Zaw Rayin
လိုအပ်သည်များနှင့် မသိတာများအား ဆက်လက်သင်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ..............
Friday, September 11, 2020
ဦးပိုင်လီမိတက်နှင့် ဖက်စပ်ကုမ္ပဏီများအကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ဖော်
တပ်မတော်မှ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားယူပြီးသူ တပ်မတော်အရာရှိကြီးများ ပိုင်ဆိုင် စီမံခန့်ခွဲနေသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ယင်းလီမိတက်၏ အရေးပါသည့် စီးပွားရေးမိတ်ဖက်များအကြောင်း အသေးစိတ် အချက်အလက်များနှင့် မြန်မာအစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ ဦးပိုင်လီမိတက်၏ စီးပွားရေးမိတ်ဖက်များ အခြေစိုက်တည်ရှိရာ နိုင်ငံများ၊ ကုလသမဂ္ဂသို့ အကြံပြုချက်များပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ထုတ်ပြန်လိုက်သည်။
“မြန်မာ - ပေါက်ကြားလာသော စာရွက်စာတမ်းများက စစ်တပ်၏ ရာဇဝတ်မှုများနှင့် ကမ္ဘာ့စီးပွားရေး လုပ်ငန်းကြီးများ ဆက်နွယ်နေမှုကို ဖော်ပြနေ” အမည်ရှိ အစီရင်ခံစာကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး AI ၏ လေ့လာစုံစမ်းချက်အရ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများသည် တပ်မတော်အား ဘဏ္ဍာငွေကြေးထောက်ပံ့မှုများရှိနေကြောင်း၊ ယင်းသို့ ထောက်ပံ့မှုများတွင် နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်သော ပြစ်မှုများနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ရာတွင် တိုက်ရိုက်ပတ်သက် တာဝန်ရှိသော တပ်ရင်းတပ်ဖွဲ့ အများအပြားပါ ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
AI ၏ ယခုထုတ်ပြန်ချက်ကို ၂၀၁၉ စက်တင်ဘာလက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့၏ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများဆိုင်ရာ အစီရင်ခံစာ၊ ဦးပိုင်လီမိတက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ထံ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တင်သွင်းသော အစီရင်ခံစာ၊ Justice for Myanmar က AI ကို သီးသန့်မျှဝေသည့် ၂၀၁၀-၂၀၁၁ ခုနှစ်အတွက် ဦးပိုင်လီမိတက်က ရှယ်ယာရှင်များသီးသန့် ကန့်သတ်ဖြန့်ဝေသော အစီရင်ခံစာတို့မှ အချက်အလက်များကို အခြေပြုထားသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားစစ်မှုထမ်း ၃၈၁၆၃၆ ဦးတို့က တစ်ဦးချင်း အစုရှယ်ယာဝင်အဖြစ်၊ တိုင်းစစ်ဌာနချုပ်များ၊ တပ်မများ၊ တပ်ရင်းများ၊ တပ်ဖွဲ့များနှင့် စစ်မှုထမ်း ဟောင်းအဖွဲ့များ စသည့် အဖွဲ့အစည်း ၁၈၀၁ ဖွဲ့တို့က ရှယ်ယာဝင်များအဖြစ် ပိုင်ဆိုင်ထားသည်။
၁၉၉၀ နှင့် ၂၀၁၁ ခုနှစ်အတွင်း အစုရှယ်ယာဝင်များထံ ပေးအပ်ခဲ့သော အမြတ်ငွေ စုစုပေါင်းမှာ မြန်မာကျပ်ငွေ ၁၀၈ ဘီလီယံနီးပါးဖြစ်ကြောင်း၊ တပ်ဖွဲ့၊ တပ်ရင်းများ၏ ဌာနချုပ်များသည် ၂၀၁၀-၂၀၁၁ အစီရင်ခံစာအရ အစုရှယ်ယာဝင်အဖြစ် နှစ်စဉ် အမြတ်ငွေ ကျပ် ၁၈၆ ဒသမ ၅ သန်း ရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
AI က တွေ့ရှိချက်များကို ဦးပိုင်ကိုသာမက ယင်း၏ အဓိက စီးပွားဖက် ကုမ္ပဏီကြီး ရှစ်ခုထံ ပေးပို့ခဲ့ပြီး ၎င်းတို့အနက် ခြောက်ခုမှာ နိုင်ငံခြား ကုမ္ပဏီများဖြစ်ကြပြီး နှစ်ခုမှာ ပြည်တွင်းမှ ဖြစ်သည်။ အဆိုပါကုမ္ပဏီများမှာ Ever Flow River Group Public Co., Ltd (EFR)၊ ကမ္ဘောဇအုပ်စု (KBZ)၊ ဂျပန်နိုင်ငံမှ Kirin Holdings, တောင်ကိုရီးယား ကုမ္ပဏီများဖြစ်သော INNO Group နှင့် POSCO, တောင်ကိုရီးယားတွင် မှတ်ပုံတင်ထားသော Pan-Pacific, စင်ကာပူမှ RHM Singpore Pte နှင့် ဝမ်ပေါင် သတ္တုကုမ္ပဏီတို့ ဖြစ်သည်။
ကုမ္ပဏီများ၏ ပြန်ကြားချက်တွင် သုံးခုက ဦးပိုင်လီမိတက်နှင့် စီးပွားရေး ဖက်စပ်လုပ်ကိုင်မှုများကို ပြန်လည်သုံးသပ်နေသည်ဟု ပြောသည်။ အခြားကုမ္ပဏီများကမူ ယင်းကဲ့သို့ ကတိကဝတ်မပြု သို့မဟုတ် အကြောင်းပြန်ကြားခြင်း မရှိဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
