါ်လာသန်းချီပေးခေါ်ရလဲ ဆိုတဲ့ အကြောင်းရင်း သိပြီပေါ့ နော် အမျိုးတို့ ။
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ နဲ့ နယ်နမိတ်မဆုံးရှုံးရအောင် မြန်မာ့တပ်မတော် မှ အချိန်မှီ တားဆီးဆောင်ရွက်နိုင်ဖို့လိုအပ်နေပါပြီ။

ကိုစစ်သွေး(မိုးကျော်) နှင့် မယ်မဒီ တို့ရဲ့ စာတမ်းများကို ကိုးကားထားခြင်းဖြစ်ပါတယ်။

ဝင်းမော်(ရွှေသံစဉ်)
၁-၇-၂၀၁၇“မြန်မာ့အချုပ်အခြာအာဏာကို ခြိမ်းချောက်နေသည့် R2P”

=====+++++++=======
ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူမှု (The Responsibility to Project)

‘ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူမှု’ ကို R2P ဒါမှမဟုတ် R to P လို့ခေါ်ပါတယ်။ ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ပစ်မှုနဲ့ လူသားဆန်မှုကို ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေကို ကာကွယ်ဖို့ ၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအားလုံး အတည်ပြုခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး သဘောတူညီချက်တစ်ရပ် ဖြစ်ပါတယ်။

R2P ရဲ့ သဘောတရား စည်းမျည်းကတော့ လူအုပ်စုအားလုံးအပေါ် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကနေ ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ယူတဲ့ အခွင့်အာဏာနဲ့ပတ်သက်ပြီး သဘောတူညီထားမှုအပေါ် အခြေခံပါတယ်။ R2P ရဲ့ သဘောထား စည်းမျည်းဟာ နိုင်ငံတကာ ဥပဒေတွေရဲ့ စံသတ်မှတ်ချက်တွေနဲ့ သဘောတရားတွေ (အထူးသဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ ဥပဒေစည်းမျည်းတွေ) ကို လေးစားလိုက်နာမှုအပေါ်မှာ အခြေခံပါတယ်။

R2P ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ကာကွယ်ဖို့နဲ့ အဲဒီလိုဖြစ်ပွားမှုတွေကနေ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့  ရှိနှင့်ပြီးသားဖြစ်တဲ့ ကျင့်သုံးမှုတွေ (စေ့စပ်ညှိနှိုင်းခြင်း၊ ကြိုတင်သတိပေးခြင်း လုပ်ငန်းစဉ်၊ စီးပွားရေးပိတ်ဆို့မှုနဲ့ အထူးအခွင့်အာဏာ) တွေအတွက် မူဘောင်တစ်ခု ပေးထားတာပါ။

R2P ရဲ့ မူဘောင်အောက်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အင်အားသုံးပိုင်ခွင့်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မတတ်နိုင်တဲ့အဆုံး ကျင့်သုံးဖို့ နောက်ဆုံးနည်းလမ်းအဖြစ် သတ်မှတ်လိုက်မှုအပေါ်မှာပဲ မူတည်နေပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ၂၀၀၉ ခုနှစ်နောက်ပိုင်းကနေ စလို့ R2P နဲ့ပတ်သက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ကာကွယ်ဖို့ အစိုးရအဖွဲ့တွေ၊ အစိုးရအဖွဲ့တွေအကြား ဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း တွေအတွက် အဆင်ပြေနိုင်တဲ့ နည်းလမ်းတွေအဖြစ် ချဲ့ထွင်ခဲ့ပါတယ်။

