လောကမှာ အချိန်တွေကလည်း မမြဲဘူး
ခန္ဓာကလည်း မမြဲဘူး
ပတ်ဝန်းကျင်လည်း မမြဲဘူး
အချစ်တွေကလည်း မမြဲဘူး
အရာအားလုံးက မမြဲသော
နိယာမတွေကြီးပဲ......
ဘာတစ်ခုမှ မမြဲမယ့်အတူတူ
အအေးဒဏ်ကို ခံတုပြီ
သစ္စာရှိတဲ့ ယမကာကိုပဲ
မှီဝဲရအောင်ကွာ.........
နက္ခမကြည့်နဲ့
ကြယ်တာရာမကြည့်နဲ့၊ ဗေဒင်မကြည့်နဲ့
သူမ ပြောသလို့ အချိန်ကိုပဲကြည့်
အချိန်က ကုစားသွားလိမ့်မယ်..........😭😭😭😭😭
လာကွာ ညီလေး....
အချိန်က မကုစားခင်
အရင်ဆုံး အအေးဒဏ်ကို
ခံတုလို့ ယမကာလေးနဲ့
ဆရက်မင်းစည်းစိမ်ယူပြီး
မှီဝဲကြသေးတာပေါ့ကွာ...........
ပတ်ဝန်းကျင်ကို ထိခိုက်မှာတော့ မပူနဲ့
အရာရာအားလုံးက မမြဲတော့
ငါတို့ရီမောသံတွေကလည်း
လေထဲမှာ ပျောက်ကွယ်သွားမှာ...........
D Lu Gyi