“မြန်မာနိုင်ငံရဲ့ မကြာသေးတဲ့သမိုင်းမှာ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲက တချို့ကို ကျူးလွန်ခဲ့သူတွေဟာ ဦးပိုင်ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အကျိုးအမြတ်ရရှိသူတွေ ဖြစ်နေပါတယ်။ ဥပမာ စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုရင် ၂၀၁၁ ခုနှစ်မှာ ဦးပိုင်လီမိတက်မှာ ရှယ်ယာ ငါးထောင် ပိုင်ထားပါတယ်။ ဒီလို ငြင်းချက်ထုတ်လို့မရနိုင်တဲ့ အထောက်အထားတွေကြောင့် ဦးပိုင်ကုမ္ပဏီနဲ့ လက်ရှိ ဖက်စပ်စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းတွေဟာ အဲဒီဆက်စပ်မှုကို တာဝန်သိသိနဲ့ ရပ်ဆိုင်းသင့်ပါတယ်” ဟု AI ၏ စီးပွားရေးလုပ်ငန်း၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးဌာန အကြီးအကဲ မာ့ခ်ဒါးမက်က ပြောသည်။
ကုမ္ပဏီများသည် ၎င်းတို့စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တာဝန်ရှိကြောင်း၊ ဖက်စပ်လုပ်ငန်းများမှ ထွက်ပေါ်လာသော အကျိုးအမြတ်များရှိလျှင် ဦးပိုင်လီမိတက်မှ ရရှိကြောင်း၊ ဦးပိုင်က တဖန် အမြတ်ငွေများကို အစုရှယ်ယာဝင်များထံ ခွဲပေးပြီး ယင်းအစုရှယ်ယာဝင်များထဲမှ အများအပြားက လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးပိုင်လီမိတက်ကို ဖျက်သိမ်းခြင်း သို့မဟုတ် ယင်း၏ အစိတ်အပိုင်းများကို လွှတ်တော်၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော် သို့မဟုတ် တပ်မတော်နှင့် ဆက်စပ်မှုမရှိသော အရပ်သားများသို့ ရောင်းချလိုက်ရန်လည်း အကြံပြုထားသည်။
ထို့အပြင် တပ်မတော်ကို အရပ်သားထိန်းချုပ်မှုအောက်တွင် ထားနိုင်ရန်နှင့် စစ်တပ်အသုံးစရိတ်အားလုံးကို လွှတ်တော်က အတည်ပြုပေးနိုင်ရန် အခြေခံဥပဒေနှင့် အခြား ဥပဒေဆိုင်ရာ၊ မူဝါဒဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရန်၊ ဦးပိုင်လီမိတက်ကဲ့သို့သော စီးပွားရေးလုပ်ငန်းကြီးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တပ်မတော်က ပိုင်ဆိုင်မှု မပြုနိုင်အောင် တားမြစ်ရန်၊ လွှတ်တော်၏ ကြီးကြပ်မှုဖြင့် လွတ်လပ်သော ကော်မရှင်ဖွဲ့ကာ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တပ်မတော်၏ စီးပွားရေးလုပ်ငန်းများနှင့် အစုရှယ်ယာရှင်များ၏ ကဏ္ဍကို စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်များကို ထုတ်ပြန်အသိပေးရန်၊ တပ်မတော်အရာရှိများနှင့် တပ်မတော်နှင့်ဆက်စပ်သော အစုရှယ်ယာဝင်များကို ဦးပိုင်၏ ရာထူးများမှ ဖယ်ရှားရန်၊ ဦးပိုင်လီမိတက်ဆိုင်ရာ အချက်အလက် ထုတ်ဖော်သော မည်သူ့ကိုမဆို လက်တုံ့ပြန် အရေးယူခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနှောက်အယှက်ပြုခြင်း မလုပ်ရန် အစိုးရကို အကြံပြုထားသည်။
ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံး (OHCHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်ရေး အထူးကိုယ်စားလှယ်တို့၏ စုံစမ်းစစ်ဆေးချက်နှင့် အစီရင်ခံစာပါ အချက်များကို အကောင်အထည်ဖော်ရန်လည်း ကုလသမဂ္ဂကို တိုက်တွန်းထားသည်။
ကိုယ်တိုင်း ဒဿနစာစု
ရွေးချယ်ရ ခက်နေတဲ့
နာရီလက်တံကြားထဲက
အသက်မဲ့နေတဲ့ အမှောင်ထဲမှာ
ငါတို့ဟာ အတူတူလဲလျောင်းနေကြတယ်။
အမှောင်လို့သာဆိုပေမယ့်
ဘယ်မှာလည်း ကျေးငှက်တို့အသံ
ဘယ်မှာလည်း ပုဇဉ်းတွေရဲ့အသံ
ဘယ်မှာလည်း သားရဲတို့ရဲ့ အော်ဟစ်သံ
အို...တစ်ကယ်ကို အသက်မဲ့တဲ့ အမှောင်ထုကြီးပါလား။
နာရီလက်တံတွေ ကြားထဲမှာ
ပုံသဏ္ဌာန်အမျိုးမျိုးနဲ့
ပုံရိပ်တွေကိုလည်း ဖြတ်ကျော်ခဲ့ဖူးတယ်။
ဒါလည်း လောကနိယာမကို
ဖြတ်လျှောက်သွားနေတဲ့ သင်္ခါရသဘောတရားလား။
ဪ......
နာရီလက်တံကလည်း ငြီးတွားနေပြီလား
စက္ကန့်လက်တံလေးကလည်း မှိုင်ထွေနေပြီလား။
ကမ္ဘာကြီးက...
ပြောင်းလဲနေတဲ့ အချိန်တွေကို
``စေ´´ဆိုတဲ့ ဝိဘတ်နဲ့ အလှဲအထပ်လုပ်ရရင်
ဪ......အချိန်တွေတိုင်းက
အေးချမ်းနေမှာပါ။
အိပ်မပျော်တဲ့ ညတစ်ချက်
(Zaw Rayin)
Thursday, March 5, 2020
Tuesday, November 19, 2019
Thursday, July 11, 2019
Tuesday, June 11, 2019
Tuesday, January 22, 2019
Friday, September 21, 2018
တစ်ခုခုဆိုတာနဲ့
စစ်ဖက်က အာဏာသိမ်းနိုင်သလား ဆိုတဲ့
မေးခွန်းမျိုးတွေက သတင်းဌာနတွေနဲ့
အတော်များများက လွယ်လွယ်ကူကူ
ပြောတတ်ကြတယ် ...
