Sunday, January 5, 2025

စာတို

ကိုယ်စိုက်ပျိုးတဲ့ ပန်းလေးတစ်ပွင့်ကို ကိုယ်တစ်ယောက်ထဲပဲ နမ်းရှိုက်ချင်တယ်၊ မည်သို့သော တစ်ခြားတစ်ယောက်ရဲ့ လက်ထဲကို ခူးဆွတ်ပြီးလည်း မပေးနိုင်သလို နမ်းရှိုက်ခွင့်လည်း မပေးနိုင်ဘူး၊ နောက်ဆုံးပြောရရင် ဘုရားပန်းအိုတောင် ပေးမထိုးချင်ဘူး(ကာမအတ္တလို့ပဲ ပြောပြော၊ တဏှာအတ္တလို့ပဲ ပြောပြော)...... သူမကြောင့် မျက်ရည်ကျစေတာလည်း ကိုယ်ပဲဖြစ်ချင်သလို ကိုယ့်ကြောင့် ပြုံးရွှင်တာလည်း သူမပဲ ဖြစ်စေချင်တယ်...... အတိတ်ဆိုတဲ့အရာကို ထားသင့်သလောက် မေ့ထားပြီး ယူသင့်တာကိုတော့ လက်ကမ်းယူဆဲပဲ၊ ပစ္စုပ္ပန်မှာရော အနာဂါတ်မှာပါ မင်းနဲ့အတူတူ ဖြတ်သန်းချင်တယ်.......... အချစ်ဆိုတာကို နားလည်ပြီး ပေါက်ဖွားခွင့်ပေးလိုက်တဲ့ အချိန်ကစ ခုအချိန်ထိ ချစ်နေဆဲပဲ........... တစ်ရက်တစ်လလောက် စကားပြောခွင့် မရခဲ့ရင်၊ တစ်က္ကန့် တစ်မိနစ်လောက် တွေ့ခွင့်မရှိခဲ့ရင် လင်းဠ အစာမစားရလို့ မှိုင်တွေနေသလို ဖြစ်နေတာ........ ဆိုးတူကောင်းဖက်ကို အတူတူဖြတ်သန်းဖို့အတွက် နီးစပ်ခွင့်လေးတော့ ရချင်ပြီကွာ........ ဟို....တစ်ယောက် နိဗ္ဗာန်ဆိုတာက နတ်ပြည်ရောက်မှ တွေ့ရတာ မဟုတ်ဘူး..... မင်း မျက်နှာကို ထိုင်ကြည့်နေရတာကလည်း လောကနိဗ္ဗာန်ပဲလေ.......