R2P ဟာ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ သီးခြားအခြေအနေရပ်တွေနဲ့ဆိုင်တဲ့ အ၀န်းအ၀ိုင်းအတွင်းမှာ R2P ရဲ့ သဘောထားစည်းမျည်းကို လုပ်ဆောင်သူအမျိုးမျိုးက အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး အထိုက်အလျောက် ငြင်းခုံမှုတွေ ဖြစ်နိုင်တဲ့ အကြောင်းအရာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဥပမာအနေနဲ့ လစ်ဗျား၊ ဆီးရီးယား၊ ဆူဒန်နဲ့ ကင်ညာ နိုင်ငံအသီးသီးဟာ မတူကွဲပြားတဲ့ သီးခြားအခြေအနေရပ်တွေမှာ ရှိခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားဆန်မှုကို ချိုးဖောက်တဲ့ ရာဇ၀တ်မှုနဲ့ ကျယ်ပြန့်တဲ့အတိုင်းအတာနဲ့ ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေကနေသူ တို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်ဖို့ လူအုပ်စုတွေအနေနဲ့  စစ်ရေးအရ စုစည်းခုခံပိုင်ခွင့် ရှိတာကိုလည်း နိုင်ငံတကာဥပဒေအရ အသိအမှတ်ပြုသင့်ပါတယ်။ အဲဒီတော့ R2P ကို တရားမျှတစွာ ကျင့်သုံးဖို့နဲ့ပတ်သက်ပြီး စောဒကတက်နိုင်စရာတွေ အများကြီးရှိပါတယ်။
======----------========
“အပိုဒ် ၁၃၉- နိုင်ငံတကာ အသိုင်းအ၀ိုင်းသည် ကုလသမဂ္ဂမှတစ်ဆင့် လူအုပ်စုများကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူမျိုးစုအလိုက် သုတ်သင်မှုနှင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇ၀တ်မှုတို့မှနေ၍ ကာကွယ်ရာ၌ ကူညီရန် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အခန်း (၆) နှင့် (၇) တို့နှင့်အညီ သင့်တော်သော သံတမန်ဆိုင်ရာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အခြားငြိမ်းချမ်းသော နည်းလမ်းများ အသုံးပြုရန်လည်း တာဝန်ရှိသည်။ ဤပြဋ္ဌာန်းချက်၌ ကျွန်ုပ်တို့သည် ငြိမ်းချမ်းသော နည်းလမ်းများက မလုံလောက်ခြင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ အာဏာပိုင်များအနေဖြင့် ၎င်းတို့ နိုင်ငံအတွင်းရှိ လူများအား လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူမျိုးစုအလိုက် သုတ်သင်မှုနှင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇ၀တ်မှုများမှနေ၍ ကာကွယ်စောင့်ရှောက်ရန် သိသာထင်ရှားစွာ ပျက်ကွက်ခြင်းတို့ ဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသတွင်း အဖွဲ့အစည်းများနှင့် သင့်တော်သလို ပူးပေါင်းဆောင်ရွက်ခြင်းနှင့်အတူ အမှုတစ်ခုချင်း အခြေခံသဘောဖြင့် အခန်း (၇) အပါအ၀င် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်အညီ လုံခြုံရေးကောင်စီမှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ပြတ်သားသောနည်းလမ်းအရ စုပေါင်းလုပ်ဆောင်ချက်ကို ပြုလုပ်ရန် ပြင်ဆင်ထားပါသည်။ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူမျိုးစုအလိုက် သုတ်သင်မှုနှင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇ၀တ်မှုတို့အပြင် ယင်းတို့နှင့် ဆက်နွှယ်နေသော ရိုက်ခတ်ချက်များမှနေ၍ လူအုပ်စုများ ကိုကာကွယ်ရေးအတွက် တာဝန်ယူမှုကို ဆက်လက်သတ်မှတ်ရန် ကုလသမဂ္ဂပဋိညာဉ် စာတမ်းနှင့် နိုင်ငံတကာ ဥပဒေ၏ သဘောထားစည်းမျည်းများကို နှလုံးသွင်းလျက် အထွေထွေညီလာခံအတွက် လိုအပ်ချက်ကို ကျွန်ုပ်တို့ အထူးဂရုပြုပါသည်။ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူမျိုးစုအလိုက် သုတ်သင်မှုနှင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇ၀တ်မှုတို့မှနေ၍ ၎င်းတို့နိုင်ငံအတွင်းရှိလူများကို ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံအသီးသီး၏ စွမ်းရည်တည်ဆောက်ရေးအား ကူညီရန်နှင့် ပဋိပက္ခနှင့် အကျပ်အတည်းများ မဖြစ်ပွားမီ ယင်းဖိစီးမှုများအောက် ရောက်ရှိနေသည့် နိုင်ငံများအား ထောက်ပံ့ကူညီရန် လိုအပ်သလိုနှင့် သင့်တော်သလို ကျွန်ုပ်တို့အနေဖြင့် ဆောင်ရွက်ရန်လည်း ရည်ရွယ်ထားပါသည်။”

“အပိုဒ် ၁၄၀- လူမျိုးတုံး သတ်ဖြတ်မှုများကို ကာကွယ်ရန်နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးမစ်ရှင်အား ကျွန်ုပ်တို့အနေဖြင့် အပြည့်အ၀ ထောက်ပံ့ထောက်ခံပါသည်။”

၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီး ဆွေးနွေးပွဲရလဒ် သက်သေခံစာတမ်းမှာ ပါဝင်တဲ့ အပေါ်မှာဖော်ပြထားတဲ့ စာပိုဒ်တွေဟာ R2P အတွက် အစိုးရ အဖွဲ့တွေအကြား သဘောတူညီမှုရဲ့ အခြေခံဖြစ်ပါတယ်။ ကုလသမဂ္ဂအ ထွေထွေညီလာခံဟာ ၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲရလဒ် သက်သေခံစာတမ်းကို ဆုံးဖြတ်ချက် အမှတ် ၂၀၀၅၊ ၆၀^၁ နဲ့ အတည်ပြု ခဲ့ပါတယ်။

No comments:

Post a Comment

များများရေးပေးပါ ဝေဖန်ပေးကြပါ။ မိတ်ဆွေတို့၏ ဝေဖန်စကားလုံးသည် ကျွန့်တော့်အတွက် နည်းလမ်းကောင်းများဖြစ်ပါသည်။