အလွယ်တကူလည်း ယုံလွယ်ကြ
အလွယ်တကူလည်း စိုးရိမ်ကြ
အလွယ်တကူလည်း ဝမ်းမြောက် အားရကြ
အလွယ်တကူလည်း ရှုံ့ ချတတ် ...
အလွယ်တကူလည်း သဘောထားတွေ ပြကြ ငြင်းကြ ခုန်ကြပြန်တယ် ...
ပြောရရင် ဒီမေးခွန်းတွေဟာ
လူထုထဲ ဇဝေဇဝါ ဖြစ်စေတဲ့
စိတ်ဓာတ်ရေးရာ စစ်ဆင်မှုတစ်ခုဖြစ်နိုင်သလို ...
တမင်အခါတော်ပေးတာ ...
လှန့်လုံးတွေနဲ့ ဝေဝါးအောင် လုပ်တာပဲလို့ မြင်တယ် ...
တပ်ကို ထောက်ခံတယ်လို့ ဆိုကြတဲ့
ဗာလာနံ တသိုက်ကလည်း အာဏာသိမ်းတာဟာ နိုင်ငံရေး ထွက်ပေါက်လိုလိုနဲ့ နိုင်ငံရေးပါတီတစ်ခုကို နိုင်ငံရေးအရ ယှဉ်ပြိုင်နိုင်ဖို့ အရည်အချင်း မရှိတဲ့ သူတို့ရဲ့ အငုံ့စိတ်ကို ဝမ်းသာအားရ ဖော်ပြတတ်ကြတယ်
ကျုံးသွင်းခံရတာကိုလည်း
သိပ်ပျော်တတ်ကြပုံ ရတယ် ...
စစ်ချီတေး သိပ်နားထောင်ချင်ရင်
You Tube က ကိုယ့်ဟာကိုယ် ဒေါင်းပြီး
နားထောင်ကြဖို့ တိုက်တွန်းလိုတယ် ....
×××××××××××××××××××××
သမိုင်းတစ်လျှောက်
ဖြတ်သန်းမှုကို ပြန်ကြည့်ရင်
မြန်မာစစ်တပ်ဟာ ...
အိမ်နီးချင်း ထိုင်းစစ်တပ်လို
ဘုရင်ကို ကျောထောက်နောက်ခံပြုပြီး
အားတိုင်း အာဏာထသိမ်းတတ်တဲ့
စစ်တပ် အမျိုးအစား မဟုတ်သလို ...
အသိုင်းအဝိုင်းတစ်ခု
လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက်
အကျိုးစီးပွား တစ်ခုခု အတွက်
အာဏာ ထသိမ်းတဲ့ စစ်တပ်အမျိုးအစားလည်း မဟုတ်ဘူး ဆိုတာပဲ ...
ထဲထဲဝင်ဝင် ပါဝင်လာရင်လည်း
လွယ်လင့်တကူ ဆုတ်ခွာတတ်တဲ့
စစ်တပ် အမျိုးအစား မဟုတ်ဘူး ဆိုတာပဲ ....
××××××××××××××××××××
မြန်မာပြည်က စစ်ဖက်အာဏာသိမ်းမှုဟာ
အတော်ကြီး ထိန်းမနိုင် သိမ်းမရ
အခြေအနေတစ်ခုခု ဖြစ်မှသာ ပေါ်ပေါက်တတ်တယ် ...
မြန်မာစစ်တပ်ရဲ့
အိုင်ဒီယိုလော်ဂျီပိုင်းအရကိုက
ဒီအတိုင်း ခံယူထားတတ်တယ် ...
သူ့ အိုင်ဒီယိုလော်ဂျီပိုင်းကိုလည်း
တစုံတစ်ယောက်အပေါ် အသင်းအပင်းတစ်ခုခုအပေါ် မှီခိုထားတာ မဟုတ်သလို
သူခံယူထားတဲ့
ရပ်တည်မူ့အပေါ်လည်း
ခိုင်ခိုင်မာမာ ရပ်တတ်တယ် ...
×××××××××××××××××××××
နောက်ပြီး မြန်မာစစ်တပ်ဟာ
ပြည်ပဖိအားကို ပြည်တွင်းဖိအားလောက်
သိပ်ဂရုစိုက်လေ့ မရှိဘူး ...
လက်ရှိ မြန်မာ့နိုင်ငံရေးမှာ
တပ်အပေါ် ကျရောက်နေတဲ့ ပြည်တွင်းဖိအားဟာ အရင်ကလို မဟုတ်ပဲ နည်းတယ် ...
တပ်ကို နိုင်ငံရေးအရ
အရင်က ယှဉ်ပြိုင် ဖိအားပေးနိုင်တဲ့
အသင်းအပင်းတွေ အားနည်းသွားတာ ...
တပ်အပေါ် လူထု ထောက်ခံမှု
အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်လာတာတွေက
တပ်အတွက် လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ အတော် သက်တောင့် သက်သာရှိနေတယ် ....
လက်ရှိဖွဲ့စည်းပုံအရ
တပ်ဟာ သူပါဝင်ခွင့်ရနေတဲ့
အချိုးအစားအပေါ် လုံလောက်တယ်လို့လည်း ယုံကြည်ထားပြီး ဖြစ်ဟန်တူပါတယ် ....
××××××××××××××××××××
တချို့ကတော့
လာမယ့် ရွေးကောက်ပွဲတွေမှာ
တပ်နဲ့ နိုင်ငံရေးအရ အဓိက အတွန်းအတိုက်ရှိနေတဲ့ လက်ရှိ အာဏာရပါတီ အနိုင်ဆက်ရသွားနိုင်ခြေရှိရင်ရောလို့ မေးစရာ ရှိနိုင်တယ် ...
ရာခိုင်နှုန်း အများစု နေရာရထားတဲ့
လက်ရှိအနေအထားမှာတောင် တပ်အပေါ် နိုင်ငံရေး အသာစီးမရနိုင်တော့တဲ့ အခြေအနေမှာ
နောက် ရွေးကောက်ပွဲတဆက်မှာ
လက်ရှိအာဏာရပါတီက ထပ်နိုင်ရင်တောင် မှုစရာအခြေအနေ မရှိတော့ဘူး ....
၂၀၁၅ အကူးအပြောင်းလို
လက်ရှိအာဏာရပါတီကြီးလည်း
နေရာအများစု ရနိုင်စရာလည်း မရှိတော့ဘူး ...
ဒီတော့ စစ်တပ်က
ဘာလို့ သူ့အပေါ်ဖိအားတွေ အတင်ခံပြီး
လူထုထောက်ခံမှု အကျခံပြီး
အာဏာသိမ်းနေစရာလိုမှာလဲ ....
နောက်ပြီး စစ်တပ်ဟာ
ရခိုင်အရေးမှာ သူ့ရပ်တည်ချက်ကြောင့်
ပြည်ပ ဖိအားတွေ များလာပေမယ့်
ပြည်တွင်း ထောက်ခံမှု မြင့်တက်လာတဲ့
အခြေအနေကို ရနေတယ် ...
ပြည်ပက ဖိအားများလေ
ပြည်တွင်းက ထောက်ခံမှုကို
ရလာလေလေပဲ ...
×××××××××××××××××××
လက်ရှိ အခြေအနေမှာ
အာဏာသိမ်းစေချင်နေတာက
လူထုထောက်ခံမှု လျော့ကျလာတဲ့
ရေရှည် မြန်မာ့နိုင်ငံရေးမှာ ဘေးထွက်ထိုင်ရဖို့ အခြေအနေများလာနေတဲ့ သူတွေကသာ ဒီလိုအခြေအနေကို တောင့်တနေကြတာ ...
အဲ့ဒီအထဲမှာ
အရင်က အနာဖေး ခွာစားပြချင်သူတွေ..
ဇာတ်နာစေချင်သူတွေ ပါသလို ...
စစ်တပ်ကို သူတို့နဲ့တသားထဲ ဆိုပြီး
ပါတနာ လုပ်ချင်နေတဲ့ နိုင်ငံရေး ဇတ်ပျက်တွေလည်း ပါတယ် ...
ဒါ့ကြောင့် အခါတော်ပေးသံ တညံညံကို
အားလုံးက ပျော်ပျော်ကြီး လေဖမ်းဒန်းစီးနေကြတာ
ဒီအခြေအနေမှာ
တဖက်က တပ်ကို လှုပ်ခတ်စေဖို့
ဖွဲ့စည်းပုံပြင်ရေးဆိုတဲ့ ခဲလုံးနဲ့ ကန်ရေပြင်ကို ပစ်ကြဖို့
နောက်ဆုံး အားထုတ်နိုင်လိမ့်မယ် ...
တဖက်ကလည်း ဆန့်ကျင်သလိုလိုနဲ့ ပင့်ပေးပေါ့ ...
ခဲ အကြီး အသေးအပေါ် မူတည်ပြီး
ဂရက် အကြီး အသေး ကွာခြားမှာပါ ...
'ပလုံ'ဆိုတဲ့ အသံလောက်ပဲ
မြည်မယ့် ခဲလောက်နဲ့တော့
ကာလနဂါး မနိုးတတ်ဘူးလို့ မြင်တယ် ....
×××××××××××××××××××××
ချွင်းချက်အနေနဲ့
လက်ရှိအနေအထားအပေါ်
မကျေလည်မှုတွေ ကျယ်ပြန့်လာရင်ရောလို့ မေးစရာရှိတယ် ...
လူတစ်ယောက်ရဲ့
အမျိုးသားထုတ်ကုန်တန်ဖိုး
ဒေါ်လာတစ်ထောင်အောက်မှာ ရပ်တည်နေရတဲ့တိုင်းပြည်တွေဟာ နောက်ကြောင်းပြန်လှည့်နိင်တယ်လို့ ပညာရှင်တွေက ဆိုထားကြတာလည်း ရှိတယ် ...
ကျနော့် အမြင်တော့
အတော့်ကို ရာခိုင်နှုန်း နည်းတယ် ...
အခြေအနေတွေက
နောက်ပြန်လှည့်စေမယ် ဆိုရင်တောင်
တာဝန်ပေးလို့ ခဏယူရတာပါ ဆိုတဲ့
တစ်လှမ်း နှစ်လှမ်းထက် ပိုမယ် မထင်ဘူး ...
လက်ရှိအခြေအနေကတော့
တမင် နှပ်ကြောင်းပေး ဖွနေတာ သက်သက်ပဲ ...
Credit- Chan Thar Toe
Monday, April 23, 2018
Zaw Rayin;
သူလျို နှင့် သစ္စာဖေါက်
ရခိုင်ပြည်နယ် မောင်တောမြို့ နယ်အင်းဒင်မှာ ကုလား-၁၀-ယောက် အသတ်ခံရတယ် ။ အဲဒီကုလားတွေကို မသတ်ခဲ့ ရင် ရခိုင်လူမျိုးစုနွယ်ကို သူတို့ က သတ်မှာ ဆိုတာ တွေးကြည့်ရင်တောင် သိသာတယ် ။
အမှုအခင်းဖြစ်နိုင်တဲ့ ဖြစ်စဉ်ကို ပြောတာ ။
---------------
ဒီလိုသတင်းကို တကူးတက မွှေနောက်ရှာဖွေယူတဲ့  သတင်းထောက်နှစ်ယောက်နဲ့  ပတ်သက်လို့ ပြောချင်တယ် ။
သတင်းထောက်ဆိုတာ ပြည်တွင်းသတင်းထောက်နဲ့  ပြည်ပ သတင်းထောက်ဆိုတာ ရှိတယ် ။
ပြည်တွင်းသတင်းထောက်တွေက အစိုးရနဲ့  မပွတ်တိုက်စေတဲ့  သတင်းတွေကို ရေးသားတင်ပြကြတဲ့  အခြေအနေမှာ နေတတ်ကြတယ် ။
ပြည်ပသတင်းထောက်တွေကတော့  သူတို့ ဟာ ဒေါ်လာစားရမဲ့ ဟာကိုသာ ထည့်တွက်ပြီး ရေးသားတင်ပြကြတဲ့  အနေအထားမှာ ရှိကြတယ် ။
အဲလိုထည့်တွက်ကြတာကြောင့် အင်းဒင်ပြသနာဟာ သူတို့ နှစ်ယောက်အတွက် နိုင်ငံနဲ့ လူမျိုးကို သူလျို ဖြစ်သွားမှန်းမသိ ဖြစ်သွားပြီး နိုင်ငံနဲ့ လူမျိုးကို သစ္စာဖေါက်ရာ ကျသွားတယ် ။
စစ်အစိုးရလက်ထက်က ကျွန်တော်တို့ ဟာ အင်္ဂါ့ ဝိဇ္ဖာ သမားလိုဘဲ မြန်မာနိုင်ငံအတွင်းက သတင်းလေးအစတခုခုရပြီဆိုရင် ဇတ်လမ်းပမာ အသံလွှင့်ပြီး ရေဒီယိုက ထုတ်လွှင့်ခဲ့ တယ် ။
DVB-မှာ ဆယ်နှစ်ဆယ်မိုးနီးနီး ကျွန်တော်ဟာ အပတ်စဉ် စနေနေ့ တိုင်း ရေဒီိယို ဇတ်လမ်းပမာကို ရေးသားထုတ်လွှင့်ခဲ့ တယ် ။
ဒါက ပြည်ပက နေပြီး နိုင်ငံရေးသမားတွေရဲ့  အနေအထားဖြစ်တယ်။
ခေတ်က စစ်အစိုးရခေတ်ကိုး ။
-------------
ခုအချိန်မှာ အရပ်သားဒီမိုကရေစီအစိုးရဖြစ်နေပြီ ။
ပြည်ပကနေပြီး အစိုးရကို ဖြုတ်ချဖို့ -တော်လှန်ဖို့  မရေးကြ-မပြောကြတော့ သလို ပြည်တွင်းကနေပြီး အစိုးရကို တော်လှန်ဖို့ -ဖြုတ်ချဖို့  သတင်းတွေလဲ ပေးစရာမလိုသလို -ဘာမှလဲ လုပ်စရာ မလိုတော့ ဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေတောင် လက်နက်ချမဲ့  -NCA-အပစ်အခပ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနေကြတဲ့  အဖွဲ့ တွေတောင် ရှိလာနေကြပြီကိုး ။
ဒီတော့ ခါ အစိုးရကို သိက္ခာကျစေပြီး -နိုင်ငံတကာ တံထွေးခွက်မှာ ပက်လက်မျောစေဖို့  သတင်းတွေကို ရှာရှာဖွေဖွေလိုက်လံယူပြီး ပြည်ပသတင်းဋ္ဌာနကို ပေးပို့ ခြင်းဟာ မီဒီယာတွေရဲ့  အလုပ်လားဆိုတာ ထည့်တွက်ဖို့ လိုလာတယ် ။
မီဒီယာကောင်းသမားတွေဟာ အဲဒီလို မှုခင်းသတင်းတွေကို စိတ်ဝင်စားပြီး ရေးသားတတ်တယ်ဆိုရင် ဘာဖြစ်လို့ များ ဟိန္ဓူ လူမျိုး -၁၀၀- ကျော်ကို သတ်ဖြတ်ပုံနဲ့  ကျန်ရစ်တဲ့  မိသားစုဝင်များကို တွေ့ ဆုံမေးမြန်းခြင်းနဲ့  ကမ္ဘာကျော်အောင် သတင်းများကို ဘာဖြစ်လို့ မရေးသားကြတာလဲ ။
ဒါတွေဟာ အဖြေပါဘဲ ။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးဘက်က မရပ်တည်ဘဲ မြန်မာနိုင်ငံကြီး ပျက်စီးသွားမဲ့  သတင်းမျိုးကို ရေးသားပေးပို့ တာဟာ သူလျိုတို့ ရဲ့ အလုပ်-သစ္စာဖေါက်တို့ ရဲ့ အလုပ်သာဖြစ်တယ် ။
တော်လှန်ရေးအဖွဲ့ အစည်း-နိုင်ငံရေးအဖွဲ့ အစည်းတွေကို သတင်းများပေးပို့ ခြင်းဟာ သူလျှို သို့ မဟုတ် သစ္စာဖေါက် မဟုတ်ဘဲ စနစ်ဆိုးကို ဖျက်သိမ်းဖို့  အမျိုးချစ်တဲ့ လုပ်ရပ်ဖြစ်တယ် ။
-----------------
သူတို့ သတင်းသမားနှစ်ယောက်ကို ရဲက ဖမ်းဆီးတဲ့ အခါမှာ ဒုရဲမှူးးက တရားလိုပြ သက်သေထွက်ဆိုရာမှာ ထောင်ချောက်ဆင်ဖမ်းဆီးတာလို့  တရားရုံးမှာ ထွက်ဆိုသွားတာ တွေ့ ရတယ် ။
ရဲဆိုတာ တရားခံကို ဖမ်းဖို့ အတွက် နည်းလမ်းပေါင်းစုံနဲ့  ထောက်လှမ်းဖမ်းဆီးရတယ် ဆိုတာ လူတိုင်းနားလည်တယ် ။
ခုလိုဖမ်းဆီးမိခဲ့ တာဟာ အထက်က တာဝန်ပေးချက်အရ ဖမ်းဆီးတာဘဲဖြစ်တယ် ။ မဖမ်းဆီးချင်ဘူးဆိုရင် အမိန့် တာဝန်ကို မလိုက်နာဘဲ နေခဲ့ လို့ ရတယ် ။ ဆင်ခြေဆင်လက်ပေးလို့  တာဝန်ကို ပျက်ကွက်ခဲ့ လို့ ရတယ် ။
ဒုရဲမှူးးမိုးရန်နိုင်ဟာ ရဲအမှုထမ်းကောင်း တယောက်လဲ မဟုတ်သလို သစ္စာဖေါက်လို တယောက်ဖြစ်သွားတယ် ။
ရဲဆိုတာ တရားခံတယောက်ကို သူခိုးလိုလို ဂျပိုးလိုလို အရူးလိုလို ဘုန်းကြီးလိုလို ဖါကောင်းလိုလို သူဋ္ဌေးလိုလို ဆင်းရဲသားလိုလို အယောင်ဆောင်ပြီး စုံစမ်းထောက်လှမ်း ဖမ်းဆီးရတယ် ။
ဆေးလိပ်တိုကအစ-သတင်းစာဖြတ်ပိုင်းကအစ- လက်ရာခြေရာကအစ- အင်ကျီင်္ကြယ်သီးကအစ-သဲလွန်စတွေကို ရှာဖွေတတ်ကြတဲ့  စုံထောက်ကြီးတွေဟာ အမှုလိုက်ရာမှာ နာမည်ကြီးကြတာပါဘဲ ။
ဒုရဲမှူးးကြီး မိုးရန်နိုင်ဟာ သူ့ အလုပ်ကို သူတာဝန်ထမ်းဆောင်ခဲ့ တယ်လို့  မထင်မှတ်ဘဲ- တရားခံတယောက်ကို ဖမ်းဆီးရတာဟာ နိုင်ငံတော်နဲ့  လူမျိုးတွေအတွက် အန္တာရယ်ကြီးတခုကို ကာကွယ်စောင့်ရှောက်ခဲ့ တယ်လို့  မတွေးဘဲ ကုလားများဆီက ဒေါ်လာရလိုဇေါ်နဲ့  မျှော်ကိုးနေတယ် ဆိုတာ ထင်ရှားနေတယ် ။
--------------
သူလျှိုနဲ့  သစ္စာဖေါက်ဆိုတာ ပြည်ပကို သတင်းပေးပို့ သူများနဲ့  နိုင်ငံနဲ့ လူမျိုးကို ပျက်စီးစေမဲ့ သူများကို ခေါ်ဆိုတာ ဖြစ်တယ် ။
Friday, February 23, 2018
Zaw Rayin;
၁။ ဂွတာနာမို အကျဉ်းစခန်းဆိုတဲ့ နာမည်ကို အနည်းနဲ့ အများ အားလုံးကြားဖူးပြီး ဖြစ်မှာပါ ။ ဂွတာနာမိုဟာ ကျူးဘားက အမေရိကန်ရေတပ်စခန်းမှာဖွင့်ထားတဲ့  အမေရိကန် အကျဉ်းစခန်းပါ ။ အမေရိကန်စစ်တပ်ရဲ့  အုပ်ချုပ်မှုအောက်မှာ ရှိတယ်လို့  အကျဉ်းဖျဉ်းသိရပေမယ့် အကျဉ်းစခန်းကို CIA ကပဲ Run နေတဲ့  သဘောရှိပါတယ် ။
ဒီအကျဉ်းစခန်းကို သမ္မတ ဘွတ်ရှ် လက်ထက် ၂၀၀၂ မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။ သမ္မတ အိုဘားမား မတက်လာခင် မဲဆွယ်ချိန်မှာ ဒီစခန်းကို ပိတ်ပြစ်မယ်လို့ ကတိပြုခဲ့ပေမယ့် မပိတ်နိုင်ခဲ့ဘဲ စည်းကမ်းကိုပဲ တင်းကျပ်နိုင်ခဲ့ပါတယ် ။
လက်ရှိ သမ္မတဒေါ်နယ်ထရမ့် တက်လာချိန်မှာတော့ ဒီ အကျဉ်းစခန်းကို ဆက်လက်ဖွင့်လှစ်ထားရှိမယ် ဖြစ်ကြောင်း တရားဝင် လက်မှတ်ရေးထိုးကြေငြာခဲ့ပါတယ် ။
---------------------------------------
၂။ ဂွာတာနာမို အကျဉ်းစခန်းရဲ့ အဓိကတာဝန်က ဘာလဲဆိုလျှင် သတင်းစုဆောင်းတာ ဖြစ်ပါတယ် ။ အဲဒီ အကျဉ်းစခန်းမှာ ရှိတဲ့  အကျဉ်းသားတွေဟာ ရုံးတင်တရားစွဲဆိုခြင်း မခံရဘဲ နှစ်ရှည်လများ နည်းမျိုးစုံနဲ့  စစ်ကြောရေးလုပ်ပြီး သတင်းတွေ ညှစ်ယူခံရပါတယ် ။
အကျဉ်းသားတစ်ယောက်ကို ရုံးတင်တရားမစွဲဘဲ နှစ်ရှည်လများ ဒီလို စစ်ကြောဖို့ ဆိုတာ အမေရိကန်ရဲ့  တည်ဆဲဥပဒေတွေအရ အမေရိကန်မြေပေါ်မှာ လုပ်လို့ မရပါဘူး ။ ဒါကြောင့်လဲ အမေရိကန်အစိုးရက ဒီအကျဉ်းစခန်းကို ကျူးဘားမှာ လာဖွင့်ပြီး စိတ်တိုင်းကျ စစ်ကြောရေး လုပ်နေတာ ဖြစ်ပါတယ် ။
ကမ္ဘာအနှံ့ အပြားက CIA ရဲ့  အော်ပရေးရှင်းတွေမှာ ဖမ်းဆီးခံရသူ အတော်များများဟာ ဒီအကျဉ်းစခန်းထဲကို ရောက်သွားကြတယ်လို့  ယူဆကြရပါတယ် ။ သို့ သော် ဒီစခန်းနဲ့  ပတ်သက်လို့  သတင်းအများစုကတော့ ထုံးစံအတိုင်း အတည်ပြုလို့  ရခဲပါတယ် ။ အကျဉ်းစခန်းထဲမှာ ဘယ်သူတွေရှိတယ်ဆိုတာ မသိရသလို ဘာတွေဖြစ်နေတယ်ဆိုတာလဲ ဘယ်သူမှ မသိရပါဘူး ။
တိတိကျကျ ပြောလို့ ရတာက တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ ဒီအကျဉ်းစခန်းဟာ သမ္မတ သုံးဆက်တိုင်တိုင် ပန်းပန်လျှက်ရှိဆဲဆိုတဲ့  အချက်ကိုပါပဲ ။
--------------------------------------------
၃။ ကျွန်တော် အဓိကပြောလိုတာက ဂွာတာနာမို အကျဉ်းစခန်း အကြောင်းမဟုတ်ပါဘူး ။ ကျွန်တော်ပြောချင်တာက အမေရိကန်အစိုးရက ထောက်လှမ်းရေးသတင်းရဖို့  ဘယ်လောက်အလေးထားတယ်ဆိုတဲ့  ကိစ္စကို ထောက်ပြလိုတာပါ ။
ကမ္ဘာ့  စစ်အင်အားအကြီးဆုံးနိုင်ငံ ၊ ထောက်လှမ်းရေးဂြိုလ်တုတွေ အများကြီးလွှတ်တင်ထားပြီး ကမ္ဘာ့ နေရာအနှံ့ အပြားကို မျက်ချေမပြတ်စောင့်ကြည့်နေတဲ့ နိုင်ငံ ၊ တစ်ကမ္ဘာလုံးမှာ ပြောဆိုနေတဲ့  အများသုံးဖုန်းလိုင်းတွေကို ကြားဖြတ်ဖမ်းယူနားထောင်လေ့ရှိတဲ့  နိုင်ငံ ။
ဒီလို နိုင်ငံမျိုးကတောင် သတင်းရဖို့  အတွက် ကမ္ဘာမှာ နာမည်အပျက်ခံပြီး ဒီနာမည်ဆိုး အကျဉ်းစခန်းကို ခပ်တည်တည်နဲ့ ဆက်ဖွင့်ထားတဲ့ ကိစ္စကို ထောက်ပြနေတာပါ ။
------------------------------------
၎။ ထောက်လှမ်းရေးသတင်းဆိုတဲ့  ကိစ္စဟာ ဖြစ်လာမှ သတင်းထလိုက်လို့  ရတာ မဟုတ်ပါဘူး ။ ထောက်လှမ်းရေးကွန်ယက်ကို နဂိုတည်းက တည်ဆောက်ထားရတာ ဖြစ်ပါတယ် ။
သတင်းပေးတွေ သတင်းအရင်းအမြစ်တွေကို စနစ်တကျမွေးမြူထားပြီး နေ့ စဉ်လိုလို တက်လာသမျှ သတင်းတွေကို ကျွမ်းကျင်သူ ထောက်လှမ်းရေးအရာရှိတွေက ဆက်စပ်ပုံဖော်ပြီး သတင်းကို တည်ဆောက်ယူရတာပါ ။ ဒါမှလဲ အချက်အလက်တိကျတဲ့  ထောက်လှမ်းရေးသတင်းတွေကို ရယူနိုင်တာ ဖြစ်ပါတယ် ။
ထောက်လှမ်းရေးသတင်းတွေ အားကောင်းခိုင်မာဖို့ ဆိုလျှင် သတင်းရယူနိုင်တဲ့  နည်းစနစ်တွေကို အစိုးရအနေနဲ့  လွှတ်တော်အနေနဲ့  အားပေးကူညီ ပံ့ ပိုးဖို့ လိုပါတယ် ။
နောက်ဆုံး ကုန်ကုန်ပြောရလျှင် မကူညီတောင် မနှောက်ယှက်ဖို့ လိုပါတယ် ။ ဘယ်လို မနှောက်ယှက်ဖို့ လိုလဲဆိုလျှင် ဥပဒေတွေ အမိန့် တွေ ထုတ်ပြီး ထောက်လှမ်းရေး သတင်းရယူမှုစနစ်ကို အနှောက်အယှက်မပြုဖို့  လိုပါတယ် ။
----------------------------------------
၅။ ကျွန်တော်တို့ တိုင်းပြည်ရဲ့  ထောက်လှမ်းရေးအဖွဲ့ အစည်းတွေမှာ ဂြိုလ်တုတွေ မရှိပါဘူး ။ ဒရုန်းတွေ ၂၄ နာရီသုံးပြီးလဲ မထောက်လှမ်းနိုင်ပါဘူး ။ အနီအောက်ရောင်ခြည်သုံး ညဘက်ထောက်လှမ်းရေး ကိရိယာတွေလဲ မရှိပါဘူး ။ ကျွန်တော်တို့ ရဲ့ ထောက်လှမ်းရေးစနစ်က ကိုယ့်ရှိတဲ့  အရင်းအမြစ်နဲ့  အလုပ်ဖြစ်အောင် တည်ဆောက်ထားတဲ့  စနစ်ပါ ။
အားမနာစတမ်းပြောရလျှင် အမေရိကန်လို တိုင်းပြည်က ဂွာတာနာမို အကျဉ်းစခန်းကို သမ္မတသုံးဆက် ဆက်ဖွင့်ထားချိန်မှာ ကျွန်တော်တို့ လို ဇီးရွက်လောက် တိုင်းပြည်က လူ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆန်မရှိ စောက်စားကြီးတဲ့  နိုင်ငံဖြစ်နေပါတယ် ။
ကျွန်တော်ထင်ပါတယ် ။ တစ်ခြားနိုင်ငံက ထောက်လှမ်းရေးတွေနဲ့ တွေ့ လို့  ထောက်လှမ်းရေးအချင်းချင်း စကားစမြည်ပြောကြတဲ့ အခါ ငါတို့ ဆီမှာ ဂြိုလ်တုတွေ ဒရုန်းတွေနဲ့ လဲ မထောက်လှမ်းနိုင်ဘူး ။ နေရာတိုင်းမှာ CCTV ရှိလားဆိုတော့လဲ မရှိဘူး ။ လူတစ်ယောက်ကို နောက်ယောင်ခံလို့ လဲ မရဘူး ။ ဓာတ်ပုံရိုက်ထောက်လှမ်းလျှင်လဲ ရိုက်တဲ့ သူ ထောင်ကျသွားနိုင်တယ် ။
တစ်ခါ ညအိပ်ညနေ လူစိမ်းအ၀င်အထွက်တွေလဲ ငါတို့ စိစစ်ခွင့် မရှိဘူး ။ စစ်ခွင့်မရှိလို့  ငါတို့ Data Base က လူတစ်ယောက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း အလွယ်တကူပြောနိုင်လားဆိုတော့လဲ မပြောနိုင်ဘူးလို့ ရှင်းပြလျှင် တစ်ဘက်က ထောက်လှမ်းရေးသမားဟာ What the hell ချင်း မိုးမွှန်အောင် စိတ်ပျက်လက်ပျက် ညည်းတွားလိမ့်မယ် ထင်ပါတယ် ။
---------------------------------
၆။ မနှစ်က အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမီးရှို့ တဲ့  အဖွဲ့ ကို အကြမ်းဖက်အဖွဲ့ အဖြစ်ကြေငြာပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာကို မှတ်မိကြအုန်းမယ် ထင်ပါတယ် ။ နိုင်ငံရေးအခြေအနေတွေအရ ဒီအဆို အရေးနိမ့်ခဲ့ပါတယ် ။ အရေးနိမ့်တဲ့ အတွက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ အဖွဲ့ တွေဟာ အကြမ်းဖက်အဖွဲ့  အဖြစ် မသတ်မှတ်ခံရပါဘူး ။
အကြမ်းဖက် အဖွဲ့ မဖြစ်တော့လဲ ဘာဖြစ်လဲ ။ ကိုယ့်ဖာသာကိုယ် တိုက်စရာရှိတာ တိုက်ပေါ့လို့ စောဒကတက်ကောင်းတက်နိုင်ပါတယ် ။
ဟုတ်ကဲ့  ... အကြမ်းဖက်အဖွဲ့  မဟုတ်တဲ့ အတွက် နိုင်ငံတကာ NGO တွေက လွတ်လွတ်လပ်လပ် ဆက်သွယ်လို့ ရနေပါတယ် ။ ငွေကြေးလွှဲပြောင်း စီးဆင်းမှုတွေကလဲ အလွယ်တကူ စီးဆင်းလို့ ရနိုင်ပါတယ် ။ နိုင်ငံတကာ ခရီးသွားလာခွင့်တွေ ၊ နိုင်ငံတကာ အထောက်အပံ့ တွေကလဲ အခက်အခဲမရှိ လွယ်လွယ်ကူကူ ကြိုးပမ်းလို့ ရနေနိုင်ပါတယ် ။
ဆိုလိုတာက အကြမ်းဖက်အဖွဲ့ အစည်းနဲ့  အကြမ်းဖက်အဖွဲ့ အစည်းမဟုတ်တာ သိပ်ကွာပါတယ် ။ အစိုးရက အကြမ်းဖက်အဖွဲ့ လို့ တရားဝင်ထုတ်ပြန်ထားတဲ့ အဖွဲ့ ဟာ ဖေ့စ်ဘုတ်စာမျက်နှာတောင် တရားဝင်ထောင်ခွင့်ရဖို့ ခက်ပါတယ် ။
လက်နက်မှောင်ခို ၀ယ်တာတောင်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆိုတာနဲ့  အကြမ်းဖက်အဖွဲ့  ဆက်ဆံခံရတာချင်း ကွာပါတယ် ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ က မောင်းပြန်သေနတ်တစ်လက်ကို ဒေါ်လာတစ်ထောင်နဲ့  ၀ယ်လို့ ရလျှင် အကြမ်းဖက်အဖွဲ့ က ဒေါ်လာတစ်သောင်းပေးဝယ်ရပါလိမ့်မယ် ။
-------------------------------------
၇။ လက်ရှိ တိုင်းပြည်ရဲ့  အနေအထားဟာ အကြမ်းဖက် ဖောက်ခွဲရေးအဖွဲ့ မဆိုထားနဲ့  ။ သာမန် ရာဇ၀တ်ကောင်ကိုတောင် အလွယ်တကူ ဓာတ်ပုံလိုက်မရိုက်ရဲ မထောက်လှမ်းရဲ ဖြစ်နေတဲ့  အနေအထားပါ ။ အခန့် မသင့်လျှင် အစိုးရသစ်ရဲ့  ဥပဒေသစ်တွေမှာ ရာဇ၀တ်ကောင်က နားမကားပဲ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေသာ နားကားနိုင်တဲ့ အနေအထား ဖြစ်နေပါတယ် ။
ကျွန်တော်တစ်ခုမေးပါရစေ ။ ခင်ဗျားတို့ ပြဋ္ဌာန်းလိုက်တဲ့  ပယ်ဖျက်လိုက်တဲ့  ဥပဒေတွေရဲ့  အောက်မှာ ရှမ်းပြည်မြောက်ပိုင်း သူပုန်အလွယ်တကူ ၀င်ထွက်နိုင်တဲ့  မြို့ တစ်မြို့  ရပ်ကွက်တစ်ခုရဲ့  လူစိမ်းအ၀င်အထွက်ကို လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ ဘယ်လိုများ စောင့်ကြည့်နေရတယ်လို့  ဥပဒေပြု အမတ်တွေ နက်နက်နဲနဲ စဉ်းစားကြည့်ဖူးပါသလား ။
အစိုးရသစ်ရဲ့  ဆန်မရှိပဲ စောက်စားကြီးချင်တဲ့  ပြသနာဟာ ၀န်ကြီးဌာနတွေ ဖျက်ပြစ်တဲ့ ကိစ္စ ၊ ဒုဝန်ကြီးတွေ မခန့် ဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကိစ္စတွေမှာ အထင်အရှား မြင်တွေ့ ခဲ့ပြီးပါပြီ ။
---------------------------------------
၇။ အစိုးရသစ်တက်ခါစမှာ အထပ်မြင့် အဆောက်အအုံကိစ္စနဲ့  တိုင်းပြည် ၀မ်း ကို မဆင်မခြင်ဖောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ် ။
အခုနောက်ထပ်ပြုခဲ့တဲ့  ဥပဒေအသစ်တွေ ပယ်ဖျက်ခဲ့တဲ့ ဥပဒေအဟောင်းတွေနဲ့  တိုင်းပြည်ရဲ့  နား နဲ့  မျက်စိကို ထပ်ဖောက်သလို မဖြစ်ပါစေနဲ့ လို့ သာ ဆုတောင်းပါတယ် ။
ခင်ဗျားတို့  ဦးထိပ်ထားတဲ့  လူ့ အခွင့်အရေးကြီး ကျန်းမာချမ်းသာပါစေ ။
မနေ့ က ဗုံးခွဲတိုက်ခိုက်မှုမှာ အသက်ပေးလိုက်ရတဲ့  ပြည်သူနှစ်ယောက်လဲ ကောင်းရာသုဂတိ လားပါစေ ။
-------------------------------------
ရဲမိုး
Subscribe to:
Posts (Atom)